Showing posts with label ပြည်တွင်းဖြစ်စဉ်. Show all posts
Showing posts with label ပြည်တွင်းဖြစ်စဉ်. Show all posts
Wednesday, March 11, 2015
Toshiba အရောင်းဆိုင်မှာ မီးလောင်မှုဖြစ်
Toshiba အရောင်းဆိုင်မှာ မီးလောင်မှုဖြစ်
ရန်ကုန်မြို့၊ ပန်းဆိုးတန်း ၊ အလယ်ဘလောက် ၊ Toshiba အရောင်းဆိုင်မှာ နေ့လည် ၁၂ ခွဲခန့်က မီးလောင်နေပါတယ်။မီးသတ်ကား ၁၀ စီးခန့်ရှိပြီး မီးတောက်မတွေ့ရဘဲ မီးခိုးလုံးတွေသာ ဆိုင်ထဲကနေ ထွက်လာတာကို တွေ့ရပြီး ခုချိန်ထိ မီးမငြိမ်းသေးဘူးလို့ ကမာရွတ်သတင်းထောက် ပြောပါတယ်။
ဓါတ်ပုံ ၀တ်ရည်ထွန်း (ကမာရွတ်မီဒီယာ)
ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်ခြင်းသည် သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိတွေအားလုံးနှင့် ဆန့်ကျင်နေကြောင်း
ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်ခြင်းသည် သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိတွေအားလုံးနှင့် ဆန့်ကျင်နေကြောင်း ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot ပြောကြား
အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot က လက်ပံတန်းမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများနှင့် သံဃာတော်များအပြင် ဂျာနယ်လစ်များကိုပါ အကြမ်းဖက် ဖြိုခွဲမှုများ ချက်ချင်းရပ်တန့်ရန် မတ်လ ၁၀ရက်နေ့က တောင်းဆိုခဲ့သည်။
"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်နေတဲ့ပုံတွေ တွေ့ရတာ အလွန် ထိတ်လန့်မိပါတယ်။ ဒီလိုမျိုး အာဏာပိုင်တွေနဲ့ သူတို့ငှားရမ်းထားတယ်လို့ ယူဆရတဲ့ လူဆိုးသူခိုးတွေကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဖြိုခွဲတာ လုံးဝ လက်မခံနိုင်ပါဘူး။ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ရဟန်းသံဃာတော်တွေအပြင် သတင်းထောက်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့ ဆန္ဒပြသူအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။"
"ဒီလိုမျိုး ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်တာဟာ သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားတဲ့ ကတိတွေအားလုံးနဲ့ ဆန့်ကျင်နေပါတယ်။ သမ္မတ ဦးသိန်းစိန်က အမြင်မတူညီမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ ကတိပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုကြမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ မူဝါဒပြောင်းလဲဖို့ တောင်းဆိုနေယုံသာဖြစ်ပါတယ်။ သူတို့ကို ရန်သူအနေနဲ့ သတ်မှတ်ပြီး မဆက်ဆံသင့်ပါဘူး " ဟု ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley ၏ Blog တွင် ရေးသားထားသည်။
အလွန်အကျွံအင်အားသုံးတဲ့သူမှန်သမျှ အရေးယူဖို့ AI ပြောပြီ
မြန်မာအာဏာပိုင်တွေအနေနဲ့ မလိုအပ်ဘဲ အလွန်အကျွံအင်အားသုံးတဲ့ ရဲတပ်ဖွဲ့ကို ထိန်းသိမ်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကျုးလွန်သူ ဘယ်အရာရှိကိုမဆို အရေးယူဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း ခဲတွေနဲ့ပြန်ပစ်ခဲ့တာရှိပေမယ့်လည်း မြန်မာရဲတွေရဲ့ လုပ်ရပ်နဲ့အပြုအမူဟာ လက်ခံနိုင်စရာလုံးဝမရှိတဲ့အကြောင်း၊ ကျောင်းသားတွေကို အကြမ်းဖက်အင်အားသုံးတာ၊ အလွန်အကျွံအကြမ်းဖက်တာ၊ မြေကြီးပေါ်လဲကျနေသူကို လူမဆန်စွာရိုက်နှက်ကန်ကြောက်တာတွေဟာ နိုင်ငံတကာဥပဒေအောက်က ချိုးဖောက်မှုဖြစ်တဲ့ ရက်စက်မှု၊ လူမဆန်မှုဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ပစိဖိတ်ဆိုင်ရာ အရာရှိ Rupert Abbott က ပြောပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူ ဘယ်သူ့ကိုမဆို ရာဇဝတ်သားလို တိုက်ခိုက်ဖမ်းဆီးတာ၊ ချုပ်နှောင်တာတွေဟာ မဖြစ်သင့်တာမို့ မြန်မာအာဏာပိုင်တွေရဲ့ အတိတ်က အကြမ်းဖက်ဖြိုခွင်းမှုတွေကို အခုထပ်မံလုပ်ခွင့်ပေးတာမျိုး မဖြစ်သင့်တော့ဘူးလို့ ဆိုပါတယ်။
မြန်မာ့လူ့အခွင့်အရေး ဘယ်လောက် တိုးတက်လာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၄ ခုနှစ်မှာ မော်တော်ကားကြီး ချောက်ထဲပြုတ်ကျသလို ယိုယွင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ တကယ်ပဲလား။ ဒီသုံးသပ်ချက်  ဘယ်လောက်မှန်သလဲ။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဘန်ကောက်အခြေစိုက် အရာရှိတဦးဖြစ်တဲ့ Phil Robertson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Phil Robertson တို့ရဲ့  HRW ခေါ်တဲ့ အာရှလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့  အာရှရေးရာ ညွှန်းကြားရေးမှုး Brad Adams က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေး အခြေအနေဟာ ၂၀၁၄ မှာ Car crash ခြောက်ထဲကို ကားကြီးထိုးကျသွားသလိုပဲ မှတ်ချက်ရေးထားပါတယ်။ ဒါကို လူတိုင်း လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင် (၂) နှစ်က ပုံမှန်တိုးတက်မှု ရှိခဲ့တယ်လို့ ဆိုထားလေတော့ ဘာတွေကိုများ ခင်များတို့က တိုးတက်မှုလို့ ခင်များတို့က တွက်ခဲ့ကြသလဲဆိုတာကို အရင်ဆုံး ရှင်းပြပါ။
Phil Robertson ။ ။ မီဒီယာ လွတ်လပ်ခွင့်တချို့  တွေ့ခဲ့ရပါတယ်။ အခုတော့ ပြန်ရုတ်သွားပါပြီ။ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ပေးခဲ့တာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြသူတွေကို ဖမ်းဆီးရုံးတင်ပြီး အများအပြား ထောင်ချတာကို ပြန်တွေ့နေရပါပြီ။ ဆိုတော့ အခုအခါ နိုင်ငံရေးအကျဉ်းသားတွေ ပိုတောင် များလာပါပြီ။ ဒါ့အပြင် ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ လူမျိုးရေး၊ ဘာသာရေး ကာကွယ်မှု ဥပဒေတွေ ပြဌာန်းလာပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံတွေနဲ့ လုံးဝဆန့်ကျင်နေပါတယ်။
ဦးကျော်ဇံသာ ။ ။ ၂၀၁၄ မတိုင်မီ (၂) နှစ် တိုးတက်မှုဆိုတဲ့ကာလထဲမှာ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်ပါမယ်။ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်ပြင်ပါမယ်လို့လဲ ကတိမပေးခဲ့ပါဘူး။ ဆိုတော့ ဒီအချက်တွေမှာ အဓိကအားဖြင့် ဟိုတုန်းကလဲ ဘာမှမထူးခြားဘူး။ အခုလဲ ဘာမှမထူးခြားလာဘူးလို့ ပြောရမှာပေါ့။
Phil Robertson ။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒခံယူပွဲအကြောင်း ဆွေးနွေးတာ တွေ့ရပါတယ်။ အစိုးရက တကယ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုရင် သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံရဲ့  ဘယ်အချက်တွေကို ပြင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၅၉(စ) ကို ပြင်မလား။ (၄၃၆) ပြင်မလား။ လူထုအများစု တောင်းဆိုတင်ပြတာ၊ လက်မှတ်ထိုး တင်ပြတာတွေ တွေ့ရပါတယ်။ ဒါပေမဲ့ အစိုးရဘက်က လုံးဝပွင့်လင်း မြင်သာမှု မရှိပါဘူး။ တချိန်တည်းမှာပဲ အဖြူရောင်ကဒ် (White Card) ကိုင်ဆောင်ထားသူတွေရဲ့  မဲပေးခွင့်ကို ပြန်လည်ရုတ်သိမ်းလိုက်တာကို တွေ့ရပါတယ်။ ဒီလုပ်ရပ်ဟာ ရိုဟင်ဂျာတွေသာမက နယ်စပ်ဒေသနေ တခြားလူတွေ။ တခါမှ မှတ်ပုံတင် မရှိခဲ့ဘူးတဲ့သူတွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီလူမျိုးရေးကိစ္စကို မမေးခင် နိုင်ငံတကာ အထူးသဖြင့် အနောက်နိုင်ငံတွေက ဘာဖြစ်လို့ ၂၀၁၄ မတိုင်ခင်က မြန်မာနိုင်ငံကို အလုအယက် ဝင်နေခဲ့ကြတာလဲ။ သူတို့က သူတို့ရဲ့  အကျိုးစီးပွားတခုတည်းကို ကြည့်ပြီး လူ့အခွင့်အရေး လုယူခံနေရတဲ့ မြန်မာနိုင်ငံ ပြည်သူတွေကို ဂရုမစိုက်တဲ့သဘော ဖြစ်မနေဘူးလား။ အဲဒီတုန်းကလဲ ဘာမှမတိုးတက်ခဲ့ဘဲနဲ့ အတင်းလုပြီး ဝင်နေကြတော့။
Phil Robertson ။ ။ ဒါဟာလဲ တစိတ်တဒေသ ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး အကျိုးအမြတ်တွေကို မျက်စိကျနေကြတာပါ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်မှုအစအနကို စတွေ့လိုက်ရတာနဲ့ ဒါတွေ တောက်လျှောက်တိုးတက်လာတော့မှာလို့ ယူဆခဲ့ကြတာဟာ အတော်လေး “အ”တယ်လို့ ဆိုရပါမယ်။ အထူးသဖြင့် ဥရောပသမဂ္ဂက ဒီလိုယူဆခဲ့ပါတယ်။ သူတို့ ယူဆခဲ့သလို လုံးဝဖြစ်မလာခဲ့ပါဘူး။ အခုတော့ မြန်မာ့လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ နောက်ပြန်ဆုတ်သွားပြီဆိုတာ လူတိုင်းသဘောပေါက်သွားကြပါပြီ။ မြေယာပြဿနာတွေ၊ ခြစားပျက်စီးမှု ပြဿနာတွေအပြင်၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လူတိုင်းပါဝင်နိုင်တဲ့ ဒီမိုကရေစီ ထွန်းကားရေးစတာတွေ လိုအပ်ပါတယ်။ ဒီလို အခြေခံပြဿနာတွေ မပြေလည်ဘဲ လူ့အခွင့်အရေးကို အခြေခံတဲ့ ဖြစ်ထွန်းမှုမရှိဘဲ သွားရောက်ပြီ ရင်းနှီးမြှုပ်နှံကြမယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်ကြမယ်ဆိုရင်တော့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာပါ။ ဒီတော့ ခရိုနီစီးပွားရေး စစ်တပ်နဲ့ ဝေစားမျှစား လုပ်ငန်းတွေပဲ တွေ့လာရမှာပါ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဒီလိုအခြေအနေတွေ နောက်ပြန်ဆုတ်နေတာကို အစိုးရတွေက သဘောပေါက်သွားကြပြီ။ သဘောပေါက်နေကြပြီဆိုတော့ ဘာကြောင့် ဆက်ပြီးလုပ်နေကြတာလဲ။ အခုအခါမှာ။ ခင်များတို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီအစိုးရတွေအပေါ် လွှမ်းမိုးမှု တစုံတရာ ပေးနိုင်တာ မရှိဘူးလား။
Phil Robertson ။ ။ အခြေအနေကို အစိုးရရဲ့  တချို့ ဝန်ကြီးတွေကို ပြောပြပေမယ့် ပြဿနာက ခရိုနီလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သူတချို့ ဟာ နိုင်ငံတကာနဲ့ အဆက်အသွယ် ရှိနေကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းအထိ လက်လှမ်းမီသူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် လက်ပံတောင်းတောင်မှာဆိုရင် စစ်တပ်နဲ့ တရုတ်တို့ ပူးတွဲပြီး လုပ်နေကြတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း သိပ်ပေါ်လွင် ထင်ရှားပါတယ်။ ဒီ ချိုးဖောက်မှုတွေကို အစိုးရက လုံးဝလစ်လျူရှုထားတာပါ။
ဦးကျော်ဇံသာ ။ ။ မှန်ပါတယ်။ ဒီလို ပြည်ပရင်းနှီးမြှုပ်နှံလူတွေကို ခင်များတို့ မထိန်းနိုင်ဘူးဆိုရင် မြန်မာအစိုးရက လူ့အခွင့်အရေးကိစ္စကို တာဝန်ယူကာ တိုးတက်မှုရှိအောင် လုပ်ဖို့ဆိုတာ ဘယ်လိုလို့ ဆောင်ရွက်နိုင်တော့မလဲ။
Phil Robertson ။ ။ ဒါပေမဲ့ အစိုးရက အဓိက တာဝန်ရှိတာပါ။ ရှင်းနေပါတယ်။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အစိုးရက ဒါတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရမှာ political will ဆန္ဒရှိတာ မဟုတ်ပါဘူး။ သူတို့အကျိုးကို ဦးတည်ပြီးတော့ လုပ်နေတာပါ။ ဒါကို ဘယ်သူကမှ ဖိအားမပေးရင် ဖိအားပေးမယ့်အစား ငါတို့ ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်မှာ ဘာမှမစိုးရိမ်နဲ့ ဆိုတာမျိုး ဖြစ်နေတော့ မခက်ဘူးလား။ နိုင်ငံရေးအားဖြင့်ကြည့်ပါ သမ္မတအိုဘားမားကိုယ်တိုင်က မြန်မာနိုင်ငံရဲ့  အခြေအနေဟာ သူတို့ရဲ့  Success Story ငါတို့ရဲ့  အောင်မြင်တဲ့လုပ်ရပ် တခုလို့ မကြာခဏကို မြှောက်မြှောက်ပြောနေတာဆိုတော့ မြန်မာလူထုဘက်က ဘယ်လောက်နစ်နာနေနေ၊ ဘယ်လောက်ပဲ ခံစားနေရ ဆက်လုပ်သွားမယ်လို့ ပြောနေတာလို့ လူတွေက ထောက်ပြနေကြတယ်။
Phil Robertson ။ ။ ဒီလိုယူဆခဲ့တယ်ဆိုတာ အချိန်စောနေတယ်ဆိုတာ အခုတော့ သမ္မတအိုဘားမား သဘောပေါက်သွားပြီလို ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ Success Story အောင်မြင်တဲ့ လုပ်ရပ်တခု မဟုတ်ပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ၁၉၈၂ ဥပဒေအရ နိုင်ငံသားသတ်မှတ်မှု။ ရခိုင်ပြည်နယ် အခြေအနေ စတဲ့နယ်ပယ် အားလုံးမှာ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေ လိုက်နာဖို့ ပျက်ကွက်နေဆဲ ဖြစ်ပါတယ်။ အထင်ရှားဆုံးတခုက မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးဖွင့်ထားရှိဖို့ သမ္မတဦးသိန်းစိန် က သမ္မတအိုဘားမားကို ကတိပြုခဲ့ပေမယ့် အခုထိ အရိပ်အရောင်တောင် မတွေ့ရသေးပါဘူး။ ဒီအခြေအတိုင်းဆိုရင် မြန်မာပြည်သူတွေရဲ့  လူ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု ၁၉၈၂ နိုင်ငံသားဥပဒေအကြောင်း ပြောပါရစေ။ ခင်များတို့ HRW ကတော့ ဒီဥပဒေဟာ ဖိနှိပ်ချုပ်ချယ်မှုအတွက် လောင်စားထိုးပေးနေတာ ဖြစ်တယ်။ … သုံးထားပါတယ်။ အင်မတန် ကောင်းမွန်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ကျနော် နားလည်တာက နှစ်ပိုင်းပါဝင်နေတယ်။ ပထမတပိုင်းက နံမည်ကိစ္စ။ ရခိုင်ပြည်နယ်က မူစလင်တွေက သူတို့ခံယူချင်တဲ့ နံမည်အတိုင်းခေါ်ဖို့။ သတ်မှတ်ဖို့ကိစ္စ။ ဒုတိယတခုကတော့ သူတို့လက်တွေ့ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေ၊ ဆိုးဝါးတဲ့အခြေအနေတွေ၊ အထူးသဖြင့် စခန်းတွေထဲမှာ သူတို့ ခံစားနေရတာတွေ။ ဒီအခြေအနေတွေ တိုးတက်အောင် ကောင်းမွန်ဖို့ လုပ်ဖို့အတွက် လုပ်ပေးရမယ်။ ဒါက ရှင်းနေပါတယ်။ သို့ပေမဲ့ ခင်များတို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီအရေးထက် နံမည်ကိစ္စကိုပဲ ဘာကြောင့် အလေးအနက်ထားပြီးတော့၊ အရေးတယူ လုပ်နေကြတာလဲ။
Phil Robertson ။ ။ လူတွေတော်တော်များများက ဒီကိစ္စကို အာရုံစိုက်ကြပါတယ်။ ကျနော်တို့အမြင်မှာတော့ လူတွေကို သူတို့ခံယူချင်တဲ့ နံမည်အတိုင်း ခေါ်သင့်ပါတယ်။ သူတို့ ရိုဟင်ဂျာ ခေါ်စေချင်ရင် ဒါဟာ သူတို့ အခွင့်အရေးပါ။ ဒါပေမဲ့ ၁၉၈၂ ဥပဒေရဲ့  ပြဿနာက နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီခြင်း မရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေကိုသာမကပါဘူး။ မြန်မာနိုင်ငံမှာ တသက်လုံး နေလာတဲ့ တရုတ်တွေ၊ တခြားလူမျိုးတွေ တိုင်းရင်းသားတွေကိုလည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် သိသလောက်တော့ မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသား တရုတ်တွေ အများကြီး ရှိနေတယ်လို့ ထင်ပါတယ်။ ရခိုင်ပြည်နယ်က မူစလင်တွေကိုလည်း ၁၉၈၂ ဥပဒေအရ နိုင်ငံသားပေးမယ်။ ဘင်္ဂလီလို့ခေါ်မယ်လို့ ပြောထားတယ်လို့ ထင်ပါတယ်။ အဲဒါ ဘာပြဿနာ ရှိသလဲ။ နောက်တခုက HRW တို့ရဲ့  အစီရင်ခံစာထဲမှာ ဘင်္ဂလီဆိုတာ Foreigner နိုင်ငံခြားသားလို့ အဓိပ္ပါယ်ရောက်တယ်လို့ သုံးထားတာ တွေ့ရပါတယ်။ တကယ်တော့ ဘင်္ဂလီဆိုတာ နိုင်ငံခြားသား မဟုတ်ဘူးထင်ပါတယ်။ တဘက်နိုင်ငံက လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်လို့ပဲ ခေါ်တာပါ။
Phil Robertson ။ ။ အခြေခံပြဿနာက ဒီနံမည်ကို ဒီလူအုပ်စုက မသုံးဘူးလို့ ငြင်းပယ်ထားတာ ဖြစ်ပါတယ်။ လူတွေဟာ သူတို့ကိုသူတို့ ဘယ်သူဘယ်ဝါဆိုပြီး သတ်မှတ်ခွင့် Identify လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးပါ။ အခု ဒီလူတွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေတာကို အစွန်းရောက် ရခိုင်တွေနဲ့ ဗမာပြည်က တခြားအစွန်းရောက်တွေက လူမျိုးရေး ခွဲခြားမှုအတွက် နိုင်ငံရေးအကြောင်းတခုအဖြစ် အသုံးပြုနေကြတာပါ။ မေးစရာက ဒီလူတွေက မြန်မာနိုင်ငံမှာ တသက်လုံး နေလာခဲ့သလား။ နေခဲ့ကြပါတယ်။ သူတို့မှာ တခြား သွားစရာ မရှိပါဘူး။ အဆက်အနွယ် မရှိပါဘူး။ မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုစရာ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ မှန်ပါတယ်။ နိုင်ငံသား ဖြစ်ရမှာပါ။ ဒါပေမဲ့ ကျနော် ပြောချင်တာက သူတို့ ခံယူချင်တဲ့ လူမျိုးစု နံမည်သာ ဖြစ်ပါတယ်။ နိုင်ငံသား ဖြစ်မဖြစ်ဆိုတာ မဟုတ်ပါဘူး။ ဒါကို တကယ် အဆုံးအဖြတ် ပေးရမှာကလဲ မြန်မာပြည်ထောင်စုက တိုင်းရင်းသားတွေ မဟုတ်ဘူးလား။ အခုလဲ သူတို့ကို နိုင်ငံသား သတ်မှတ်ပါ။ ဘင်္ဂလီလို့ခေါ်မယ်။ ဒါကို လက်ခံကြပါလို့ ဆိုထားတယ်လို့ ထင်ပါတယ်။ ဥပမာ အင်္ဂလန်မှာကြည့်ပါ အိန္ဒိယကလူတွေ အများကြီးပဲ။ သူတို့ အဲဒီကို ရောက်နေတာ ကြာနေပါပြီ။ အိန္ဒိယတိုက်နယ်က လူတွေကို Asian လို့ အဲဒီမှာ ခေါ်လိုက်တာ တွေ့ရပါတယ်။ ဘယ်သူကမှ ငါတို့ကို ဘယ်လို ခေါ်ရမယ်။ ဘယ်လို သတ်မှတ်ရမယ်လို့ တောင်းဆိုနေတာ တခါမှ မကြားမိဘူး။
Phil Robertson ။ ။ သူတို့ ရိုဟင်ဂျာလို့ ခေါ်တာကိုလည်း အစိုးရက ဆုပ်ကိုင်ပြီး သူတို့ကို ချိုးနှိမ်ဖို့ အသုံးပြုနေတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ နိုင်ငံသား မပေးဘူးလို့ မပြောဘူးလို့ ထင်ပါတယ်။ နံမည်ပြဿနာပဲ အဓိက ဖြစ်နေတယ်လို့ ထင်ပါတယ်။
Phil Robertson ။ ။ သူတို့ကို တင်းပြည့်နိုင်ငံသားအဖြစ် သတ်မှတ်ရမှာပါ။ ဒုတိယတန်းစား နိုင်ငံသားနဲ့ မရပါဘူး။ Rakhine Action Plan ကိုကြည့်ရင် ခွဲခြားဆက်ဆံရေး သဘောထားကို တွေ့ရပါတယ်။ အစိုးရက ဒီလူ့အသိုင်းအဝိုင်း နှစ်ခု စီးပွားရေး၊ လူမှုရေး ပြန်လည်သင့်မြတ်ရေးကိစ္စကို လုပ်ပေးသင့်ပါတယ်။ နှစ်ဖက်လုံးနဲ့ ဆွေးနွေးအဖြေရှာသင့်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ဆက်မေးချင်တာက ခင်များတို့ HRW ဟာ အခုအခါ မြန်မာနိုင်ငံထဲကို ဝင်ခွင့်ရပြီ ဟုတ်ပါတယ်နော်။
Phil Robertson ။ ။ ကျနော် မကြာခဏ သွားခွင့်ရပါတယ်။ ကျနော်တို့ရဲ့  အကြီးတန်း သုတေသနမှုးတယောက်ဆိုရင် သူ့အချိန်တဝက်လောက် မြန်မာနိုင်ငံမှာ နေပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ထိပ်တန်းအရာရှိကြီးတွေ၊ ဝန်ကြီးတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ သူတို့ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက်လာအောင် Human Rights Watch လို အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။
Phil Robertson ။ ။ သမ္မတဦးသိန်းစိန်ကတော့ ကြိုဆိုတယ်လို့ ပြောပါတယ်။ လူ့အခွင့်အရေးကိစ္စကို ဂရုတစိုက်ရှိတဲ့အတွက် ကျနော်တို့ကို ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပူးပေါင်းတာတွေ ရှိသလို။ တချို့ ကိစ္စတွေမှာတော့ ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့  ထောက်ပြတာတွေကို ဂရုမစိုက်ဘဲ ဆက်လုပ်နေတာလည်း တွေ့ရပါတယ်။
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရ
 ကျောင်းသားနှင့် အာဏာပိုင်တို့အကြား သဘော တူညီချက်နှင့် ပျော်ရွှင်မှုများသည် နာရီပိုင်းအတွင်း ပျက်စီးသွားခဲ့ သည်။
မတ်လ ၂ ရက်မှ စတင်၍ လက်ပံတန်းတွင် ပိတ်ဆို့ခံထားရ သော ဒီမိုကရေစီပညာရေး ဦး ဆောင်ကော်မတီ၊ ပင်မသပိတ်စစ် ကြောင်းသည် မကြာမီ ရန်ကုန် သို့ ဆက်လက်ထွက်ခွင့်ရရန် မျှော်လင့်နေကြသည်။
အောင်မြေဗိမာန်ဘုန်းကြီး ကျောင်းဝင်းအတွင်း တည်းခိုနေ ကြသော ကျောင်းသားများမှာ အထုပ်အပိုးပြင်ဆင်နေကြပြီဖြစ် သည်။ မတ်လ ၁၀ ရက် နံနက် ပိုင်းက ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်း ဆန်းတို့ကို NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်၊ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ် ညိုညိုသင်း၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုစိုးထွန်းတို့နှင့်အတူ ပဲခူးတိုင်းနယ် လုံဝန်ကြီးက ခေါ်ယူတွေ့ဆုံညှိ နှိုင်းခဲ့သည်။ ညှိနှိုင်းမှုတွင် ယခု သပိတ်စစ်ကြောင်း ရပ်နားထား ရာနေရာမှ ကိုက်သုံးရာခန့် ကွာဝေးသော လက်ပံတန်းမြို့ အ ထွက် တာဆုံသို့ လမ်းလျှောက်ချီ တက်ရန်၊ တာဆုံမှ ကားများဖြင့် ရန်ကုန်သို့ထွက်ခွာရန် သဘော တူကြသည်။ ကျောင်းသားခေါင်း ဆောင်များကလည်း ညီငယ်၊ ညီမငယ်များ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း မီဒီယာများအား ဖြေကြားခဲ့သည်။
သဘောတူညီချက်ကို ကြား သိရသည့် ကျောင်းသားကျောင်း သူများ ထိုင်သပိတ်မှောက်ရာနေရာ မှာ ပျော်ရွှင်ကုန်ကြသည်။ ကျောင်း သားသီချင်းများ သံပြိုင်ဆို၍ လက် ခုပ်တီးကြသည်။ အသံချဲ့စက်ဖြင့် သီချင်းများဖွင့်ကာ လိုက်ဆိုကြ သည်။ ကြွေးကြော်သံများ တိုင်ကြ သည်။ မကြာမီ လုံထိန်းများ တင်ဆောင်သွားသည့် အထုပ် အပိုးများနှင့် ကားနှစ်စီး မြို့ပြင် ပြန်ထွက်သွားပြီး မကြာမီ ပြန် ၀င်လာသည်။
ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်ကမူ နှစ်ဖက်ညှိနှိုင်းမှုတွင် ရန်ကုန်သွားရန် သဘောမတူထားကြောင်း၊ အိမ်ပြန်မည်ဆိုပါက အလံ၊ ခေါင်းစည်းများဖယ်၍ ပြန်ရန် ပြောကြားခြင်းသာဖြစ်ပြီး၊ သဘောတူကြောင်းကျောင်းသားများကသာ ပြောပြီး၊ မီဒီယာများက မစိစစ်ဘဲ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
၁၀ နာရီ ၁၃ မိနစ်တွင် ကျောင်းသားများကရှေ့တွင် ပိတ်ထားသော အတားအဆီးများကို စတင်ဖယ်ရှားခဲ့သည်။ ထွက်ခွာရန် ပြင်ဆင်ကြသည်။ သို့သော် အာဏာပိုင်များက ထွက်ခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။
ထို့နောက် နယ်လုံဝန်ကြီးနှင့် ကျောင်းသားများဒုတိယအကြိမ် ဆွေးနွေးရာတွင် သပိတ်ကို တာဆုံအထိ လမ်းလျှောက်ခွင့် မပေးတော့ဘဲ အဝေးပြေးကား နှစ်စီးဖြင့် ရန်ကုန်အထိ တိုက်ရိုက် ပို့ဆောင်ပေးမည်ဖြစ်ကာ ကား ပေါ်တွင် သပိတ်အသွင်ဆောင် သော ဗီနိုင်း၊ အလံ၊ ကြွေးကြော် သံများ ခွင့်မပြုခဲ့ဟုဆိုသည်။ ထို့အပြင် ယာဉ်တန်းကို တစ်စီးနှင့် တစ်စီး  ခပ်ခွာခွာသွားရန် ပြောကြားသည်။
ထိုအချက်ကို ကျောင်းသားများဘက်က သဘောမတူ ကြဘဲ ၎င်းတို့ကို ရန်ကုန်အထိ မူလအစီအစဉ်အတိုင်း ထွက်ခွာ ခွင့်ပြုရန် ၁၁ နာရီ ၄၅ မိနစ် နောက်ဆုံးထား၍ တောင်းဆို လိုက်သည်။
ထိုနောက် နှစ်ဖက် တင်းမာမှုများ စတင်ခဲ့ကာ ၁၂ နာရီခန့်တွင် ကျောင်းသားများဘက်က လေးဦးတစ်တန်းတန်း၍ လုံခြုံရေးပိတ်ဆို့ထားသည့် လုံထိန်းရဲအင်အား လူတံတိုင်းကို တိုးထွက်မှု စတင်ပြုလုပ်သည်။  ကျောင်းသား အင်အား ၁၀၀ ကျော်၊ ရဲအင်အား ၃၀၀ ခန့် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တွန်းထိုး နေသည့် ၁၂ နာရီခွဲခန့်အချိန်ထိ ကျောင်းသားထုက လုံခြုံရေးထု ကို မထိုးဖောက်နိုင်ခဲ့ပေ။
    ကျောင်းသားဘက်က မူးမော် လဲကျသူများရှိလာပြီး ရဲများဘက် ကလည်း နေပူရှိန်နှင့် မောပန်းမှု ကို မခံနိုင်၍ အပြင်ထွက်ရသူများ ရှိလာသည်။ ရဲမေများက လုံခြုံ ရေးစည်းကာကွယ်နေသော ရဲများကို ရေသန့်ဘူးကမ်းခြင်း၊ နောက်မှ ယပ်ခတ်ပေးခြင်းများ ပြုလုပ်နေ သည်။
ထို့နောက် နှစ်ဖက်စလုံး တွန်းထိုးရင်း မောပန်းလာမှု ကြောင့် ခေတ္တအနားယူကြသည်။    ပထမအကြိမ် ရပ်နားရာတွင် ကျောင်းသားများဘက်မှ တားဆီး နေသည့်ရဲများကို ဆဲဆိုခြင်း၊ တွန်းထိုးခြင်း၊ ကုန်းကိုက်ခြင်း၊ သံဃာတော်တစ်ပါးက ရဲတစ် ဦး ကို ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သည် ဟု ရဲများက ဆိုသည်။ ထိုအချိန် မှာပင် သပိတ်နှင့်ရဲ ထိပ်တိုက် တွေ့ဆုံရာနေရာမှ ခပ်လှမ်းလှမ်း လမ်းမကြီးပေါ်တွင် ကျောင်းသား ပြည်သူ ငါးဆယ်ခန့်က သ ပိတ်ကို အကြမ်းမဖက်ရန် လာ ရောက်ဝန်းရံကြွေးကြော်ကြသ ဖြင့် လုံထိန်းစည်းတစ်ခု ပိတ်ဆို့ ခဲ့ရသည်။
အဆိုပါ ကျောင်းသားပြည် သူများကို အာဏာပိုင်များက ဖမ်းဆီးမည်ဖြစ်ကြောင်း ကြိုတင် သတိပေးပြီးနောက် နံပါတ်တုတ် များဖြင့် ၀င်ရောက်ရိုက်နှက် ဖြို ခွင်းခဲ့ကာ ဖမ်းမိသူများကို အချုပ် ကားပေါ်တင်၍ ခေါ်ဆောင်သွား ခဲ့သည်။
အထက်ပါကဲ့သို့ အကြမ်း ဖက်ဖြိုခွင်းရခြင်းမှာ ပြည်သူများ ဘက်မှ ဖန်ဂေါ်လီထည့်၍ လေးခွ ဖြင့် ပစ်သောကြောင့် ရဲတစ်ဦး ဒဏ်ရာရရှိရာမှ စတင်ခြင်းဟု ရဲ များက ဆိုသည်။ ထိုဖြစ်ရပ်ပြီး နောက် မကြာမီ ၁ နာရီ ၁၀ မိနစ်
တွင် သပိတ်စစ်ကြောင်းက လုံ ထိန်းတံတိုင်းသို့ ပြန်လည်ထိုး ဖောက်မှု ဒုတိယအကျာ့ စတင် လိုက်သည်။
ပထမအကြိမ်ထက် ထိုး ဖောက်မှု ပိုမိုကြမ်းတမ်းလာပြီး ရဲများခေါင်းပေါ်မှ အမိုးအကာ များကို ကျောင်းသားများက ဆွဲ ယူ၍ ပြုတ်ထွက်ခဲ့ရာ နှစ်ဖက်စ လုံး နေပူပူထဲ ရင်ဆိုင်လိုက်ရ သည်။
တစ်ဖက်နှင့်တစ်ဖက် တိုး တိုက်မှု ပိုမိုပြင်းထန်လာသကဲ့သို့ ဆဲဆိုကြိမ်းမောင်းမှုများသာမက ရန်စောင်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ကျောင်းသားများဘက်က ရေ သန့်ဘူးတစ်ဘူး၊ ခဲလုံးနှစ်လုံး ရဲထု ထဲသို့ စတင်ပစ်ပေါက်ခဲ့ကာ အ တင်းမာဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။ ကျောင်း သားများက ရဲများထံ တွေ့ရာ တုတ်၊ ခဲများဖြင့် ပစ်ပေါက်သကဲ့ သို့ ရဲများဖက်ကလည်း မြေပြင် ပေါ် တွေ့ရာခဲများဖြင့် ပြန်လည် ပစ်ပေါက်ကြသည်ကို တွေ့ရ သည်။
စက္ကန့်ပိုင်း အချိန်အတွင်း မှာပင် ၀ရုန်းသုန်းကားအခြေအ နေသို့ ကျရောက်သွားပြီး အာဏာ ပိုင် လုံထိန်းများက လက်တွင် ကိုင်ဆောင်ထားသော နံပါတ် တုတ်များဖြင့် ကျောင်းသားများ ကို ရိုက်နှက်ဖြိုခွင်းတော့ရာ နှစ် ဖက်လူအုပ် ရောထွေးကုန်သည်။
ထိုသို့ ရုန်းရင်းဆန်ခတ် ရိုက် နှက်ဖြိုခွင်းနေကြမှုကို ဒုရဲအုပ်မှ စ၍ ရဲမှူးကြီးအထိ အထက်အရာ ရှိများက မလုပ်ဆောင်ရန် အော် ဟစ်အမိန့်ပေးတားဆီးကြသော် လည်း အောက်ခြေရဲများက နာခံ မှုမရှိတော့ပေ။ ရိုက်နှက်မှုများ ပိုမိုပြင်းထန်လာပြီး ကျောင်းသား များက ဘုန်းကြီးကျောင်းအ တွင်း သို့လည်းကောင်း၊ နီးစပ်ရာ အိမ် များထဲသို့လည်းကောင်း၊ လမ်းနံ ဘေးအုတ်တံတိုင်းများကို ကျော် ခွ၍လည်းကောင်း ကစဥ့်ကလျား ထွက်ပြေးသွားခဲ့ကြသည်။
ကျောင်းသားများပြေးရာ နောက်သို့ ရဲများက သဲသဲမဲမဲလိုက်လံဖမ်းဆီး ရိုက် နှက်ပြီး ရဲတချို့က ကျန်ရစ်နေ သည့် သပိတ်ကျောင်းကားကို ရစရာမရှိအောင် ဖျက်ဆီးလိုက်ကြသည့်အပြင် သပိတ်နှင့်အတူ ပါလာသည့် ပစ္စည်းအချို့ကိုပါ ဖျက်ဆီးကြသည်။ ဖမ်းဆီးရမိ သည့် ကျောင်းသားအချို့ကို ရဲ အချို့က ရိုက်နှက်သဖြင့် ရဲအချင်းချင်းကပင် တားဆီးခဲ့သည်ကို တွေ့ရသည်။
ရဲထုအတွင်းမှ လူငယ်၊ လူ လတ်ပိုင်း ရဲတပ်ဖွဲ့ဝင်များမှာ အ ဓိကဒေါသထွက်နေကြပြီး ရပ် ကြည့်သူများနှင့် မီဒီယာသမား များကိုပါ အော်ဟစ်ရန်မူရန်အထိ ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် မီဒီယာသမားအချို့မှာ ဘေး လွတ်ရာအိမ်များသို့ အမြန်ဝင် ရောက်ပုန်းရှောင်ခဲ့ရသည်။ အ ခင်းဖြစ်ရာနေရာတွင် ကျောင်း သားနှင့်လူများ ရှင်းလင်းသွားပြီး မကြာမီ လက်ပံတန်းဒေသခံအ ချို့က လေးခွထဲသို့ ဖန်ဂေါ်လီ ထည့်၍ ချောင်းမြောင်းပစ်ခတ် ခြင်း၊ တုတ်၊ ဓားလက်နက်ကိုင် ဆောင်ကာ ညာသံပေး၍ တက် လာခြင်းတို့ ပြုလုပ်ခဲ့သည်။ လုံခြုံ ရေးယူထားသည့်ရဲများက အဆို ပါလူများကိုပါ ဖြိုခွင်းဖမ်းဆီးခဲ့ ကြသည်။
အထက်ပါ ဖြစ်စဉ်များတွင် ရဲတပ်ဖွဲ့ဘက်မှ သုံးဦးဒဏ်ရာရရှိ ခဲ့ပြီး ကျောင်းသားနှင့်ပြည်သူများ ဒဏ်ရာရရှိခဲ့ကြသည်။ လက်ပံတန်း ကျောင်းသားသပိတ်မှ ကျောင်းသားနှင့် ဒေသခံဦးရေ၁၂၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အစိုးရပိုင်မီဒီယာများမှ တစ်ဆင့် ထုတ်ပြန်သည်။
ဖမ်းဆီးခံရသော ကျောင်းသားများကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ထားကြောင်း သတင်းရရှိသည်။ သပိတ်မှောက်ကျောင်းသားအများစု ဒဏ်ရာရရှိပြီး၊ NNER မှ အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံထားရကာ ၎င်းတို့ကို စိစစ်ပြီးမှ ပြန်လွှတ်မည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြောင်းNNER မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အစိုးရက ထိုင်သပိတ်ပြုလုပ်နေသော ဆန္ဒပြအဖွဲ့အားမြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ကန့်သတ်ထိန်းသိမ်းထားရာမှ မွန်းလွဲ ၁၂ နာရီမှ စတင်၍အခြေအနေ မငြိမ်မသက်ဖြစ်ပေါ်လာပြီး ဆန္ဒပြအဖွဲ့က အတားအဆီးများ ဖယ်ရှားခြင်း၊ ရဲတပ်ဖွဲ့ဝင်များရှိရာနေရာသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခြင်း၊ ရဲတပ်ဖွဲ့ဝင်များအတွင်းသို့ ခဲများဖြင့်ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် ဥပဒေနှင့်အညီ ထိန်းသိမ်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာဖြစ်သည့် မြန်မာ့အသံမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ကျောင်းသားသပိတ်အကြမ်းဖက်မှုနှင့် ဖမ်းဆီးထိန်းသိမ်းမှု ABSDF ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်
 ကျောင်းသားသပိတ် အား အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ်သည် ဒီမိုကရေစီဖော် ဆောင်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို ယုံ ကြည်မှုကင်းမဲ့စေပြီး ပြည်တွင်း မငြိမ်သက်မှုများဖြစ်ပေါ်လာစေ ရန် လက်ရှိအစိုးရက ဖန်တီးနေ သကဲ့သို့ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်သည်။
ကျောင်းသားများ၏ ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်က ရဲအင်အားအလုံးအရင်း ဖြင့် အကြမ်းဖက်နှိမ်နင်းဖြိုခွင်း ပြီး ကျောင်းသား၊ ဒေသခံပြည်သူ နှင့် မီဒီယာသမားများကို ဖမ်းဆီး ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ABSDF ကဆို သည်။မြန်မာအာဏာပိုင်များ၏ ကျင့်ထုံးကဲ့သို့ဖြစ်နေသော အ ကြမ်းဖက် ဖြေရှင်းနေမှုများ  ကြောင့် နိုင်ငံရေးအခြေအနေမှာ အဆိုးရွားဆုံးအခြေအနေသို့ ကျ ရောက်သွားနိုင်ပြီး မလိုလားအပ် သည့် နောက်ဆက်တွဲဆိုးကျိုးများ ကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ် ကြောင့် ဒီမိုကရေစီဖော်ဆောင် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအစိုးရက အကောင်အထည်ဖော်ဆောင် ရွက်နေသည်ဟု ပြောဆိုမှုများကို ယုံကြည်မှုကင်းမဲ့စေပြီး ပြည် တွင်းမငြိမ်သက်မှုများဖြစ်လာစေ ရန် လက်ရှိအစိုးရက ဖန်တီးနေသ ကဲ့သို့ ဖြစ်နေကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
သို့ဖြစ်၍ ဖမ်းဆီးထိန်းသိမ်း ထားသော ကျောင်းသားလူငယ် များ၊ အလုပ်သမား၊ ရဟန်းသံဃာများ၊ မီဒီယာများအားလုံးကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် လိုအပ်သည်ဟု ABSDF က မတ် လ ၁၀ ရက်၌  သဘောထား ထုတ်ပြန်ခဲ့သည်။
အလားတူ ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှု များတွင် ဖမ်းဆီးခံရသူများ အ မြန်ဆုံးပြန်လွှတ်ပေးရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ထုတ် ပြန်ချက်တွင် အလေးအနက်ထား တောင်းဆိုထားသည်။
မတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သော လက်ပံတန်းအပါအ၀င် ကျောင်းသားသပိတ်များကို ကိုင် တွယ်ဖြေရှင်းရာ၌ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံ ထားရသူများအား ထပ်မံအကြမ်း ဖက်ရိုက်နှက်ကန်ကျောက်ခြင်း၊ လူနာတင်ယာဉ်အပါအ၀င် မော် တော်ယာဉ်များကို အငြိုးထား ဖျက်ဆီးခြင်းစသည့် တရားလက် လွတ်ဖြိုခွဲမှုများကို တွေ့ရကြောင်းယင်းကြေညာချက်တွင် ပါရှိ သည်။
Saturday, March 7, 2015
မြန်မာပြည်လူငယ်တွေကို အိုဘားမားချီးကျူး
အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး တောင်းဆိုခဲ့ကြတဲ့ Selma မြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့်အခမ်းအနားတက်ရောက်မိန့်ခွန်းချွေနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)
အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး တောင်းဆိုခဲ့ကြတဲ့ Selma မြို့ ချီတက်ဆန္ဒပြပွဲ နှစ် (၅၀) ပြည့်အခမ်းအနားတက်ရောက်မိန့်ခွန်းချွေနေတဲ့ အမေရိကန်သမ္မတ အိုဘားမား။ (မတ် ၇၊၂၀၁၅)
အမေရိကန် အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုသမိုင်းမှာ အရေးပါတဲ့ အယ်လ်ဘားမားပြည်နယ်၊ ဆယ်လ်မာ (Selma) မြို့ လမ်းလျှောက် ချီတက်ဆန္ဒပြပွဲ နှစ် ၅၀ ပြည့်အခမ်းအနားမှာ သမ္မတ ဘရာ့ခ် အိုဘားမားပြောတဲ့မိန့်ခွန်းထဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်း ပြောဆို သွားပါတယ်။
“မြန်မာနိုင်ငံကလူငယ်တွေဟာ စစ်တပ်အုပ်ချုပ်ရေးကို လက်မြှောက် အရှုံးပေးမယ့်အစား အကျဉ်းထောင်တွေထဲ သွားခဲ့ကြပါတယ်။ John Lewis လုပ်ခဲ့ တာကို သူတို့မြင်ခဲ့ကြတာပါ။” လို့ သမ္မတအိုဘားမားက ပြောပါတယ်။
မစ္စတာအိုဘားမား ထည့်သွင်းညွှန်းဆိုသွားတဲ့ John Lewis ဟာ ဆယ်လ်မာမှ မောင်ဂိုမာရီ (Montgomery) သို့ဆိုတဲ့ ချီတက်ပွဲတွေမှာ အဲဒီအချိန်က လူငယ်တက်ကြွလှုပ်ရှားသူတဦးအဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး ရဲတွေရဲ့ ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရသူဖြစ်ပြီးတော့ အထူးထင်ရှားခဲ့ပါတယ်။ အခုတော့ သူဟာ ထင်ရှားတဲ့ လွှတ်တော်အမတ်တဦးဖြစ်နေပါပြီ။
လမ်းလျှောက်ချီတက်ပွဲ နှစ် ၅၀ ပြည့်အခမ်းအနားအဖြစ် ဆယ်လ်မာမြို့မှာ စနေနေ့ကကျင်းပတဲ့ပွဲမှာ သမ္မတအိုဘားမားက တိုင်းပြည် ပိုကောင်းဖို့အတွက် အမေရိကန်နိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ကြဖို့ တိုက်တွန်းသွားပါတယ်။
တန်းတူအခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တာ အခုချိန်ထိ မအောင်မြင်သေးဘူးဆိုတာကို သမ္မတအိုဘားမားက အသိအမှတ်ပြုပြောဆိုတဲ့ တချိန်တည်းမှာပဲ ဘာမှ မပြောင်းလဲသေးဘူးလို့ ပြောကြတာတွေကိုတော့ သူက ပယ်ချပါတယ်။ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ပြုမူဆက်ဆံပုံကြောင့် လူမျိုးရေးတင်းမာမှုတွေ အသစ်ပြန်ပေါ်လာနေချိန်နဲ့ အခုနှစ်ပတ်လည်အချိန် တိုက်ဆိုင်နေတာပါ။
Friday, March 6, 2015
ဖြစ်နေဆဲ တိုက်ပွဲများ
Students News: Updated 5 March : 10:00 AM
ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်း၌ လက်ပံတန်းမြို့အ၀င်တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး တင်းကြပ်သည့် အနေဖြင့် အတားအဆီးဂိတ်များ ချထားကြောင်း သိရသည်။ ယမန်နေ့က ကျောင်းသားများကို ထောက်ခံဆန္ဒပြခဲ့သော မြို့ခံများမလာနိုင်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောကြားခဲ့သည်။
Monday, March 2, 2015
လက်ပံတန်းမှာပိတ်ဆို့ ခံထားရတဲ့ ကျောင်းသားကျောင်းသူများ
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း ဟာ ခု လက်ပံတန်းမှာ ပိတ်ခံထားရပါပြီ။
သာယာဝတီကို ရောက်အောင် ချီတက်ရာမှာ လမ်းပိတ်ထားတဲ့အတွက် သံဃာတော်များနဲ့ သပိတ်မှောက်ကျောင်းသားများ အစာငတ်ခံထိုင် ဆန္ဒပြနေပါပြီ။
ကျောင်းသားနဲ့သံဃာတော်များ တခုခု ဖြစ်ခဲ့ရင် အစိုးရသာ တရားခံ ဖြစ်ကြောင်း ကမ္ဘာကို အသိပေးပါတယ်။
သပိတ်မှောက် ကျောင်းသားများ
Happening Now: ကျောင်းသားသပိတ် ၈ချက်တောင်း၊ အာဏာပိုင်တွေ ၃ချက်
သဘောမတူလက်ပံတန်းမှာ ပဲခူးတိုင်းရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့မှုကိုခံထားရတဲ့ သပိတ်မှောက် ပင်မစစ်ကြောင်းဟာ ၁ဝတန်းစာမေးပွဲနဲ့ သံဃာတော်တွေရဲ့ စာမေးပွဲကို ရှေ့ရှုပြီး ရန်ကုန်ကို ကားနဲ့ချီတက်ဖို့အတွက် အချက် ၈ချက်ကို တောင်းဆိုလိုက်ပြီး ပဲခူးတိုင်း နယ်စပ်သေတင်းသောယာဝတီအထိ လတွ ရရှိပါတယ်။
သပိတ်မှောက်ကျောင်းသားတွေ မေ်းတောင်းဆိုချက် ၈ချက်ကတော့ -
၁။ သာယာဝတီအထိ လမ်းလျှောက်မယ်
၂။ သာယာဝတီရောက်တဲ့အခါ ရန်ကုန်ကို ကားနဲ့သွားမယ်
၃။ ကားနဲ့သွားရာလမ်းတစ်လျှောက် ကျောင်းသားသမဂ္ဂအလံကိုလွှင့်မယ်
၎။ ကျောင်းသားသီချင်းဆိုမယ်
၅။ ရန်ကုန်ကို မော်တော်ကားကို မနှေးမမြန်မောင်းနှင်မယ်
၆။ ရွှေတိဂုံစေတီတော်ရင်ပြင်က ပထမကျောင်းသားသပိတ် ကျောက်တိုင်
(သို့) တက္ကသိုလ် သမဂ္ဂရင်ပြင်က ဗိုလ်အောင်ကျော်အုတ်ဂူမှာ သစ္စာအဓိဌာန်ပြုမယ်
၇။ လူစုခွဲမယ်၊ ရဲတွေ အာဏာပိုင်တွေ အတင်းအကြပ်ပြန်မပို့ရ
၈။ လုံခြုံရေးယာဉ်တန်းက ခွာပြီးလိုက်ရမယ်
ဖြစ်ပါတယ်။
နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး ဦးသက်ထွန်းကတော့ သာယာဝတီထိ
 လမ်းလျှောက်မယ့်အချက်နဲ့ ကားပေါ်မှာ အလံလွှင့်ပြီး သီချင်းဆိုမယ့်
အချက်တွေကို လက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။
(ဓာတ်ပုံ- ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)
Sunday, March 1, 2015
မဘသ၊ ကျောင်းသားနဲ့ NNER တို့ရဲ့ ပညာရေးဥပဒေကြမ်းအမြင် ဘယ်လိုရှင်းလင်းခဲ့လဲ
လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူရေးဆွဲထားတဲ့ ပညာရေးဥပဒေကြမ်းအပေါ် ဘကကျောင်းတွေ ဖျက်သိမ်းပစ်ရမယ်၊ လွတ်လပ်ခွင့်သိပ်များသွားရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ဘူးဆိုတဲ့ ကောလဟာလတွေနဲ့ ဝေဖန်မှုတွေထွက်လာချိန်မှာ သပိတ်မှောက်ကျောင်းသားတွေဟာ မဘသဆရာတော် ဦးပါမောက္ခနဲ့ ဖေဖော်ဝါရီ ၂၈က တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။
ဝေဖန်ထင်မြင်ချက်မျိုးစုံ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေတာကြောင့် အခုလို အများပြည်သူတွေ ရှင်းလင်းသွားအောင် ဆွေးနွေးပြောဆိုကြတာဖြစ်ပြီး ကျောင်းသားတွေကလည်း
 ကောလဟာလတွေဖြစ်နေသလို တောင်းဆိုတာ မဟုတ်တဲ့အကြောင်း ဦးပေါမောက္ခက ဆိုပါတယ်။ နိုင်ငံကောင်းစေချင်ရင် ကိုယ်လိုချင်တာမရလို့ ရန်သူလိုမဆက်ဆံစေချင်ဘဲ အားလုံးစုပေါင်းပြီး အဖြေရှာဖို့လိုတယ်လို့ ပြောပါတယ်။
ပညာရေးဥပဒေကြမ်းရဲ့ အပိုဒ် ၁၈၊ ပုဒ်မ ၄ (ည)၊ ပုဒ်မ ၃၄ စတာတွေအပါအဝင် ဥပဒေကြမ်းပါ အချက်အလက်တွေကို ရှင်းလင်းတဲ့ပွဲကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုအောင်နေပိုင်တို့ ၆ယောက်နဲ့ NNER က ဒေါက်တာညိုညိုသင်း၊ ဒေါက်တာစိုးထွန်း၊ ကိုရဲဝင်း၊ ဒေါက်တာအာကာမိုးသူ၊ ဒေါက်တာသိန်းလွင်တို့ ၅ယောက်တို့ တက်ရောက်ခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကြား နောက်ကျကျန်ခဲ့တဲ့မြန်မာပြည်ကို ဆွဲထုတ်ဖို့အတွက် ပညာရေးကအဓိကကျတာကြောင့် အခုလိုပြုပြင်ပြောင်းလဲရေးလှုပ်ရှာေးနတာဖြစ်ပြီး နိုင်ငံရှေ့ရောက်ဖို့ တက်လှမ်းရမယ့်ခြေလှမ်းပါလို့ ပြောလာသူက ကိုမင်းသွေးသစ်ပါ။ ဒီဥပဒေကြမ်းကို အတည်ပြုလိုက်ရင် အားလုံးလိုက်နာရမှာမို့ အားလုံးရဲ့အသံတွေ ပါဝင်စေချင်တာကြောင့် အခုလိုဝေဖန်အကြံပြုတာ ကောင်းတယ်လို့ ဆိုပါတယ်။
Facebook လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောဆိုနေတဲ့ဂယက်တွေကို အခုလိုဆွေးနွေးကြည့်တဲ့အခါ နည်းဥပဒေရေးဆွဲရေးမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ မြင်လာရလို့ တန်ဖိုးရှိတယ်လို့ ကိုနန္ဒာစစ်အောင်က ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အောင်မြင်တဲ့ သာဓကတွေရှိလာမယ်ဆိုရင် ဒီညှိနှိုင်းမှုကိုယုံကြည်လာပြီး ဆွေးနွေးတဲ့ယဉ်ကျေးမှုကို ပညာရေးကနေစဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။
ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ကျောင်းများဆိုတဲ့စကားလုံးကို ညှိနှိုင်းတဲ့အခါမှာ တိုင်းရင်းသား ဘာသာရေးကျောင်းများအဖြစ် ညှိနှိုင်းနိုင်ပေမယ့်လည်း တိုင်းရင်းသားဆိုတဲ့နေရာမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စရာရှိနေလို့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရနေတာမို့ ဒီပုဒ်မကို ပျက်သွားစေချင်တယ်လို့ အမျိုးသားရေးဝါဒီ ကိုနောင်တော်လေးက ဆိုပါတယ်။ ပညာရေးဥပဒေကြမ်းကို မကန့်ကွက်ဘဲ မလိုလားတဲ့ပြဿနာတွေပေါ်လာမှာကို တားဆီးသွားမယ်လို့ ဆိုပါတယ်။
ပြည်သူကို ဥပဒေအရ မကာကွယ်ပေးနိုင်ရင် ဘာဖြစ်သွားနိုင်သလဲ
လူ့အခွင့်အရေးကို တရားဥပဒေအရ ကာကွယ်စောင့်ရှောက်မှု မပေးနိုင်ရင် ဖိနှိပ်တာတွေ မခံနိုင်တဲ့တစ်နေ့ အကြမ်းဖက်ဆူပူမှုတွေဖြစ်လာနိုင်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၈ရက်နေ့မှာ ဟင်္သာတမြို့မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဒီကနေ့မြန်မာပြည်အခြေအနေ ဗိုလ်ချုပ်သာရှိနေရင် ကျေနပ်နိုင်ပါ့မလား။
ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေ အပြည့်အဝရရှိဖို့ဆိုရင် ဒီမိုကရေစီရရှိရေးလုပ်ဆောင်ရာမှာ ပြည်သူတွေကလည်း တာဝန်သိသိ၊ တာဝန်ရှိရှိ လုပ်ဆောင်ဖို့လိုတယ်လို့ ဧရာဝတီတိုင်း ဟင်္သာတမြို့မှာကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝပြည့်မွေးနေ့ အထိမ်းအမှတ်ဟောပြောပွဲမှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင်က ပြောဆိုခဲ့ပါတယ်။ ပြည်သူတွေ မလုပ်သင့်တာတွေကို လုပ်နေမယ်ဆိုရင် တိုင်းပြည်အနာဂတ်ဟာ အကျည်းတန်းသွားမှာဖြစ်လို့ ဒီမိုကရေစီလိုချင်ရင် တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေရမယ်လို့ ဆိုပါတယ်။
သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ရဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝပြည့်မွေးနေ့အထိမ်းအမှတ် ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းသာ ရှိနေမယ်ဆိုရင် ဒီကနေ့မြန်မာပြည်အခြေအနေကို အားရကျေနပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ လွတ်လပ်ရေးရဖို့ကြိုးစားခဲ့တဲ့ ခေါင်းဆောင်တွေ ကျေနပ်စေဖို့ ပြည်သူဟာ ကျလာတဲ့တာဝန်ကို မရှောင်လွှဲဘဲ ထမ်းဆောင်ဖို့၊ တိုင်းပြည်ချမ်းသာကြွယ်ဖို့အတွက် ပြည်သူတွေအေးချမ်းတည်ငြိမ်ဖို့လိုတဲ့အကြောင်း၊ စားဝတ်နေရေးနဲ့ လုံခြုံမှုအတွက် စိတ်ပူနေရတယ်ဆိုရင် မငြိမ်းချမ်းသလို ချမ်းသာကြွယ်ဝမှုလည်း မရှိနိုင်ဘူးလို့ ပြောပါတယ်။
ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်က အခုလိုအထိမ်းအမှတ်ပွဲဟာ ဗိုလ်ချုပ်ကို ရုပ်ပိုင်းဆိုင်ရာအရ ကျေးဇူးဆပ်တာဖြစ်ပြီး ဗိုလ်ချုပ်ချမှတ်တဲ့လမ်းစဉ်နဲ့ မျှော်မှန်းတဲ့တိုင်းပြည်ဖြစ်အောင် အလုပ်လုပ်ပြီး ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။
ပြည်တွင်း ကျောင်းသားသပိတ် အား ပိတ်ဆို့ တားဆီး
Happening Now: 8:42 am
ဒီကနေ့မနက် ရန်ကုန်ကို ဦးတည်စတင်ချီတက်မယ့် လက်ပံတန်းမှာရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်း တည်းခိုရာ အောင်မြေဗိမ္မာန်ကျောင်းတိုက်ကို ရဲအင်အား ၁ဝဝကျော်၊ မီးသတ်ကားနဲ့ အဓိကရုဏ်ဖြိုခွဲရေးကား ၅စင်းတို့ အခုပဲ ရောက်လာပြီး သပိတ်ပင်မစစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့လိုက်ပါတယ်။
ကျောင်းသားတွေက ကြွေးကြော်သံတွေ စတင်အော်ဟစ်နေပြီး ဆက်လက်ပိတ်ဆို့နေပါက ဆွေးနွေးညှိနှိုင်းမှု ဆက်မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
(ဓာတ်ပုံ - ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)
လစာတိုးမည့် ပမာဏကို ၀န်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်သို့ အသိမပေးသေး
နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးပေးမည်ဟု ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြားထားပြီးနောက် တိုးမည့် ပမာဏကို ပြည်ထောင် စုလွှတ်တော် ငွေစာရင်းကော်မ တီနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ကြားနာပွဲ ပြုလုပ်သော်လည်း ပြည်ထောင်စုဝန်ကြီး တစ်ဦး တည်းသာ သိရှိပြီး ၀န်ကြီးခရီး ထွက်သွား၍ မသိရှိပါကြောင်း သာ ၀န်ကြီးဌာနက ပြန်လည်ဖြေ ကြားခဲ့သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးစိုင်းသီ ဟကျော်က ပြောသည်။
‘‘ဒါက ၀န်ကြီးတစ်ယောက်ပဲ သိတာဖြစ်ပြီး ဒုဝန်ကြီးတောင် မသိဘူးလို့ ပြောပါတယ်။ ဒီစာ ရင်းတွေအားလုံးကို ၀န်ကြီးတစ် ယောက်ပဲ လုပ်နိုင်လား၊ မလုပ် နိုင်လားဆိုတာတော့ စဉ်းစားစရာ ပေါ့’’ဟု ဦးစိုင်းသီဟကျော်က ပြောသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန် ထမ်းများ၏ လစာကို လက်ရှိလ စာ၏ နှစ်ဆခွဲခန့် (၁၅၀ ရာခိုင် နှုန်းခန့်) တိုးမြှင့်ပေးရန် ပြောကြား ထားသော်လည်း အစိုးရအဖွဲ့ ဘက်မှ ၃၀ ရာခိုင်နှုန်းခန့်သာ တိုးပေးနိုင်မည့် အခြေအနေဖြစ် ကြောင်း သိရသည်။
၃၀ ရာခိုင်နှုန်းဆိုပါက လက်ရှိလစာ ကျပ်တစ်သိန်းရသော ၀န် ထမ်းသည် တစ်သိန်းသုံးသောင်း ခန့် ရရှိမည့် အခြေအနေသာဖြစ် ကြောင်း ပြည်သူ့ငွေစာရင်း ပူး ပေါင်းကော်မတီမှ သိရသည်။
ပြည်ထောင်စုအစိုးရ၀န်ကြီး ဌာနများနှင့် အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ အခွန်အကောက် များနှင့်အရ အသုံးငွေစာရင်းများ ကို လွှတ်တော်အဖွဲ့အစည်း ၁၉ ခုက ၀န်ကြီးဌာန အလိုက်စိစစ် ပြီး ဖြစ်သော်လည်း ယခုချိန်အထိ အဆိုပါ စာရင်းများကို စစ်ဆေးရ မည့် လွှတ်တော်ကိုယ်စားလှယ် များအား ၀န်ကြီးဌာနက တရားဝင် အသိမပေးခြင်းသည် လွှတ်တော် ကို မယုံကြည်သည့် သဘောမျိုး သက်ရောက်နိုင်ကြောင်း ဦးစိုင်း သီဟကျော်က ပြောသည်။
လက်ရှိအနေအထားအရ နိုင်ငံ့ဝန်ထမ်းများ လစာတိုးပေး မည့် ပမာဏကို အစိုးရအဖွဲ့၏ ယခင်နှစ် အသုံးစရိတ်၊ ၀န်ထမ်း အင်အားနှင့် ယခုဘဏ္ဍာနှစ်အသုံး စရိတ်တို့ပေါ်မူတည်၍သာ တွက် ချက်ရခြင်းဖြစ်ကြောင်း လွှတ် တော်ကိုယ်စားလှယ်များက ဆို သည်။
အစိုးရအဖွဲ့၏ စီမံကိန်းများ ကို လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြမှုများ ရှိခဲ့ သဖြင့် စီမံကိန်းအချို့ ပယ်ဖျက် ခဲ့ရသည့်အတွက် စီမံကိန်းပေါ်မူ တည်၍ ၀န်ကြီးဌာနများ၏ အသုံး စာရင်းများကို ပြန်လည်ပြင်ဆင် ရန် လိုအပ်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးမှု ပူးပေါင်းကော် မတီမှ သိရသည်။