Showing posts with label တွဲသုံးနေကျအင်္ဂလိပ်စကားတွဲများ. Show all posts
Showing posts with label တွဲသုံးနေကျအင်္ဂလိပ်စကားတွဲများ. Show all posts

Sunday, March 22, 2015

ကျေးဇူးတင်ကြောင်းပြောကြားနည်းများ


  •  

  • Thanks နှင့် Thank you တို့ဟာ တစ်စုံတစ်ယောက်က သင့်အတွက် တစ်ခုခုပြောပေးခဲ့လို့ (သို့) တစ်ခုခု ပြုလုပ်ပေးခဲ့လို့ ထိုသူကို ကျေးဇူးတင်ကြောင်း ပြောရာတွင် အများသုံးတဲ့ ပုံမှန်အသုံးအနှုန်းဖြစ်ပါတယ်။

    သင့်ရဲ့ ကျေးဇူးတင်ရှိမှုကို လေးနက်စေလိုလျှင် (သို့) ပိုပြီး ယဉ်ယဉ်ကျေးကျေးရှိစေလိုလျှင် Thanks a lot, Thanks very much, Thank you very much (သို့) Thank you so much လို့ပြောနိုင်ပါတယ်။
    • Thank you for your kind words. (ကြင်နာတဲ့စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်)
    • You're looking well. (ခင်ဗျားကြည့်ကောင်းနေတယ်။) Thanks (ကျေးဇူးပဲ)
    • Thanks for dinner – it was great. (ညစာအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းကောင်းပါတယ်။)
    • Thanks a lot for all your help. (ခင်ဗျား အကူအညီအားလုံးအတွက် အရမ်းကျေးဇူးတင်ပါတယ်။)
    • Thanks very much for looking after the kids. (ကလေးတွေကို ကြည့်ပေးထားလို့ ကျေးဇူးအများကြီးတင်ပါတယ်။)
    Thanks a bunch သည် တစ်စုံတစ်ဦးအား သူ လုပ်ဆောင်ပေးတဲ့ အရာဟာ အကူအညီမဖြစ်ခဲ့ ကြောင်း (သို့) ညှာတာမှုမရှိတဲ့အကြောင်းကို သိစေလိုတဲ့အတွက် ငေါ့၍ပြောသော ကျေးဇူးတင်စကား ဖြစ်ပါသည်။ အရပ်သုံး (သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်ပါသည်။ Thanks a lot နှင့် Thanks very much တို့ကိုလည်း ဒီလိုငေါ့တော့တော့ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်။
    • You told Tony what said? Thanks a bunch! (မင်း တိုနီ့ကို ငါပြောတာကို ပြောလိုက်တယ်၊ အရမ်းကို ကျေးဇူးတင်တာပဲကွာ။)
    • Thank a lot for spoiling my evening. (ငါ့ရဲ့ ညနေခင်းကို ဖျက်စီးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်တယ်ကွာ။)

    Much obliged တစ်စုံတစ်ယောက်ကို သင့်အတွက် တစ်စုံတစ်ရာပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်းကို အခန့်နည်း (formal way)နဲ့ ပြောတာ ဖြစ်ပါတယ်။
    • I am much obliged to you for your patience during the recent difficulties. (ပြီးခဲ့တဲ့ အခက်အခဲအတွင်းက စိတ်ရှည်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။)

    You've saved my life နှင့် I owe you one တို့ကတော့ သင့်ကို ခက်ခဲတဲ့ အခြေအနေမှာ အကူအညီပေးခဲ့တဲ့ သူတစ်ဦးတစ်ယောက်ကို ရင်းနှီးတဲ့ သဘော (သို့) အရပ်သုံးနည်းနဲ့ ကျေးဇူး တင်တဲ့ အကြောင်းပြောတဲ့အခါ အသုံးပြုပါတယ်။ Cheers ကိုလည်း ဒီသဘောနဲ့ သုံးနိုင်ပါတယ်။ ၄င်းကတော့ ဗြိတိသျှ အသုံးအနှုန်းဖြစ်ပါတယ်။
    • Thanks for the lift. You've saved my life. (ကားကြုံခေါ်လာပေးတဲ့အတွက် ကျေးဇူးပဲ။ ကျွန်တော့် အခက်အခဲကို ခင်ဗျား ဖြေရှင်းလိုက်တာပဲ။)
    • Thanks a million. I owe you one (ကျေးဇူးကမ္ဘာပါ။ ခင်ဗျားအပေါ် ကျေးဇူးအကြွေးတင်သွား ပြီ။)
    • Here' the book you wanted to borrow. (ရောဒီမှာ ခင်ဗျား ငှားချင်တဲ့စာအုပ်။) Oh, Cheers (အော်၊ ကျေးဇူးပဲ။)

    You shouldn't (have) ကိုတော့ တစ်စုံတစ်ယောက်က သင့်ကို လက်ဆောင်ပေးလာတဲ့အခါမှာ သုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
    • Oh, Martin, what lovely flowers. You shouldn't have! (အို မာတင်ရယ်၊ လှလိုက်တဲ့ ပန်းတွေ။ အလကား ဒုက္ခရှာလို့ ယူလာတယ်ကွယ်။)

    You're too kind ကတော့ ကျေးဇူးတင်ကြောင်းကို ယဉ်ယဉ်ကျေးကျေး ပြောတာဖြစ်ပေမဲ့လည်း ဟန်ဆောင်တဲ့ပုံ၊ စိတ်ထဲကမပါဘဲ ပြောတဲ့ ပုံပေါက်နေတတ်ပါတယ်။
    • Thank you for saying that. You're too kind. (အဲဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က သဘောကောင်းလွန်းတယ်။)

    I'd like to thank
    …. ကိုတော့ မိန့်ခွန်းပြောတဲ့အခါမှာ ပရိသတ်ကို ကျေးဇူးတင်ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။
    • I'd like to thank everyone for coming along and supporting us today. (ဒီနေ့အားလုံး ကြွ ရောက်လာပြီး ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။)

    Many thanks ကိုတော့ စာတွေနဲ့ အီးမေး(လ်)တွေမှာ အသုံးပြုပါတယ်။ အခန့်သုံးနည်းဖြစ်ပါတယ်။
    • Many thanks for the lovely present. (လက်ဆောင်လှလှလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။)

    macmillandictionaryblog.com မှ Liz Potter ၏ Ways of saying thank you မှ ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။


    ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် အီဒီယမ် (၁၀) ခု


  •  

  • ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် လူသုံးများတဲ့ အီဒီယမ်တွေနဲ့ သူတို့ကို သုံးနှုန်းပုံ ဥပမာများကို လေ့လာကြပါစို့။

    1. A for effort (ကြိုးစားအားထုတ်မှုအတွက် အဆင့် ' A ' ပေးခြင်း)

    တစ်စုံတစ်ယောက်ဟာ အောင်မြင်မှုမရှိခဲ့ပေမဲ့လည်း တစ်စုံတစ်ရာကို ဖြစ်မြောက်ဖို့ အပတ်တကုတ်ကြိုးစားခဲ့တာကို အသိအမှတ်ပြုလိုတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - The cake didn't turn out like she had planned, but I give her 'A' for effort. (ကိတ်မုန့်ဟာ သူစီစဉ်ထားသလို ဖြစ်မလာပေမဲ့ သူ့ကြိုးစား အားထုတ်မှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။)

    2. Copycat (စာခိုးချသူ / ရုပ်၊ ဟန်၊ အသံလိုက်တုသူ)

    သူတစ်ပါးရဲ့စာကို ကူးချသူ (သို့) တခြားသူရဲ့ ရုပ်၊ ဟန်၊ အသံကို လိုက်တုသူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Janie is a copycat – she was looking at my answers while we were taking the test. (ဂျေနီက စာခိုးချသူဖြစ်ပါတယ်။ စာမေးပွဲဖြေနေတုန်းမှာ သူငါ့အဖြေတွေကို ခိုးကြည့်တယ်။)

    3. Learn (something) by heart (အလွတ်ကျက်မှတ်ခြင်း)

    အကြောင်းအရာတစ်ခုခုကို ပြည့်ပြည့်စုံစုံ အလွတ်ရအောင် ကျက်မှတ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

    ဥပမာ - I have played that song for so long that I have learnt it by heart and don't even have to look at the music. (ဒီသီချင်းကို တီးလာတာကြာပြီမို့လို့ အလွတ်တောင်ရနေပြီ ဖြစ်တဲ့အတွက် ဂီတ သင်္ကေတတွေကိုတောင် ကြည့်ဖို့မလိုတော့ဘူး။)

    4. Pass with flying colours (အဆင့်မြင့်မြင့်အောင်ခြင်း)
    စာမေးပွဲတစ်ခုကို လွယ်ကူစွာနဲ့အောင်ပြီး အမှတ်ကောင်းကောင်းရတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - Tod must have studied a long time because he passed the test with flying colours. (တော့(ဒ်)ဟာ စာမေးပွဲကို အလွယ်တကူ အဆင့်မြင့်မြင့်နဲ့ အောင်လာတဲ့အတွက် သူဟာ အချိန်အကြာကြီး ကြိုးစား စာကျက်ခဲ့တာဖြစ်ရမယ်။)

    5. Play hooky (ကျောင်းပြေးခြင်း)
    ကျောင်းသားတစ်ယောက်ယောက်က ကျောင်းမတက်ပဲ ကျောင်းပြေးတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - My friends are playing hooky today so they can be the first in line for the concert tickets this afternoon. (ဒီနေ့လည်မှာ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်တန်းစီတဲ့နေရာမှာ ရှေ့ဆုံးက နေရာရဖို့ ဒီနေ့ ကျွန်တော့်သူငယ်ချင်းတွေ ကျောင်းပြေးကြတယ်။)

    6. Drop out of school (ကျောင်းဆက်မတက်ခြင်း)
    တစ်စုံတစ်ယောက်က ကျောင်းကို ပြီးဆုံးသည်အထိ ဆက်မတက်ပဲ နေခြင်းကို ဆိုလိုပါတယ်။

    ဥပမာ - Maurice had to drop out of school when his mother became ill so that he could help take care of her. (သူ့အမေ နာမကျန်းဖြစ်တဲ့အခါ သူ့အမေကို ပြုစုစောင့်ရှောက်ဖို့အတွက် မောရစ်(စ်)ဟာ ကျောင်းဆက် မတက်ပဲ နေလိုက်ရပါတယ်။)

    7. Put your thinking cap on. (လေးလေးနက်နက် စဉ်းစားခြင်း)
    တစ်စုံတစ်ယောက်ကို အလေးအနက်ဆင်ခြင်စေလိုတဲ့အခါမှာ အသုံးပြုပါသည်။

    ဥပမာ - We're all going to put our thinking caps on to tackle this big problem. (ဒီပုစ္ဆာကြီးကို ဖြေရှင်းနိုင်ဖို့အတွက် ငါတို့အားလုံး လေးလေးနက်နက် စဉ်းစားကြမယ်။)

    8. Show of hands (ဆန္ဒပြုရန် လက်ထောင်ခြင်း)
    တစ်စုံတစ်ရာနဲ့ပတ်သက်ပြီး မဲဆန္ဒပေးရန်အတွက် လက်တွေ ထောင်ကြတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - By a show of hands, how many of you prefer to have the test on Friday? (သောကြာနေ့ ကျမှ စာမေးပွဲကို စစ်ဖို့လိုလားတဲ့သူ ဘယ်နှစ်ယောက်လဲဆိုတာကို လက်ထောင်ပြီး မဲပေးကြမယ်။)

    9. Teacher's pet (ဆရာ့အချစ်တော်)
    ဆရာက အရေးပေးသော ဆရာ့အသည်းစွဲ ကျောင်းသား/သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Jonathan is the teacher's pet. She always calls on him first. (ဂျွန်နသန်ကတော့ ဆရာမရဲ့ အချစ်တော်ပဲ။ ဆရာမက သူ့ကိုပဲ အမြဲအရင်ဆုံး ခေါ်တယ်။)

    10. Bookworm (စာဂျပိုး)
    စာအလွန်တရာဖတ်သော သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - She is such a bookworm! She seems to have a new book every day! (သူဟာ တကယ့်ကို စာဂျပိုး ပဲ။ သူ့မှာ နေ့တိုင်း စာအုပ်အသစ်တစ်အုပ်ရှိပုံရတယ်။)

    Voxy.com မှ Jessica Weeg ၏ 10 Popular School Idioms ကို ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

    စကားလုံးပါ အီဒီယမ် (၁၂) မျိုး


     

    နေ့စဉ်အသုံးပြုနိုင်သည့် "Head" ဟူသော

    ဒီ post မှာတော့ "head" ဆိုတဲ့ စကားလုံးပါတဲ့ အများသုံး ဓလေ့သုံး စကားတွေအကြောင်း အဓိကထားပြောချင်ပါတယ်။ ဒီဓလေ့သုံး စကားတွေကို အပြောမှာရော အရေးမှာပါ မကြာခဏ အသုံးပြုကြပါတယ်။

    1. I always keep my head. (ကျွန်တော် အမြဲပဲ စိတ်အေးအေးထားတယ်။)
    (အဓိပ္ပါယ် - ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေဟာ ဘယ်တော့မှ လွတ်ထွက်မသွားဘူး။)

    2. It never entered my head. (အဲဒါကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။)
    (အဓိပ္ပါယ် - အဲဒီအကြောင်းကို ကျွန်တော် ဘယ်တုန်းကမှ စဉ်းတောင် မစဉ်းစားဖူးဘူး။)

    3. I brought matters to a head. (ကျွန်တော် ကိစ္စတွေကို အရေးတကြီးဆုံးဖြတ်ချက်ချလိုက်တယ်။)
    (အဓိပ္ပါယ် - ဆုံးဖြတ်ချက်တစ်ခုခုချနိုင်အောင် ကျွန်တော် သေသေချာချာလုပ်တယ်။)

    4. My head is in the clouds. (ကျွန်တော် စိတ်ကူးယဉ်နေတယ်။)
    (အဓိပ္ပါယ် - ကျွန်တော်ကတော့ လက်တွေ့ဆန်တဲ့ သူတစ်ယောက် မဟုတ်ပါ။)

    5. I can't make head nor tail of this. (ဒါကို ကျွန်တော် နားမလည်ပါဘူး။)
    (အဓိပ္ပါယ် - ကျွန်တော် အဲဒါကို လုံးဝ နားမလည်ပါ။)

    6. I'm way over my head. (ကျွန်တော်ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပြီ။)
    (အဓိပ္ပါယ် - ကျွန်တော်က တော်တော် နက်နက်ရှိုင်းရှိုင်းကို ပါဝင်ပတ်သက်နေတဲ့အတွက် ကျွန်တော် မနိုင်မနင်းဖြစ်ကုန်ပြီ။)

    7. I could do it standing on my head. (အဲဒါကို ကျွန်တော် အလွယ်ကလေး လုပ်နိုင်ပါတယ်။)
    (အဓိပ္ပါယ် - အဲဒါက တကယ်လို့ လွယ်လွယ်လေးဘဲဆိုတာ ကျွန်တော် သိရတယ်။)

    8. The fame has completely gone to my head. (ကျော်ကြားမှုက ကျွန်တော့်ကို ဘ၀င်မြင့်စေတယ်)
    (အဓိပ္ပါယ် - ကျွန်တော် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတယ်။)

    9. He's off his head. (သူ ရူးသွတ်သွားပြီ။)
    (အဓိပ္ပါယ် - သူ သွက်သွက်ခါအောင် ရူးသွားပြီ (သို့) သူ လုံးဝ အရက်မူးနေပြီ။)

    10. She likes to keep her head down. (သူမက လျှိပြီးနေချင်တယ်။)
    (အဓိပ္ပါယ် - သူမက သူ့အပေါ် အာရုံစူးစိုက်မှုမရှိအောင် နေတယ်။)

    11. They're still scratching their heads over the results. (ရလာဒ်နဲ့ပတ်သက်လို့ သူတို့ ပြင်းပြင်းထန်ထန် စဉ်းစားနေကြတုန်း။)
    (အဓိပ္ပါယ် - သူတို့ ရလာဒ်ကို နားလည်ဖို့ ခက်ခဲနေတယ်။)

    12. That joke just went over my head. (အဲဒီပြက်လုံးကို ကျွန်တော် လိုက်မမီဘူး။)
    (အဓိပ္ပါယ် - အဲဒီပြက်လုံးကို ကျွန်တော် နားမလည်ဘူး။)


    Englishwithatwist.com မှ Shanthi Streat ၏ 12 English Idioms with the word “Head” that you can use everyday ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

    Circle နှင့် ပတ်သက်သည့် အသုံးအနှုန်းများ


     



    Circle လို့ ဆိုလိုက်တာနဲ့ ၀ိုင်းဝိုင်းစက်စက် စက်ဝိုင်းလေးကို မျက်စိထဲ မြင်မိမှာပါ။ စက်ဝိုင်းဆိုတာ မျဉ်းတစ်ကြောင်းတည်းကို အစနှင့် အဆုံးထိအောင်တစ်ဆက်တည်း မပြတ်တမ်း ရေးဆွဲထားတဲ့ ဟာဖြစ်လို့ ပြည့်စုံတဲ့ အမှတ် လက္ခဏာ symbol တစ်ခုဖြစ်တယ်။

    အင်္ဂလိပ်အီဒီယံ တော်တော်များများမှာ circle ဆိုတဲ့ စကားလုံးဟာ ပြည့်စုံမှု သို့မဟုတ် ပြန်လည် ဖြစ်တည်ခြင်း အမှတ် လက္ခဏာဖော်ဆောင်တဲ့ အဓိပ္ပါယ်နဲ့ပါလေ့ ရှိပါတယ်။

    ၁။ the circle of life

    ဒီစကားစုဟာ မွေးဖွားချိန်မှ သေဆုံးချိန်အထိ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ နှင့် သေဆုံးခြင်း တို့ကို ဖော်ဆောင်ပါတယ်။

    ၂။ circle of hell
    သေဆုံးပြီးနောက် အပြစ်ဒါဏ်ကျခံရမည့်နေရာ ။ the Inferno မှာ Dante က သေဆုံးပြီးနောက် ၀ိဥာဉ်တွေ ၎င်းတို့ အသက်ရှင်စဉ် ကျုးလွန်ခဲ့တဲ့ အပြစ် sins တွေအလိုက် ပြစ်ဒါဏ် ပေးခံရမည့် နေရာ ၉ နေရာကို nine circles လို့တင်စားခဲ့ပါတယ်။

    ၃။ family circle
    မူလ အဓိပ္ပါယ်က အနောက်တိုင်းပြဇာတ် ဇာတ်ရုံတွေမှာ ဇာတ်စင်နဲ့ အဝေးဆုံးက ထိုင်ခုံများ (upper circle ဟူ၍လည်းခေါ်သည်) ဖြစ်တယ်။ အရပ်သုံးအနေနဲ့ family circle ဆိုတာ တစ်စုံတစ်ဦးရဲ့ မိသားစုဝင်တွေကို ခေါ်တာပါ။ circle ဆိုတာအရင်းနှီးဆုံး မိတ်ဆွေတစ်စုကိုလည်း ဖော်ညွှန်းပါတယ်။ inner circle ဆိုတာကတော့ စီးပွားရေး၊ နိုင်ငံရေး လောကမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိတဲ့ လူနည်းစုတစ်စုကို ပြောတာပါ။

    ၄။ vicious circle

    ယုတ္တိဗေဒမှာတော့ မှားယွင်းအဆို တစ်ခုနောက်က မှန်ကန်အဆိုတစ်ခု ကပ်ပါလာတဲ့အခါ vicious circle ခေါ်ပြဿနာပေါ် ပြဿနာဆင့်တဲ့ အခြေအနေ ပေါ်ပေါက်လာပါတယ်။ အရပ်သုံး အဓိပ္ပါယ်ကတော့ နောက်ထပ်တိုးတက်မှု ဖြစ်လာအောင် ထပ်လုပ်လို့မရတော့တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ အခက်အခဲတွေကို ဆက်ဖြေရှင်းလို့မရတော့တဲ့ အခြေအနေမျိုးပေါ့။ တစ်ခါတစ်လေ vicious cycle လို့လည်းရေးကြတယ်။

    ၅။ to run circles around
    ကြိုးစားအားထုတ်မှုများများ မလုပ်ရဘဲ အသာရသည်။ to run rings round လို့လည်း ပြောကြတယ်။

    ၆။ to come full circle
    အတွဲလိုက်ဖြစ်ရပ်တွေ ဆုံးခန်းရောက်သည်။ မိမိ စတင်ခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာသည်။

    ၇။ to go in circles
    လိုရာခရီးကို မရောက်ဘဲ လုပ်ပြီးသားကို ထပ်ထပ်လုပ်နေသည်။

    ၈။ to square the circle
    မဖြစ်နိုင်တဲ့ အရာကိုကြိုးပမ်းသည်။ (တိုက်ရိုက် စဉ်းစားရင် အ၀ိုင်းကို လေးထောင့်ဖြစ်အောင် လုပ်တယ်ပေါ့။) အခြား expression တွေကတော့ circle ရဲ့လှုပ်ရှားမှု အဓိပ္ပါယ်အပေါ် အထူးပြုပါတယ်။ “to put a circle around something” နှင့် “to move in a circular direction.”တို့ပါ။ အဓိပ္ပါယ်ကတော့ ဖတ်ကြည့်ရုံနှင့် ပေါ်လွင်နေပါတယ်။

    ၉။ to circle the drain
    ထွက်ပေါက်ရသည်။ ထွက်သွားသည်။ လက်ဆေးဘေစင်တို့၊ ရေချိုးကန် bathtub ထဲက ဖြည့်ထားတဲ့ ရေတွေ အစို့ကို ဖွင့်ချလိုက်တဲ့အခါ စက်ဝိုင်းပုံစံရေ၀ဲ ဖြစ်ပြီး ထွက်သွားရာ နောက်ဆုံးလက်ကျန် ရေထွက်သွားပုံကို စိတ်ကူးနှင့် တင်စားထားသည်။

    ၁၀။ to circle the subject

    အကြောင်းအရာတစ်ခုကို တိတိကျကျ မပြော (မဆွေးနွေး) ဘဲ ဝေ့လည်ကြောင်ပတ်လုပ်သည်။

    ၁၁။ to circle the wagons
    အကာအကွယ် (ကာကွယ်ရေး) အနေအထား အဖြစ်နေရာယူသည်။ ရှေးရှေးတုန်းက အမေရိကန် အခြေချနေထိုင်သူတွေ အင်းဒီးယန်းတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရန် သူတို့ရဲ့ မြင်းလှည်းတွေကို စက်ဝိုင်းပုံစံ ပတ်ပတ်လည်လည် တံတိုင်းအဖြစ် အကာအကွယ်ယူနေတဲ့ ပုံကို စိတ်ကူးယဉ်ကြည့်ပါ။

    မှတ်ချက် ။ to circle the wagon ဆိုတဲ့ expression ကို စီးပွားရေးဆိုင်ရာ ဆောင်းပါး ခေါင်းစဉ်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

    The economists seem to view the American economy “as a fortress, a circle of wagons, as it were, that can be readily defined and defended” (Robert Reno, Newsday).

    ဒီ အသုံးကို ယခုခေတ် အမေရိကန် အင်းဒီးယန်းတွေက သဘောကျမှာ မဟုတ်ပါဘူး။

    Dailywritingtips.com မှ Maeve Maddox ၏ 11 Circle Expressions မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။

    Wednesday, March 18, 2015

    Common Collocation (တွဲသုံးနေကျစကားတွဲများ Come)


    come close နီးကပ်လာသည်
    come complete with ပြီးပြတ်သည်
    come direct တည့်တည့်လာသည်
    come early စောစောလာသည်
    come first ဦးဆုံးပန်းဝင်လာသည်/ပထမရသည်
    come into view ပေါ်လာသည်/မြင်သည်
    come last နောက်ဆုံးမှ လာသည်/ဘိတ်ချည်း
    come late နောက်ကျလာသည်၊ အလာနောက်ကျသည်
    come on time အချိန်တိတိကျကျလာသည်
    come prepared ပြင်ဆင်လာသည်
    come right back ချက်ချင်းပြန်လာသည်
    come second ဒုတိယ၀င်လာသည်/ရသည်
    come to a compromise တိုင်ပင်ညှိနှိုင်းသည်
    come to a decision ဆုံးဖြတ်ချက်ချသည်
    come to an agreement သဘောတူညီမှုရလာသည်
    come to an end ပြီးဆုံးသည်၊ အဆုံးသတ်သည်
    come to a standstill ရပ်တန့်သွားသည်
    come to terms with သင့်မြတ်လာသည်
    come to a total of စုစုပေါင်း
    come under attack အတိုက်အခိုက်ခံရသည်