Showing posts with label နေသာရေးသောကဗျာ. Show all posts
Showing posts with label နေသာရေးသောကဗျာ. Show all posts

Tuesday, March 3, 2015

ပလ္လင်ပေါ်တက်တဲ့မြေ ခွေး ( သို့ မဟုတ် ) တက္ကသိုလ်မြေ နေဝင် ချိန်



 လှောင် ပိတ် ရိုက်တာလား
ချောင် ပိတ် နှိုက်တာလားတော့မသိ
တစ်ကယ်တော့ ပြည်သူကလွဲရင်
ကျန်တာအားလုံး နေပြည်တော်မှာရှိတယ်။

ခံစားမှု့တွေနဲ့ သူတို့ တွေ
လွယ်အိတ်ပိုက်လို့  မွန်းတည့်ကိုအံတုခဲ့
အော့့် ဒီတက္ကသိုလ်ဆိုတာ
ပျံသန်းခြင်းလုလင် တို့ ကို
ကြည်နူးကြင် နာခဲ့သင့်
တစ်ချို့  တစ်ချို့  အ ဝေးရောက်သားတွေအတွက်
မိခင် တွေဟာ ရင် ဘတ် ထု လို့ 
အံကြိတ်လို့  ဆန် အိတ် ပျောက်ပေမယ့်လည်း
ထောင် ဝင် စာက တော့ နေပြည်တော်မှာရှိခဲ့တယ်
ဒါက့ ဘွဲ့ ယူရမယ့် အချိန် လေ။
အော့် နေ ပြည်တော် ဆိုတာ
ရေနံပို့ ဖို့ အတွက် စည်းဝေးခန်းမ နေ ရာ
လျှပ်စစ် ဓာတ် အား ခိုးဖို့ ညီလာခံ
ပေါက်ဖော် စီမံကိန်းတွေ အတွက် အိမ်နီးချင်းကောင်းပီသရာ နေရာတစ်ခု
ပြည်သူ အတွက် လစ်ဟာမှု့စုဝေးရာ ဒေသ
အမတ်မင်းအ ပေါင်း တိမ်းရှောင် ဖို့  ကြိုကြား
အဲ့တာဟာ နေပြည် တော်ကွဲ့ ။
ဒီမိုက ရေစီဟာ
ခရိုနီတွေအတွက် သက်သက် ဖြစ်ခဲ့
လာဘ်ပေးလာဘ်ယူမှု့တွေနဲ့ 
ပွက် လောရိုက်နေ တဲ့ခမ်းမကြီးဟာ
နေ ပြည်တော်မှာ ထည်ထည် ကြီးအဆီရစ်လို့ 
လောဘ ရမ္မက် ကြီးသူတွေ အတွက်
ငွေထုတ်ကို တရုတ်က ရတယ်
ဟဲ့နွားတွေ လယ်ထွန်ဖို့ လည်း မ မေ့ကြနဲ့ ဦး
ဒီလို နဲ့ မိသားစု တစ်စု ချမ်းသာဖို့ အတွက်
သူတို့ တွေ နိုင် ငံကို လယ်ထွန် ခဲ့တယ်
ပေးဆပ် ရတာ ပြည့်သူ့  သွေးချွေး
အထုပ် ပိုက် အမျိုးယုတ်တာ အာဏာရူးနဲ့  အပေါင်းအပါ
အော့် ခက်ပါဘိ
မြေ ခွေး တို့ ပလ္လင် ပေါ်တက်တုန်းခဏဟာ
ဝံပုလွေ အမတ်မင်းဖြစ်တာ မဆန်းပါဘူး
သူတောင်းစားဆိုတာ တောင်းစားသာ သဘာဝ
အစိုးရ မ တောင်းပဲစားတာက
အော့့်ဒီနွားနှယ် လတ်ပြတ် ခြေပြတ်လဲ မဟုတ်ပဲ
လယ် မထွန် တတ်ပါလား
ဘောက်ထူဇာ ထိုးဖို့  ကျ မြန်လိုက်တာနော်
ကမ္ဘာမှာ့အရင် က
သံယံဇာတ တွေ အ ပေါဆုံး
ကြွေးကြော်ခဲ့တဲ့ပြည်သူ့ အသံအစား အခု
ကမ္ဘာမှာ့မြန်မာဟာ
သံယံဇာတ အပို့ ဆုံးနိုင် ငံရယ် လို့ 
ဝံပုလွေ အ ပေါင်းတို့  အားပါးတရ အော် တယ်
အော့်နိုင် ငံ ဆိုတာ ပြည်သူရှိမှ ဖြစ်တာ လေ
အခု နိုင် ငံက နေပြည်တော်တစ်ခုတည်းနဲ့ ဖြစ်တယ်
အော့်ဒါလားဟဲ့ သခင် မျိုးဟေ့ တို့ ဗမာ
ဟားတိုက်ချင် စမ်းပါဘိ
သွေဖယ်စရာရှားလို့ ကွယ်
ကိုယ့်နိုင် ငံကိုယ်ပြန် ဖောက် ရတယ်လို့ 
စစ်တပ် စစ်သေနပ်ဟာ ပြည်သူ့ အတွက်ဖြစ် ရတယ်လို့ 
သံဃာတော် တွေအတွက် ဖြစ် ရတယ်လို့ 
ကျောင်းသားအတွက် ဖြစ် ရတယ်လို့ 
အော့်မိဘပြည်သူများခင် ဗျားတဲ့ဗျာ
တက္ကသိုလ် ဆိုတာ
နေဝင် ချိန် တွေ အတွက် ဆည်းဆာ
တက္ကသိုလ် ဆိုတာ
နိုင် ငံတစ်ခုရဲ့အားထားရာ
တက္ကသိုလ်ဆိုတာ
ဆည်းလည်းသံတို့ ခ ညောင်းရာ နေ ရာက နေ
နေဝင် စပြုနေခဲ့ပါပီ
အော့်နေဝင် စပြုခဲ့ပါပီ
ထပ်ပြောရရင်တော့
ပြည်သူ့ အတွက်ကလွဲလို့ 
ကျန်တာအားလုံးနေပြည်တော်မှာရှိတယ်ကွဲ့ ။
( နေသာ ) [ Love Less ]
{ 1:36 AM }
| 02~18 ~2015|

Saturday, February 28, 2015

အောင်မြင်ခြင်းတစ်ခု ဆီသို့  လှမ်းခြင်း (၀ါ) အချစ်ကို ခေါင်းစဉ်တပ်ကြည့်ခြင်း



အောင်မြင်ခြင်းတစ်ခု ဆီသို့  လှမ်းခြင်း (၀ါ) အချစ်ကို ခေါင်းစဉ်တပ်ကြည့်ခြင်း

သူငယ်ချင်း
စိတ်ဓာတ် တို့ ဦးတည်ရာကို ကြည့်စမ်းပါ
မင်း ရဲ့ မိုက်မဲ မှု့ကို မြင်လိမ့် မယ်
ဒီတိုင်းပဲ ကြည့်နော်
နောင် တ တွေ မပိုက် မိစေ နဲ့ 
ဒါ မင်းဖြစ်ချင် ခဲ့တာလေ.။

ညီ လေး .....
ဖြစ်ချင်တာ မဖြစ်ခဲ့ဘူးလား
ဒါဆို   အတိတ်ကို တစ်ချက် ပြန်ငဲ့ကြည့်လိုက်
ငဲ့ကြည့် ယုံပဲ ငဲကြည့်နော်
ခြောက် သွေ့ခဲ့တဲ့ နွေရာသီ တစ်ချို့ ထဲက
အိမ်မက် ဟောင်းနေ့ စွဲတွေ ဆီ
ထွက် မပြေးနဲ့ ဦး
ဒါ  မင်းဖြစ် စေ ခဲ့တာလေ

ဒီလို ပဲ  သူငယ်ချင်း
တစ်ခါ တစ် လေ သတိရ ခြင်း ထဲက ပြေးထွက် ကြည့်လိုက်
ပေါ့ ပါးခြင်း တစ်ခု ကို ခံစားရလိမ့်မယ်
တစ်ခုတော့ ရှိတာ ပေါ့
သုည ကို ဂုဏ်တင် ဖို့ အတွက် တော့
အိမ်မက် တွေ ညတာ မရှည် စေနဲ့ 
ညီလေး....
အတိတ် တွေကို သပိတ် မှောက် ဖို့ 
အနာဂတ်တို့ ရဲ့ ပစ္စပ္ပုန် နံနက်ခင်းတိုင်းမှာ
နိုးထရဦးမယ်လေ .။

သူငယ်ချင်း ......ဘ၀မှာ
ညီမျှခြင်းဆိုတာ ကြားဖူးတယ်မလား
မညီ မျှ ခြင်းတွေ ကို အဖြေရှာ ကြည့်
အချစ် ဆို တာ ကို သိလာလိမ့်မယ်
သု ညကို သုည နေရာမှာထားပီး
အတောင်ပံတွေကို လေဟုတ် ခတ်ကြည့်
အတိတ်ဆိုတာ အဝေးကို လွင့်စင် သွားလိမ့်မယ်

ညီလေးး....ဘ၀မှာ
သစ္စာ တရားဆို တာ ရှိကြလား
တစ်ချို့ တစ်ချို့ တွေ မေတ္တာတွေ ဝေးလို့ 
သစ္စာရေ တွေကို လက်ဆေးခဲ့ကြတယ်
သစ္စာတရားတိုင်းဟာ
သစ္စာ မဲ့ပီးနောက်
သူတို့ ရဲ့ အနှစ်သာရ မရှိတော့တဲ့
အသစ်ကမ္ဘာမှာ  အချစ်စစ် လို့  ခေါင်းစဉ် တက်ခဲ့ကြတယ်

သူငယ်ချင်း .......
ဘ၀ဟာ ဘာအဓိပ္ပယ်မှ မရှိ လို့ 
ငါ တို့ တွေ အဓိပ္ပယ် ဖွင့် နေကြတာ ပါ
သု ညကို သုည နေရမှာ ထားနိုင် တဲ့ တစ်နေ့ 
စိတ်ဓာတ် တို့ ဦးတည်ရာကို ကြည့်လိုက်
အရင် က မိုက်မဲ  မှု့ အတွက်
မင်းတာဝန် ကျေတာထက် ကျော်ခဲ့ပီ
ဒါ မင်းဖြစ်ချင်ခဲ့တာပဲလေ .။

ညီလေး..........
ဟိုးအရင် ရက်စွဲတစ်ချို့ နဲ့ 
အခု မင်းပစ္စပ္ပုန် တစ်ချို့ ကို
ဘယ်တော့မှ  မနှိုင်း ယှဉ်စမ်းပါ နဲ့ 
လက်ရှိမှာ အတိတ်တစ်ချို့ က
အိမ်မက် ဟောင်းတေက ဘ၀မဟုတ်ဘူး
ဘ၀သာ ဘ၀ဖြစ်တယ်ဆိုတာကို တွေးပီး
ခြောက်သွေ့ခဲ့တဲ့နွေရာသီ တစ်ချို့ ဆီပြန်သွားကြည့်
ဒါဟာ မင်းဖြစ်စေခဲ့တာပဲလေ.။

သူငယ်ချင်း ......
မင်း .....ကြိုးစားခဲ့တယ်
မင်း..... နိုးထခဲ့တယ် .။
တစ်ခု တော့ ရှိတာ ပေါ့ကွယ်
မညီမျှခြင်းဆိုတာကို နားလည်ပီးနောက်
ညီမျှခြင်း ကို မရှာနဲ့ တော့
လွင့်စင့်ခဲ့တဲ့ အတိတ်ကို
ခြေရာ ပြန် ကောက်သလို ဖြစ်မယ်
အတိတ်ဆိုတာ အတိတ်ပဲလေ
ဘ၀မှ မဟုတ်တာပဲ

ညီလေး ........
ယက္ခ ဂုန်မာန် စောင့် ကျပ်တဲ့ 
ဘီလူဆိုင်း တီးချင် သူတို့ ရဲ့ ဇတ်စင် ပေါ်မှာ
တစ်ခါ တစ်ခါ  လွမ်းတေးး  တွေ ဆို ပြခဲ့ပါ
ဒါဟာ အတိတ် တစ်ခုကို ပေးဆပ်ဖို့ 
လုံလောက်တဲ့  ပေးဆပ်မှု့ပါ.။
တန်ပြန် တဲ့ သက်ရောက်မှု့တစ်ခုကို မျှော်ကြည့်တိုင်း
အောင် မြင် တဲ့ပုံစံကို ခဏ ခေါက်
ဂရုဏာ သက် ခြင်းကို ပုံဖော်ပီး
ခပ်ယဲ့ယဲ့ လေး ပြုံးပြခဲ့ လိုက်
မင်း ဘ၀ရဲ့ အတိတ်တွေ ငို နေလိမ့်မယ်
မင်း ဘ၀ရဲ့ အတိတ်တွေ နောင် တတွေပိုက်လို့ 
သူ တို့  ရဲ့ နွေရာသီ အစ
ကိုယ်တိုင် လုပ်ယူကြလိမ့်မယ်
သူတို့ မြင်ခဲ့ တဲ့ သုည ဟာ တစ် ဖြစ် နေ ချိန် ဆိုတော့
ညီမျှခြင်း တွေရှာ ဖို့  သူ တို့ ခရီးထွက်ကြဦးမယ်လေ
ပြောခဲ့သလို ပေါ့
အချစ်စစ် လို့ ခေါင်းစဉ် တပ်ကြ ဦးမယ်
ဒါဟာ အောင်မြင် ခြင်းတစ်ချို့ ပေါ့ ကွယ်

       နေသာ