ပန်းပျိုးသူတစ်ယောက်ရဲ့
အနုစိတ်လက်ရာကို
နားမလည်နိုင်ခဲ့တဲ့ နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ …..
ရယ်မောနေမှာပါ…
ငါကတော့ ခပ်စိမ်းစိမ်း
အတိတ်လေးကိုပဲ…
အိပ်မက်ဥယျာဉ်မှာ
စိုက်ပျိုးနေခဲ့တယ်…
အနမ်းတွေ ပွင့်မလာပေမယ့်
အလွမ်းတွေရရုံနဲ့ တင်
ငါဟာကြေနပ်ခဲ့ရသူပေါ့…
ဒါပေမယ့်လေ…
နွေဟာ နွေဆန်ဆန်ပဲ
ခြောက်သွေ့ ခဲ့ပေမယ့်
ရင်ခွင်တစ်ခုလုံး စွတ်စိုခဲ့တယ်
နင်ဆိုတာကိုချစ်တတ်ဖို့ လည်း
ငါ့ကိုယ်ငါ သစ္စာဖောက်
ဖြစ်ခဲ့ဖူးတယ်…..
နင့်အမှန်တရား…..
ငါ့အမှန်တရား…..
အားလုံးအားလုံးကို
ငါ ချပြမနေတော့ပါဘူး
တချို့သောအမှန်တရားတွေက
ဘယ်လိုပဲမှန်မှန်…..
လက်ခံလို့ မဖြစ်နိုင်ဘူးဆိုတာ
ငါ ရင်နာနာနဲ့ သိခဲ့ပါပြီ…
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
မဟုတ်ပေမဲ့ အတိတ်ဘ၀ရဲ့
ရေစက်တော့ ရှိခဲ့ကြမှာပေါ့…
နောက်နေ့ …..
နောက်ည……
ဘယ်လိုပဲပြောင်းလဲပြောင်းလဲ
နင်ဆိုတာကို အဆုံးသတ်ဖို့ 
မဖြစ်နိုင်တော့ပါဘူး…..
ပန်းဝတ်မှုံတွေ ထုံသင်းနေမယ့်
ငါ့ပျိုးပင်လေးရေ…..
မိုးနှောင်းမှာကြွေခဲ့ရတဲ့
ရွက်ဝါလေးကို…..
ရာသီအဆက်ဆက် ဆောင်ယူ
သွားပါ့မယ်……
လောလောဆယ်တော့
နင်တစ်ခါပြုံးတိုင်း…
တစ်ခါရှုံးခဲ့ရတဲ့ လူတစ်ယောက်ကို
ကံကြုံလို့ ပဲဖြစ်ဖြစ်…..
ကံဆုံလို့ ပဲဖြစ်ဖြစ်…..
ကြုံဆုံကြတဲ့အခါ…
မှတ်မိနေဖို့ ငါဆုတောင်းပါတယ်…
ရွက်ဝါလေးရေ……
နတ်ဆိုးတွေ တံခါးလာမခေါက်ခင်မှာ
နှုတ်ဆက်ဆုတောင်းပေါင်း များစွာ
ငါ ခြွေချခဲ့ပါတယ်…..
နင်…ပျော်နေပါစေ
ပျော်…နေပါ..စေ…
ပျော်..နေ..ပါ..စေ
ရွက်ဝါရေ…..
ရွှေကြယ်မိုး
အနုစိတ်လက်ရာကို
နားမလည်နိုင်ခဲ့တဲ့ နင်ဟာ
ပွင့်ဖူးခြင်းများစွာနဲ့ …..
ရယ်မောနေမှာပါ…
ငါကတော့ ခပ်စိမ်းစိမ်း
အတိတ်လေးကိုပဲ…
အိပ်မက်ဥယျာဉ်မှာ
စိုက်ပျိုးနေခဲ့တယ်…
အနမ်းတွေ ပွင့်မလာပေမယ့်
အလွမ်းတွေရရုံနဲ့ တင်
ငါဟာကြေနပ်ခဲ့ရသူပေါ့…
ဒါပေမယ့်လေ…
နွေဟာ နွေဆန်ဆန်ပဲ
ခြောက်သွေ့ ခဲ့ပေမယ့်
ရင်ခွင်တစ်ခုလုံး စွတ်စိုခဲ့တယ်
နင်ဆိုတာကိုချစ်တတ်ဖို့ လည်း
ငါ့ကိုယ်ငါ သစ္စာဖောက်
ဖြစ်ခဲ့ဖူးတယ်…..
နင့်အမှန်တရား…..
ငါ့အမှန်တရား…..
အားလုံးအားလုံးကို
ငါ ချပြမနေတော့ပါဘူး
တချို့သောအမှန်တရားတွေက
ဘယ်လိုပဲမှန်မှန်…..
လက်ခံလို့ မဖြစ်နိုင်ဘူးဆိုတာ
ငါ ရင်နာနာနဲ့ သိခဲ့ပါပြီ…
ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေ
မဟုတ်ပေမဲ့ အတိတ်ဘ၀ရဲ့
ရေစက်တော့ ရှိခဲ့ကြမှာပေါ့…
နောက်နေ့ …..
နောက်ည……
ဘယ်လိုပဲပြောင်းလဲပြောင်းလဲ
နင်ဆိုတာကို အဆုံးသတ်ဖို့ 
မဖြစ်နိုင်တော့ပါဘူး…..
ပန်းဝတ်မှုံတွေ ထုံသင်းနေမယ့်
ငါ့ပျိုးပင်လေးရေ…..
မိုးနှောင်းမှာကြွေခဲ့ရတဲ့
ရွက်ဝါလေးကို…..
ရာသီအဆက်ဆက် ဆောင်ယူ
သွားပါ့မယ်……
လောလောဆယ်တော့
နင်တစ်ခါပြုံးတိုင်း…
တစ်ခါရှုံးခဲ့ရတဲ့ လူတစ်ယောက်ကို
ကံကြုံလို့ ပဲဖြစ်ဖြစ်…..
ကံဆုံလို့ ပဲဖြစ်ဖြစ်…..
ကြုံဆုံကြတဲ့အခါ…
မှတ်မိနေဖို့ ငါဆုတောင်းပါတယ်…
ရွက်ဝါလေးရေ……
နတ်ဆိုးတွေ တံခါးလာမခေါက်ခင်မှာ
နှုတ်ဆက်ဆုတောင်းပေါင်း များစွာ
ငါ ခြွေချခဲ့ပါတယ်…..
နင်…ပျော်နေပါစေ
ပျော်…နေပါ..စေ…
ပျော်..နေ..ပါ..စေ
ရွက်ဝါရေ…..
ရွှေကြယ်မိုး
No comments:
Post a Comment