Sunday, March 22, 2015

စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs)


 



  Four eyes see better than two.
လူနှစ်ဦးခေါင်းချင်းဆိုင် တိုင်ပင်ပါကအကြံဉာဏ်ကောင်းပို၍ ပေါ်ပေါက်နိုင်သည်ဟုဆိုလိုပါသည်။
"Many hands make light work." ဟူသောစကားပုံနှင့် ၎င်း၊ "The more, the merrier" နှင့်၎င်း ဆင်တူ၍ "He travels fastest, who travels alone" နှင့် ဆန့်ကျင်ပါသည်။

 Full cup, steady hand.
(Used especially to caution against spoiling a comfortable or otherwise enviable situation b y careless action.)
အမှု ကိစ္စများကို ပြုလုပ်ဆောင်ရွက်ရာတွင် သတိကြီးစွာစွဲဆောင်သင့်ကြောင်းသတိပေးသွန်သင်သောစကားဖြစ်ပါသည်။

  He gives twice who gives quickly.
သဒ္ဒါတရားထက်သန်သူသည်၊ ငွေကြေးပစ္စည်းတို့ကိုစွန့်လွှတ်လှူဒါန်းပေးကမ်းရာတွင် ကပ်ငြိခြင်းမရှိဘဲရက်ရောသည်ကိုဆိုလိုပါသည်။
  God helps them that help themselves.
ဗုဒ္ဓဘာသာတရားတွင်လည်း "ကိုယ့်ကိုကိုယ်သာ၊ ကိုးကွယ်ရာ" ဟူ၍ မြတ်ဗုဒ္ဓကမိန့်ဆိုထားပါသည်။

  You can’t lose what you never had. (gains and losses)
"မရှိတောင့်တ၊ ရှိကြောင့်ကြ" ဟုဆိုရာ၌ ပစ္စည်းဥစ္စာရှိပါကစိုးရိမ်ပူပန်စိတ်များ ပွါးများနေတတ်ပြီးမရှိပါကကြောင့်ကြစိတ်ကင်းစွာနေနိုင်ကြောင်းကိုဆိုပါသည်။
ဥပမာမွေးဖွားစဉ်ကတည်းကမျက်စိနှစ်ကွင်းအလင်းမရခဲ့သူသည် မြင်ခြင်းအာရုံ၏ အကျိုးကျေးဇူးကိုမသိနားမလည် မခံစားတတ် သကဲ့သို့ ဖြစ်ပါသည်။

  One half of the world does not know how the other half lives.
ဆင်းရဲချမ်းသာကွာဟမှုကိုဆိုလိုပါသည်။ချမ်းသာသူများသည်မရှိဆင်းရဲသားများ၏ဘဝကိုထောက်ထားစာနာသဘောပေါက်နားလည်မှုမရှိကြောင်းကိုဆိုလိုပါသည်။

  If all you have is a hammer, everything looks like a nail.
"တူဖြစ်ရင်နှံ၊ပေဖြစ်ရင်ခံ" ဟူသောစကားပုံနှင့်တူပါသည်။

  A still tongue makes a wise head.
ပညာရှိသူသည်စကားကိုမဆင်မခြင်မပြောဆို၊စဉ်းစားချင့်ချိန်ပြီးမှပြောတတ်ပုံကိုဆိုလိုပါသည်။

  Still waters run deep.
စကားကိုစည်းမစောင့်ဘဲနှုတ်မှထွက်တိုင်းမပြောဘဲ "ဆိုခဲစေ၊ မြဲစေ" ဖြစ်သင့်သည့်သဘောကိုဆောင်ပါသည်။

  The more you stir it, the worse it stinks. (action and consequence)
"ပြောလေ၊ကဲလေ" သဘော ဖြစ်ပါသည်။

  Strike while the iron is hot.
သားသမီးများကိုလိမ္မာယဉ်ကျေးစေရန်ငယ်စဉ်ကပင်သွန်သင်ဆုံးမသင့်ကြောင်း ပြဆိုခြင်းဖြစ်ပါသည်။

  Success has many fathers while failure is an orphan.
ကျရှုံးနိမ့်ကျနေချိန်တွင်မျက်နှာငယ်ရပြီးအောင်မြင်ကြီးပွါးနေခိုက်ခေါ်ပြောဆက်ဆံအရေးပေးသူများတတ်ကြောင်းလောကဓမ္မတာဖြစ်မြဲအရာကို ပြဆိုပါသည်။

  It is idle to swallow the cow and choke on the tail. (perseverance)
(It is shame to perform a great task all but a little and then give over.)
"ဆင်ကောင်ကြီးအမြီးကျမှတစ်" ဆိုသကဲ့သို့အစကောင်းပြီး ပြီးဆုံးအောင်မလုပ်နိုင်ခြင်းသည်ရှက်ဖွယ်ဖြစ်၍လုပ်ငန်းတစ်ခုကိုလုပ်ဆောင်ရာတွင်စ၊လယ်၊ဆုံးဇွဲသုံးသင့်ကြောင်း ပြဆိုပါသည်။

  If every man would sweep his own doorstep, the city would soon be clean.
"တစ်ဦးချင်းသန့်ပါက၊တစ်အိမ်လုံးသန့်ရှင်းမည်။အိမ်တိုင်းလည်းသန့်မှသာတစ်ရွာလုံးသန့်ရှင်းမည်။" ဟူသောသီချင်းကဲ့သို့ ဖြစ်ပါသည်။တစ်မြို့လုံး၊တစ်နိုင်ငံလုံးသန့်ရှင်းစေရန်တစ်ဦးချင်းကစတင်ရမည် ဖြစ်ကြောင်းလှုံ့ဆော်သောစကားဖြစ်ပါသည်။

  A tale never loses in the telling. (rumour)
ကောလဟာလသတင်းမည်သည် "တစ်ယောက်ကစတစ်ရာမဆုံး" ပြောဆိုလေ့ရှိပုံကိုဆိုပါသည်။

  Talk of the devil and he is bound to appear. (coincidence)
တစ်စုံတစ်ယောက်သောသူ၏အကြောင်းကိုပြောဆိုနေစဉ်တိုက်တိုက်ဆိုင်ဆိုင်ထိုသူဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသောအခါပြောဆိုလေ့ရှိသောစကားဖြစ်ပါသည်။

  When thieves fall out, honest men come by their own. (honesty and dishonesty)
သူတော်မဟုတ်သည့်လူယုတ်မာများချုပ်စဲသွားပါကလူသူတော်ကောင်းများအလိုအလျောက်ပေါ်ထွန်းလာမည်ဟူသောစကားဖြစ်ပါသည်။

  If a thing is worth doing, it is worth doing well. (work)
မင်္ဂလာတရားတော်တွင် "နှောက်ယှက်ကင်းငြားအလုပ်ကား၊မှတ်သားမင်္ဂလာ"၊ "ပစ်မဲ့အမှုကောင်းစွာပြု၊ထောက်ရှုမင်္ဂလာ" ဟူ၍ဖွင့်ဆိုထားပါသည်။

  Think first and speak afterwards. (discretion, tact)
စကားကိုမဆင်မခြင်မပြောဆိုရာတွေးတောပြီးမှပြောဆိုရာ၏။

  Think global, act local.
"ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ" ဆိုရိုးကဲ့သို့ ဖြစ်ပါသည်။

  A penny saved is a penny earned.
Thrift is a great revenue.
"ချွေတာစုဆောင်း၊သူဌေးလောင်း" ဟူသောဆိုရိုးနှင့်တူပါသည်။

  Don't throw out your dirty water until you get in fresh.
"သစ်ပင်မရှိခင်စပ်ကြား၊ဝါးပေါင်းကွပ်" ဆိုသကဲ့သို့အကြံကောင်း၊ဉာဏ်ကောင်းအသစ်မရရှိမီရှိရင်းစွဲအကြံဉာဏ်လေးကိုမစွန့်ပစ်သင့်ကြောင်းအကြံပြုသောစကားဖြစ်ပါသည်။

  The devil finds work for idle hands to do.
An idle brain is the devil's workshop.
Idleness is the root of all devils.
ကိုယ်၊စိတ်နှလုံးတို့ကိုကုသိုလ်အလုပ်၊ကုသိုလ်စိတ်တို့ဖြင့်ထုံမွှန်းထားခြင်းမရှိပါကအကုသိုလ်စိတ်များဝင်ရောက်ပြီးမကောင်းမှုများကိုတွေးတတ်၊ ပြုလုပ်မိတတ်ကြောင်းဆုံးမသောစကားဖြစ်ပါသည်။

  He that has an ill name is half hanged. (reputation)
အကျင့်စာရိတ္တပျက်ပြား၍နာမည်ပျက်ရှိသူသည် "လူမသေသော်လည်း၊နာမည်သေ" သကဲ့သို့ဘဝတုံးခြင်းကိုဆိုပါသည်။

  Ignorance is bliss.
အချို့သောသူများသည် "ဘူးတစ်လုံးဆောင်၊အိုတောင်မဆင်းရဲ" ဟူ၍ "မသိဘူး" "မရှိဘူး" စသည်ဖြင့်ပေါ့ပေါ့တန်တန်တာဝန်ကိုရှောင်တတ်ခြင်းသည်အဖျင်းစားလုပ်ရည်ကိုင်ရည်မရှိသူများဖြစ်၍ရှက်ဖွယ်ကောင်းသောကိုယ်ရည်ကိုယ်သွေးမဲ့ခြင်းများဟုဆိုလိုပါသည်။

ကျေးဇူးတင်ကြောင်းပြောကြားနည်းများ


  •  

  • Thanks နှင့် Thank you တို့ဟာ တစ်စုံတစ်ယောက်က သင့်အတွက် တစ်ခုခုပြောပေးခဲ့လို့ (သို့) တစ်ခုခု ပြုလုပ်ပေးခဲ့လို့ ထိုသူကို ကျေးဇူးတင်ကြောင်း ပြောရာတွင် အများသုံးတဲ့ ပုံမှန်အသုံးအနှုန်းဖြစ်ပါတယ်။

    သင့်ရဲ့ ကျေးဇူးတင်ရှိမှုကို လေးနက်စေလိုလျှင် (သို့) ပိုပြီး ယဉ်ယဉ်ကျေးကျေးရှိစေလိုလျှင် Thanks a lot, Thanks very much, Thank you very much (သို့) Thank you so much လို့ပြောနိုင်ပါတယ်။
    • Thank you for your kind words. (ကြင်နာတဲ့စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်)
    • You're looking well. (ခင်ဗျားကြည့်ကောင်းနေတယ်။) Thanks (ကျေးဇူးပဲ)
    • Thanks for dinner – it was great. (ညစာအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းကောင်းပါတယ်။)
    • Thanks a lot for all your help. (ခင်ဗျား အကူအညီအားလုံးအတွက် အရမ်းကျေးဇူးတင်ပါတယ်။)
    • Thanks very much for looking after the kids. (ကလေးတွေကို ကြည့်ပေးထားလို့ ကျေးဇူးအများကြီးတင်ပါတယ်။)
    Thanks a bunch သည် တစ်စုံတစ်ဦးအား သူ လုပ်ဆောင်ပေးတဲ့ အရာဟာ အကူအညီမဖြစ်ခဲ့ ကြောင်း (သို့) ညှာတာမှုမရှိတဲ့အကြောင်းကို သိစေလိုတဲ့အတွက် ငေါ့၍ပြောသော ကျေးဇူးတင်စကား ဖြစ်ပါသည်။ အရပ်သုံး (သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်ပါသည်။ Thanks a lot နှင့် Thanks very much တို့ကိုလည်း ဒီလိုငေါ့တော့တော့ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်။
    • You told Tony what said? Thanks a bunch! (မင်း တိုနီ့ကို ငါပြောတာကို ပြောလိုက်တယ်၊ အရမ်းကို ကျေးဇူးတင်တာပဲကွာ။)
    • Thank a lot for spoiling my evening. (ငါ့ရဲ့ ညနေခင်းကို ဖျက်စီးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်တယ်ကွာ။)

    Much obliged တစ်စုံတစ်ယောက်ကို သင့်အတွက် တစ်စုံတစ်ရာပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်းကို အခန့်နည်း (formal way)နဲ့ ပြောတာ ဖြစ်ပါတယ်။
    • I am much obliged to you for your patience during the recent difficulties. (ပြီးခဲ့တဲ့ အခက်အခဲအတွင်းက စိတ်ရှည်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။)

    You've saved my life နှင့် I owe you one တို့ကတော့ သင့်ကို ခက်ခဲတဲ့ အခြေအနေမှာ အကူအညီပေးခဲ့တဲ့ သူတစ်ဦးတစ်ယောက်ကို ရင်းနှီးတဲ့ သဘော (သို့) အရပ်သုံးနည်းနဲ့ ကျေးဇူး တင်တဲ့ အကြောင်းပြောတဲ့အခါ အသုံးပြုပါတယ်။ Cheers ကိုလည်း ဒီသဘောနဲ့ သုံးနိုင်ပါတယ်။ ၄င်းကတော့ ဗြိတိသျှ အသုံးအနှုန်းဖြစ်ပါတယ်။
    • Thanks for the lift. You've saved my life. (ကားကြုံခေါ်လာပေးတဲ့အတွက် ကျေးဇူးပဲ။ ကျွန်တော့် အခက်အခဲကို ခင်ဗျား ဖြေရှင်းလိုက်တာပဲ။)
    • Thanks a million. I owe you one (ကျေးဇူးကမ္ဘာပါ။ ခင်ဗျားအပေါ် ကျေးဇူးအကြွေးတင်သွား ပြီ။)
    • Here' the book you wanted to borrow. (ရောဒီမှာ ခင်ဗျား ငှားချင်တဲ့စာအုပ်။) Oh, Cheers (အော်၊ ကျေးဇူးပဲ။)

    You shouldn't (have) ကိုတော့ တစ်စုံတစ်ယောက်က သင့်ကို လက်ဆောင်ပေးလာတဲ့အခါမှာ သုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
    • Oh, Martin, what lovely flowers. You shouldn't have! (အို မာတင်ရယ်၊ လှလိုက်တဲ့ ပန်းတွေ။ အလကား ဒုက္ခရှာလို့ ယူလာတယ်ကွယ်။)

    You're too kind ကတော့ ကျေးဇူးတင်ကြောင်းကို ယဉ်ယဉ်ကျေးကျေး ပြောတာဖြစ်ပေမဲ့လည်း ဟန်ဆောင်တဲ့ပုံ၊ စိတ်ထဲကမပါဘဲ ပြောတဲ့ ပုံပေါက်နေတတ်ပါတယ်။
    • Thank you for saying that. You're too kind. (အဲဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က သဘောကောင်းလွန်းတယ်။)

    I'd like to thank
    ကိုတော့ မိန့်ခွန်းပြောတဲ့အခါမှာ ပရိသတ်ကို ကျေးဇူးတင်ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။
    • I'd like to thank everyone for coming along and supporting us today. (ဒီနေ့အားလုံး ကြွ ရောက်လာပြီး ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။)

    Many thanks ကိုတော့ စာတွေနဲ့ အီးမေး(လ်)တွေမှာ အသုံးပြုပါတယ်။ အခန့်သုံးနည်းဖြစ်ပါတယ်။
    • Many thanks for the lovely present. (လက်ဆောင်လှလှလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။)

    macmillandictionaryblog.com မှ Liz Potter ၏ Ways of saying thank you မှ ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။


    ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် အီဒီယမ် (၁၀) ခု


  •  

  • ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် လူသုံးများတဲ့ အီဒီယမ်တွေနဲ့ သူတို့ကို သုံးနှုန်းပုံ ဥပမာများကို လေ့လာကြပါစို့။

    1. A for effort (ကြိုးစားအားထုတ်မှုအတွက် အဆင့် ' A ' ပေးခြင်း)

    တစ်စုံတစ်ယောက်ဟာ အောင်မြင်မှုမရှိခဲ့ပေမဲ့လည်း တစ်စုံတစ်ရာကို ဖြစ်မြောက်ဖို့ အပတ်တကုတ်ကြိုးစားခဲ့တာကို အသိအမှတ်ပြုလိုတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - The cake didn't turn out like she had planned, but I give her 'A' for effort. (ကိတ်မုန့်ဟာ သူစီစဉ်ထားသလို ဖြစ်မလာပေမဲ့ သူ့ကြိုးစား အားထုတ်မှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။)

    2. Copycat (စာခိုးချသူ / ရုပ်၊ ဟန်၊ အသံလိုက်တုသူ)

    သူတစ်ပါးရဲ့စာကို ကူးချသူ (သို့) တခြားသူရဲ့ ရုပ်၊ ဟန်၊ အသံကို လိုက်တုသူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Janie is a copycat – she was looking at my answers while we were taking the test. (ဂျေနီက စာခိုးချသူဖြစ်ပါတယ်။ စာမေးပွဲဖြေနေတုန်းမှာ သူငါ့အဖြေတွေကို ခိုးကြည့်တယ်။)

    3. Learn (something) by heart (အလွတ်ကျက်မှတ်ခြင်း)

    အကြောင်းအရာတစ်ခုခုကို ပြည့်ပြည့်စုံစုံ အလွတ်ရအောင် ကျက်မှတ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

    ဥပမာ - I have played that song for so long that I have learnt it by heart and don't even have to look at the music. (ဒီသီချင်းကို တီးလာတာကြာပြီမို့လို့ အလွတ်တောင်ရနေပြီ ဖြစ်တဲ့အတွက် ဂီတ သင်္ကေတတွေကိုတောင် ကြည့်ဖို့မလိုတော့ဘူး။)

    4. Pass with flying colours (အဆင့်မြင့်မြင့်အောင်ခြင်း)
    စာမေးပွဲတစ်ခုကို လွယ်ကူစွာနဲ့အောင်ပြီး အမှတ်ကောင်းကောင်းရတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - Tod must have studied a long time because he passed the test with flying colours. (တော့(ဒ်)ဟာ စာမေးပွဲကို အလွယ်တကူ အဆင့်မြင့်မြင့်နဲ့ အောင်လာတဲ့အတွက် သူဟာ အချိန်အကြာကြီး ကြိုးစား စာကျက်ခဲ့တာဖြစ်ရမယ်။)

    5. Play hooky (ကျောင်းပြေးခြင်း)
    ကျောင်းသားတစ်ယောက်ယောက်က ကျောင်းမတက်ပဲ ကျောင်းပြေးတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - My friends are playing hooky today so they can be the first in line for the concert tickets this afternoon. (ဒီနေ့လည်မှာ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်တန်းစီတဲ့နေရာမှာ ရှေ့ဆုံးက နေရာရဖို့ ဒီနေ့ ကျွန်တော့်သူငယ်ချင်းတွေ ကျောင်းပြေးကြတယ်။)

    6. Drop out of school (ကျောင်းဆက်မတက်ခြင်း)
    တစ်စုံတစ်ယောက်က ကျောင်းကို ပြီးဆုံးသည်အထိ ဆက်မတက်ပဲ နေခြင်းကို ဆိုလိုပါတယ်။

    ဥပမာ - Maurice had to drop out of school when his mother became ill so that he could help take care of her. (သူ့အမေ နာမကျန်းဖြစ်တဲ့အခါ သူ့အမေကို ပြုစုစောင့်ရှောက်ဖို့အတွက် မောရစ်(စ်)ဟာ ကျောင်းဆက် မတက်ပဲ နေလိုက်ရပါတယ်။)

    7. Put your thinking cap on. (လေးလေးနက်နက် စဉ်းစားခြင်း)
    တစ်စုံတစ်ယောက်ကို အလေးအနက်ဆင်ခြင်စေလိုတဲ့အခါမှာ အသုံးပြုပါသည်။

    ဥပမာ - We're all going to put our thinking caps on to tackle this big problem. (ဒီပုစ္ဆာကြီးကို ဖြေရှင်းနိုင်ဖို့အတွက် ငါတို့အားလုံး လေးလေးနက်နက် စဉ်းစားကြမယ်။)

    8. Show of hands (ဆန္ဒပြုရန် လက်ထောင်ခြင်း)
    တစ်စုံတစ်ရာနဲ့ပတ်သက်ပြီး မဲဆန္ဒပေးရန်အတွက် လက်တွေ ထောင်ကြတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - By a show of hands, how many of you prefer to have the test on Friday? (သောကြာနေ့ ကျမှ စာမေးပွဲကို စစ်ဖို့လိုလားတဲ့သူ ဘယ်နှစ်ယောက်လဲဆိုတာကို လက်ထောင်ပြီး မဲပေးကြမယ်။)

    9. Teacher's pet (ဆရာ့အချစ်တော်)
    ဆရာက အရေးပေးသော ဆရာ့အသည်းစွဲ ကျောင်းသား/သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Jonathan is the teacher's pet. She always calls on him first. (ဂျွန်နသန်ကတော့ ဆရာမရဲ့ အချစ်တော်ပဲ။ ဆရာမက သူ့ကိုပဲ အမြဲအရင်ဆုံး ခေါ်တယ်။)

    10. Bookworm (စာဂျပိုး)
    စာအလွန်တရာဖတ်သော သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - She is such a bookworm! She seems to have a new book every day! (သူဟာ တကယ့်ကို စာဂျပိုး ပဲ။ သူ့မှာ နေ့တိုင်း စာအုပ်အသစ်တစ်အုပ်ရှိပုံရတယ်။)

    Voxy.com မှ Jessica Weeg ၏ 10 Popular School Idioms ကို ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

    စကားပုံနှင့် ဆိုရိုးစကားများ (Sayings and Proverbs)

     


      Keep no more cats than will catch mice. (efficiency and inefficiency)
    "ဆန်ကုန်မြေလေး" "လောကလူပို" ဆိုသည့်စကားများကဲ့သို့ လောကတွင် မိမိလုပ်ကိုင်ဆောင်ရွက်ရမည့် တာဝန်များကို မပြုလုပ်ပါက အခြားသူများက မကြည်ဖြူတတ်ကြောင်းကို ဆိုလိုပါသည်။

      Keep your shop and your shop will keep you. (efficiency and inefficiency: money)
    "မိမိက ငွေကိုချစ်မှ၊ ငွေက မိမိကိုပြန်ချစ်မည်" ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ "လူမိုက်နှင့်ငွေ အတူမနေ" ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။

      Laugh and the world laughs with you; weep and you weep alone.
    မိမိတွင် ငွေရွှင်၍ သုံးဖြုန်းနိုင်ပါက အခြံအရံ၊ ပျော်ပါးဖော် ပျော်ပါးဖက်များ၍ ပျော်ရွှင်ဖွယ်ဖြစ်မည် ဖြစ်သော်လည်း နွမ်းပါးဆင်းရဲသွားသည့်အခါ မိမိတစ်ဦးတည်း ခိုကိုးရာမဲ့ တွယ်ရာမဲ့ဖြစ်တတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

      If you lie down with dogs, you will get up with fleas. (associate)
    လူမသူတော်၊ လူယုတ်မာများနှင့် ပေါင်းဖက်မိပါက မိမိပင်လျှင် ဂုဏ်သတင်းပျက်ပြားရမည် ဖြစ်ကြောင်းကို ဆိုလိုပါသည်။

      Lightning never strikes the same place twice. (misfortune)
    "Bad things come in threes" ၏ ဆန့်ကျင်ဘက်ဖြစ်ပါသည်။ အကုသိုလ်သည် အစဉ် အစွန့်ရှည်နေမည်မဟုတ်ဟု ဘဝတွင် နိမ့်ကျနေသောအခါတွင် နှစ်သိမ့်အားပေးသော စကားဖြစ်ပါသည်။

      Practise what you preach.
    အပြောနှင့် အလုပ်ညီရန် တိုက်တွန်းသော စကားဖြစ်ပါသည်။

      Life hands you lemon, make lemonade. (adversity)
    ဘဝမှ ပေးအပ်သမျှလေးဖြင့် လောကကို အလှဆင်တတ်စေရန် ကိုယ်စွမ်းကိုယ်စများ ရှိစေရန် တိုက်တွန်း အားပေးသော စကားဖြစ်ပါသည်။

      The hand that rocks the cradle rules the world.
    "ပုခက်လွှဲသော မိခင်၏ လက်သည် ကမ္ဘာကို လွှမ်းနိုင်သည်" ဟူသော စကားဖြင့် အမျိုးသမီးများဣ စွမ်းပကားကို မီးမောင်းထိုးပြထားခြင်း ဖြစ်ပါသည်။

     Don't halloo till you are out of the wood. (Do not exult until all dangers or difficulty is past.)
    လှေပြိုင်ပွဲများတွင် ပန်းတိုင်သို့ မလှမ်းကိုင်နိုင်မီ "တက်မထောင်ရန်" နှိုးဆော်သော စကားကဲ့သို့ ဖြစ်ပါသည်။

     More haste, less speed.
    Haste makes waste.
    "အမြန်လို၊ အနှေးဖြစ်" ဆိုသော ဆိုရိုးစကားနှင့် တူညီပါသည်။

     Hope for the best and prepare for the worst.
    အရေးအကြောင်း တစ်စုံတစ်ရာ တွေ့ကြုံလာပါက အကောင်းဆုံးဖြစ်အောင် မျှော်လင့်ချက်ထားရှိရမည်ဖြစ်ပြီး အဆိုးဆုံးနှင့်လည်း ရင်ဆိုင်တွေ့ဆုံနိုင်သည်ဖြစ်၍ ခံနိုင်ရည်ရှိစေရန် ဆိုဆုံးမထားသော စကားဖြစ်ပါသည်။

      When house and land are gone and spent, then learning is most excellent.
    "ပညာဟူသည် မြတ်ရွှေအိုး၊ ဥစ္စာဟူသည် မျက်လှည့်မျိုး" ဆိုသော စကားပုံနှင့် တူပါသည်။

      A house divided against itself cannot stand.
    Unite we stand, divide we fall.
    "ညီညာမှ ပြည်သာ" ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုရှိစေရန် စည်းလုံးညီညွတ်မှု ပျက်ပြားသည်နှင့် တပြိုင်နက် "နွားကွဲ၊ ကျားဆွဲ" ဆိုသကဲ့သို့ အကျိုးဆုတ်ယုတ်ပျက်စီးတတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

      Pride goes before a fall.
    "မြင့်မားမာန၊ တက်လွန်းကလည်း လျောကျနောက်ဆုံးရှိချေသည်" ဟု မာန်မာနထောင်လွှားလွန်းပါက ပျက်စီးဆုံးရှုံးတတ်ကြောင်း ညွှန်ပြသော စကားဖြစ်ပါသည်။

      Procrastination is the thief of time.
    "ပျင်းရိခြင်း ခြောက်ပါး" ဖြင့် အချိန်ဆွဲ၍ ထကြွလုံ့လမရှိပါက မည်သည့်အရာမျှထမြောက်အောင်မြင်နိုင်မည်မဟုတ်ကြောင်း သတိပေးသော စကားဖြစ်ပါသည်။

      Don't put the cart before the horse.
    "နွားရှေ့ထွန်ကျူး" "မိကျောင်းမင်း ရေခင်းပြ" ဆိုသော စကားများနှင့် တူပါသည်။

      A reed before the wind lives on, while might oaks do fall.
    မုန်တိုင်းကျရောက်လာပါက ပန်းပြားပင်များသည် လေယူရာ တိမ်းယိမ်းနွဲ့၍ နေနိုင်ပြီး သစ်ပင်ကြီးများသည် ပြိုလဲကျကုန်၏ ဟု လောကတွင် အချို့သော အချိန်အခါများတွင် "ပန်းပြားပင်ကဲ့သို့ ကျင့်ရာ၏" ဟု အထိုက်အလျောက်၊ အခြေအနေနှင့် အချိန်အခါ ကို လိုက်လျောညီထွေစွာနေတတ်ရန် ဆုံးမသော စကားဖြစ်ပါသည်။

     There is a remedy for everything except death. (death finality)
    လောကတွင် အရာရာသည် မမြဲသော သဘောရှိ၍ တစ်နေ့တွင် ပျက်စီးခြင်းသို့ ရောက်ရာ၏။ သေခြင်းတရားကားမြဲ၏။ ရှောင်ကွင်း၍ မရ ဟု ဗုဒ္ဓ၏ တရားတော်က ဆိုပါသည်။

      A stream cannot rise up its source.
    "မြစ်ချောင်းတို့ မည်သည် စုန်ရေသာရှိ၏။ ဆန်ရေ မရှိ။

      If you run after two hares, you will catch neither. (decision and indecision)
    "လှေနံနှစ်ဖက်နင်း" "ငါးနှစ်ကောင်တစ်ပြိုင်တည်းဖမ်း" ဆိုသကဲ့သို့ အလိုရမ္မက်ကြီးမားပါက မည်သည်ကိုမျှမရရှိဘဲ လက်လွှတ်ဆုံးရှုံးရတတ်ကြောင်း ဆိုဆုံးမသော စကားဖြစ်ပါသည်။

      Self-praise is no recommendation.
    "ကိုယ့်ကိုကိုယ်ဖော် မသူတော်" ဟူ၍ ကိုယ့်ကိုယ်ကို ကိုယ်ရည်မသွေးရန် ဆုံးမသော စကားဖြစ်ပါသည်။

      You don't get something for nothing.
    "Nothing venture, nothing gain." ဟူသော စကားပုံများသည် "No pain, no gain." ဆိုသကဲ့သို့ "အနာခံမှ အသာစံရသည်" ဟူသော စကားနှင့် တူပါသည်။

      Nothing is so bold as a blind mare. (Boldness, ignorance)
    "မျက်စိကမ်း၊ တစ္ဆေမကြောက်" ဟူသော ဆိုရိုးစကားဖြစ်ပါသည်။

      Old habits die hard.
    မကောင်းသော အကျင့်များ စွဲမိပါက ဖြောက်ဖျက်ရန် ခက်ခဲသောကြောင့် မကောင်းသော အမှုကို မပြုမိစေရန် သတိပေးပြောဆိုသော စကားဖြစ်ပါသည်။

      Out of debt, out of danger.
    ကြွေးမြီတင်မိပါက ကြွေးသံသရာမှ လွတ်ထွက်ရန် ခက်ခဲ၍ ဘေးကင်းရန်ကွာ စိတ်နှလုံးငြိမ်းချမ်းစွာ နေနိုင်ရန် ကြွေးမယူမိစေရန် သတိပေးသော စကားဖြစ်ပါသည်။

     Tattoo in haste, repent at leisure.
    အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုးချက် မပိုင်လျှင်၊ နောင်ပြင်ရန် ခက်သည့် အမျိုး" "အငိုလွယ်၊ အရှိုက်ခက်" ဟူသော စကားပုံများနှင့် တူပါသည်။

      You never miss the water till the well runs dry.
    "ခလုတ်ထိမှ အမိတ" ဆိုသော စကားပုံနှင့်တူပါသည်။

       Time is a great healer.
    "အချိန်က အရာရာကို ကုစားသွားသည်" ဟူသည့် စကားနှင့် တူညီပါသည်။

     The tree is known by its fruit.
    "အပွေးမြင် အပင်သိ" ဟူသော စကားနှင့် တူပါသည်။

      A woman's work is never done.
    အမျိုးသမီးများသည် အိမ်မှုကိစ္စအဝဝကို နေကုန်နေခမ်း တကုပ်ကုပ်ဆောင်ရွက်ပါသော်လည်း ပြီးစီးနိုင်သည်မရှိဟု ဆိုလိုခြင်းဖြစ်ပါသည်။

    By the way နှင့် As a matter of fact အားမှန်ကန်စွာသုံးစွဲနည်း


     


    စကားပြောနေတုန်း စကားလမ်းကြောင်းပြောင်းချင်တဲ့အခါ 'by the way' သို့မဟုတ် 'as a matter of fact' ကို စိတ်ကြိုက်လှည့်သုံးလို့ ရတယ်လို့ အများသိနေကြတာနဲနဲလွဲနေပါတယ်။ ၎င်းတို့ရဲ့ အသုံးပြုပုံကို ရှင်းလင်းချက်ကိုဤ သင်ခန်းစာမှာ လေ့လာကြည့်နိုင်ပါတယ်။

    By the way

    သူ့ရဲ့ အစောဆုံး အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ သူနဲ့ ထပ်တူကျတဲ့ 'along the way' ဆိုတဲ့ စကားဥပမာအတိုင်း ခရီးစဉ်တစ်ခုမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဥပမာ "I lost my money by the way." (လမ်းမှာ ငွေကျပျောက်သည်။)

    ဒါပေမဲ့ စကားပြောမှာ 'by the way' ကို သုံးတဲ့အခါ ဥပမာ အလင်္ကာမြောက်တယ်။ လူတစ်ယောက်က တစ်စုံတစ်ခု ပြောနေတုန်း အခြားတစ်ခုကို ခေါင်းထဲမှာ စဉ်းစားနေတယ်ပေါ့။

    We went to Nay Pyi Daw theatre over the weekend to see Titanic. By the way, while we were there, we bumped into John and his new girlfriend.


    ဒီစာကြောင်းကို လေ့လာကြည့်ရင် 'by the way' က အကြောင်းအရာ အသစ်တစ်ခုကို ထပ်တိုးမိတ်ဆက်ပေးတယ်။ ဒါပေမဲ့ စကားလမ်းကြောင်းပြောင်းဖို့ တမင် ရည်ရွယ်တာ မဟုတ်ဘဲ ပြောလက်စ စကားပေါ်မှာဘဲ နောက်ထပ်ပြောစရာ အကြောင်းထပ်တိုးတာဘဲ ဖြစ်တယ်။

    As a matter of fact

    ဒီအဆိုရဲ့ အနက်ကတော့ 'actually, really, in fact' စသည်တို့ရဲ့ 'တစ်ကယ်တော့' ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ အသုံးကတော့ နားလည်မှုလွဲမှားတာ၊ အထင်လွဲတာတွေကို ချေပပြောဆိုဖို့ အားထုတ်တဲ့ အခါတွေမှာ တွေ့ရပါတယ်။

    ဥပမာ။
    Most people believe that the actress Judy Holliday who acted the part of a dumb blonde in Born Yesterday, was really of low intelligence. As a matter of fact, she had an IQ of 172.

    As a matter of fact ရဲ့ ဒီထက်ပိုပြီးတော့ ပျော့ပြောင်းတဲ့ အသုံးကတော့ 'in fact' တို့ 'actually' တို့လို ရိုးရိုးအဓိပ္ပါယ်ကို ဖော်ဆောင်ပြီး အထင်လွဲခြင်း၊ နားလည်မှုလွဲခြင်းကို ဖြေရှင်းရန် သုံးခြင်းမဟုတ်ပါ။ တစ်စုံတစ်ခုကို လေးနက်စေဖို့ ထောက်ခံပြောတဲ့အခါ သုံးရုံသက်သက်ပါဘဲ။ အောက်မှာ ဥပမာလေးတွေ တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
    • I asked my sister if she drank diet soda. She told me that she did. As a matter of fact, she was getting ready to crack one open that moment.
    • At 12 years old, I wasn’t a fat kid. As a matter of fact, I was pretty skinny.
    • The weight isn’t going to instantly fly off in the first week. As a matter of fact, I gained weight before I started losing.
    • I am doing so well in my health. As a matter of fact I have dodged several colds that my husband has come down with.
    • Yes, you have to deal with co-workers. As a matter of fact, you have to interact with them daily.

    စကားပြောနေတုန်း ပြောလက်စ အကြောင်းအရာကို စကားလမ်းကြောင်းပြောင်းခြင်းလို့ တစ်ခါတစ်လေ 'by the way' တို့ 'As a matter of fact' တို့ကို သင်သုံးကောင်း သုံးမိပေမဲ့ သူတို့ရဲ့ အဓိက အသုံးကတော့ အဲဒါအတွက် မဟုတ်ဘူးဆိုတာ နိဂုံးအနေနဲ့ ပြောပါရစေ။
    Dailywritingtips.com မှ Maeve Maddox ၏ By the way Vs. As a matter of fact ကို ကိုးကား ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ 

    စကားလုံးပါ အီဒီယမ် (၁၂) မျိုး


     

    နေ့စဉ်အသုံးပြုနိုင်သည့် "Head" ဟူသော

    ဒီ post မှာတော့ "head" ဆိုတဲ့ စကားလုံးပါတဲ့ အများသုံး ဓလေ့သုံး စကားတွေအကြောင်း အဓိကထားပြောချင်ပါတယ်။ ဒီဓလေ့သုံး စကားတွေကို အပြောမှာရော အရေးမှာပါ မကြာခဏ အသုံးပြုကြပါတယ်။

    1. I always keep my head. (ကျွန်တော် အမြဲပဲ စိတ်အေးအေးထားတယ်။)
    (အဓိပ္ပါယ် - ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေဟာ ဘယ်တော့မှ လွတ်ထွက်မသွားဘူး။)

    2. It never entered my head. (အဲဒါကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး။)
    (အဓိပ္ပါယ် - အဲဒီအကြောင်းကို ကျွန်တော် ဘယ်တုန်းကမှ စဉ်းတောင် မစဉ်းစားဖူးဘူး။)

    3. I brought matters to a head. (ကျွန်တော် ကိစ္စတွေကို အရေးတကြီးဆုံးဖြတ်ချက်ချလိုက်တယ်။)
    (အဓိပ္ပါယ် - ဆုံးဖြတ်ချက်တစ်ခုခုချနိုင်အောင် ကျွန်တော် သေသေချာချာလုပ်တယ်။)

    4. My head is in the clouds. (ကျွန်တော် စိတ်ကူးယဉ်နေတယ်။)
    (အဓိပ္ပါယ် - ကျွန်တော်ကတော့ လက်တွေ့ဆန်တဲ့ သူတစ်ယောက် မဟုတ်ပါ။)

    5. I can't make head nor tail of this. (ဒါကို ကျွန်တော် နားမလည်ပါဘူး။)
    (အဓိပ္ပါယ် - ကျွန်တော် အဲဒါကို လုံးဝ နားမလည်ပါ။)

    6. I'm way over my head. (ကျွန်တော်ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ပြီ။)
    (အဓိပ္ပါယ် - ကျွန်တော်က တော်တော် နက်နက်ရှိုင်းရှိုင်းကို ပါဝင်ပတ်သက်နေတဲ့အတွက် ကျွန်တော် မနိုင်မနင်းဖြစ်ကုန်ပြီ။)

    7. I could do it standing on my head. (အဲဒါကို ကျွန်တော် အလွယ်ကလေး လုပ်နိုင်ပါတယ်။)
    (အဓိပ္ပါယ် - အဲဒါက တကယ်လို့ လွယ်လွယ်လေးဘဲဆိုတာ ကျွန်တော် သိရတယ်။)

    8. The fame has completely gone to my head. (ကျော်ကြားမှုက ကျွန်တော့်ကို ဘ၀င်မြင့်စေတယ်)
    (အဓိပ္ပါယ် - ကျွန်တော် စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားတယ်။)

    9. He's off his head. (သူ ရူးသွတ်သွားပြီ။)
    (အဓိပ္ပါယ် - သူ သွက်သွက်ခါအောင် ရူးသွားပြီ (သို့) သူ လုံးဝ အရက်မူးနေပြီ။)

    10. She likes to keep her head down. (သူမက လျှိပြီးနေချင်တယ်။)
    (အဓိပ္ပါယ် - သူမက သူ့အပေါ် အာရုံစူးစိုက်မှုမရှိအောင် နေတယ်။)

    11. They're still scratching their heads over the results. (ရလာဒ်နဲ့ပတ်သက်လို့ သူတို့ ပြင်းပြင်းထန်ထန် စဉ်းစားနေကြတုန်း။)
    (အဓိပ္ပါယ် - သူတို့ ရလာဒ်ကို နားလည်ဖို့ ခက်ခဲနေတယ်။)

    12. That joke just went over my head. (အဲဒီပြက်လုံးကို ကျွန်တော် လိုက်မမီဘူး။)
    (အဓိပ္ပါယ် - အဲဒီပြက်လုံးကို ကျွန်တော် နားမလည်ဘူး။)


    Englishwithatwist.com မှ Shanthi Streat ၏ 12 English Idioms with the word “Head” that you can use everyday ကို ကိုးကားဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

    Circle နှင့် ပတ်သက်သည့် အသုံးအနှုန်းများ


     



    Circle လို့ ဆိုလိုက်တာနဲ့ ၀ိုင်းဝိုင်းစက်စက် စက်ဝိုင်းလေးကို မျက်စိထဲ မြင်မိမှာပါ။ စက်ဝိုင်းဆိုတာ မျဉ်းတစ်ကြောင်းတည်းကို အစနှင့် အဆုံးထိအောင်တစ်ဆက်တည်း မပြတ်တမ်း ရေးဆွဲထားတဲ့ ဟာဖြစ်လို့ ပြည့်စုံတဲ့ အမှတ် လက္ခဏာ symbol တစ်ခုဖြစ်တယ်။

    အင်္ဂလိပ်အီဒီယံ တော်တော်များများမှာ circle ဆိုတဲ့ စကားလုံးဟာ ပြည့်စုံမှု သို့မဟုတ် ပြန်လည် ဖြစ်တည်ခြင်း အမှတ် လက္ခဏာဖော်ဆောင်တဲ့ အဓိပ္ပါယ်နဲ့ပါလေ့ ရှိပါတယ်။

    ၁။ the circle of life

    ဒီစကားစုဟာ မွေးဖွားချိန်မှ သေဆုံးချိန်အထိ မွေးဖွားခြင်း၊ ရှင်သန်ခြင်း၊ နှင့် သေဆုံးခြင်း တို့ကို ဖော်ဆောင်ပါတယ်။

    ၂။ circle of hell
    သေဆုံးပြီးနောက် အပြစ်ဒါဏ်ကျခံရမည့်နေရာ ။ the Inferno မှာ Dante က သေဆုံးပြီးနောက် ၀ိဥာဉ်တွေ ၎င်းတို့ အသက်ရှင်စဉ် ကျုးလွန်ခဲ့တဲ့ အပြစ် sins တွေအလိုက် ပြစ်ဒါဏ် ပေးခံရမည့် နေရာ ၉ နေရာကို nine circles လို့တင်စားခဲ့ပါတယ်။

    ၃။ family circle
    မူလ အဓိပ္ပါယ်က အနောက်တိုင်းပြဇာတ် ဇာတ်ရုံတွေမှာ ဇာတ်စင်နဲ့ အဝေးဆုံးက ထိုင်ခုံများ (upper circle ဟူ၍လည်းခေါ်သည်) ဖြစ်တယ်။ အရပ်သုံးအနေနဲ့ family circle ဆိုတာ တစ်စုံတစ်ဦးရဲ့ မိသားစုဝင်တွေကို ခေါ်တာပါ။ circle ဆိုတာအရင်းနှီးဆုံး မိတ်ဆွေတစ်စုကိုလည်း ဖော်ညွှန်းပါတယ်။ inner circle ဆိုတာကတော့ စီးပွားရေး၊ နိုင်ငံရေး လောကမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိတဲ့ လူနည်းစုတစ်စုကို ပြောတာပါ။

    ၄။ vicious circle

    ယုတ္တိဗေဒမှာတော့ မှားယွင်းအဆို တစ်ခုနောက်က မှန်ကန်အဆိုတစ်ခု ကပ်ပါလာတဲ့အခါ vicious circle ခေါ်ပြဿနာပေါ် ပြဿနာဆင့်တဲ့ အခြေအနေ ပေါ်ပေါက်လာပါတယ်။ အရပ်သုံး အဓိပ္ပါယ်ကတော့ နောက်ထပ်တိုးတက်မှု ဖြစ်လာအောင် ထပ်လုပ်လို့မရတော့တဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ပြဿနာ၊ အခက်အခဲတွေကို ဆက်ဖြေရှင်းလို့မရတော့တဲ့ အခြေအနေမျိုးပေါ့။ တစ်ခါတစ်လေ vicious cycle လို့လည်းရေးကြတယ်။

    ၅။ to run circles around
    ကြိုးစားအားထုတ်မှုများများ မလုပ်ရဘဲ အသာရသည်။ to run rings round လို့လည်း ပြောကြတယ်။

    ၆။ to come full circle
    အတွဲလိုက်ဖြစ်ရပ်တွေ ဆုံးခန်းရောက်သည်။ မိမိ စတင်ခဲ့သည့် နေရာသို့ ပြန်လည်ရောက်ရှိလာသည်။

    ၇။ to go in circles
    လိုရာခရီးကို မရောက်ဘဲ လုပ်ပြီးသားကို ထပ်ထပ်လုပ်နေသည်။

    ၈။ to square the circle
    မဖြစ်နိုင်တဲ့ အရာကိုကြိုးပမ်းသည်။ (တိုက်ရိုက် စဉ်းစားရင် အ၀ိုင်းကို လေးထောင့်ဖြစ်အောင် လုပ်တယ်ပေါ့။) အခြား expression တွေကတော့ circle ရဲ့လှုပ်ရှားမှု အဓိပ္ပါယ်အပေါ် အထူးပြုပါတယ်။ “to put a circle around something” နှင့် “to move in a circular direction.”တို့ပါ။ အဓိပ္ပါယ်ကတော့ ဖတ်ကြည့်ရုံနှင့် ပေါ်လွင်နေပါတယ်။

    ၉။ to circle the drain
    ထွက်ပေါက်ရသည်။ ထွက်သွားသည်။ လက်ဆေးဘေစင်တို့၊ ရေချိုးကန် bathtub ထဲက ဖြည့်ထားတဲ့ ရေတွေ အစို့ကို ဖွင့်ချလိုက်တဲ့အခါ စက်ဝိုင်းပုံစံရေ၀ဲ ဖြစ်ပြီး ထွက်သွားရာ နောက်ဆုံးလက်ကျန် ရေထွက်သွားပုံကို စိတ်ကူးနှင့် တင်စားထားသည်။

    ၁၀။ to circle the subject

    အကြောင်းအရာတစ်ခုကို တိတိကျကျ မပြော (မဆွေးနွေး) ဘဲ ဝေ့လည်ကြောင်ပတ်လုပ်သည်။

    ၁၁။ to circle the wagons
    အကာအကွယ် (ကာကွယ်ရေး) အနေအထား အဖြစ်နေရာယူသည်။ ရှေးရှေးတုန်းက အမေရိကန် အခြေချနေထိုင်သူတွေ အင်းဒီးယန်းတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရန် သူတို့ရဲ့ မြင်းလှည်းတွေကို စက်ဝိုင်းပုံစံ ပတ်ပတ်လည်လည် တံတိုင်းအဖြစ် အကာအကွယ်ယူနေတဲ့ ပုံကို စိတ်ကူးယဉ်ကြည့်ပါ။

    မှတ်ချက် ။ to circle the wagon ဆိုတဲ့ expression ကို စီးပွားရေးဆိုင်ရာ ဆောင်းပါး ခေါင်းစဉ်တွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။

    The economists seem to view the American economy “as a fortress, a circle of wagons, as it were, that can be readily defined and defended” (Robert Reno, Newsday).

    ဒီ အသုံးကို ယခုခေတ် အမေရိကန် အင်းဒီးယန်းတွေက သဘောကျမှာ မဟုတ်ပါဘူး။

    Dailywritingtips.com မှ Maeve Maddox ၏ 11 Circle Expressions မှ ကိုးကားဘာသာပြန်ထားတာဖြစ်ပါတယ်။

    ဆန္ဒထုတ်ဖေါ်ပြောဆိုရေးသားခြင်း




    ကျွန်တော်တို့ လုပ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ဆိုတာတွေ ရှိပါတယ်။ အဲ့ဒီရည်ရွယ်ချက်တွေက ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်။ စကားပြောရာမှာ ကျွန်တော်တို့ ဆန္ဒတွေကို အမြဲတမ်းထည့်ထည့် ပြောလေ့ရှိပါတယ်။ “ကျောင်းသွားမလို့”၊ “စာမေးပွဲဖြေမလို့”၊ “တက္ကစီ စီးသွားရအောင်”၊ “ နောက်လကျရင် ပြန်လာမယ်”  စသည် စသည်တွေဟာ မိမိရဲ့ရည်ရွယ်ချက်၊ ဆန္ဒကို ပြောတာမဟုတ်ပါလား။

    အင်္ဂလိပ်စကားနဲ့ ဒီလိုဆန္ဒတွေကို intentions လို့ ခေါ်ကြပါစို့။ အဲ့ဒီ intentions တွေမှာလည်း ပြောဆိုတဲ့ကိစ္စ၊ အခြေအနေ၊ အချိန်နဲ့ ပြောသူရဲ့ စိတ်သဘောထားပေါ်မှီပြီး အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဘယ်လို အခြေအနေမှာ ဘယ်လိုမျိုး set phrases တွေကိုသုံးပြီးမိမိရဲ့ ဆန္ဒ intentions တွေကို ထုတ်ဖေါ်ရပါသလဲ ဆိုတာ ခေါင်းစဉ်ခွဲပြီး တင်ပြသွားပါတယ်။

    ရည်ရွယ်ချက်တွေကိုဖေါ်ပြရာဝယ်


    ကိုယ်က တစ်ခုခုကို အခုချက်ခြင်း လုပ်တော့မယ်ဆိုရင် “I'm going to...”  ဆို တဲ့ phrase နဲ့တွဲပြီးပြောရတယ်။
    • I'm going to call my father. 
    • I'm going to have a bath.
    • I'm going to kill you, Max.

    ချက်ခြင်းလုပ်လိုက်ဦးမယ်ကို “I think I'll…” နဲ့ တွဲပြီး သုံးလို့လည်းရပါတယ်။
    • I think I'll do some more typing. (စာရိုက်လိုက်ဦးမယ်)
    • I think I'll go to sleep now. (အိပ်လိုက်ဦးမယ်)

    နောက်တစ်ခါ သင်က တစ်ခုခုလုပ်မလို့ စီစဉ်ထားပြီးပြီ၊ သင့်ရဲ့လုပ်ချင်တဲ့ ဆန္ဒက fixed plan ဖြစ်ထားပြီးပြီ ဆိုရင် verb –ing နဲ့ တိုက်ရိုက်ပြောရတယ်။
    • I'm taking it back to the library soon.
    • I'm going away.

    တစ်ခါတစ်လေလည်း future continuous tense နဲ့ လည်းပြောရတယ်။
    • I'll be waiting.

    ကိုယ်လုပ်ဖို့ ဆုံးဖြတ်ထားတာကို ပြောချင်တဲ့အခါ ဒီလိုမျိုး "I've decided to…" ကိုသုံးပြီးပြောရတယ်။
    • I've decided to clear this place out.
    • I've decided to go there.

    တစ်ခုခုကိုလုပ်ချင်တဲ့ ဆန္ဒမရှိဘူး၊ မလုပ်ဖူးဆိုရင်တော့ "I've decided not to…" သို့မဟုတ် "I'm not going to…" စတာတွေနဲ့ တွဲပြီးပြောရပါတယ်။
    • I'm not going to make it easy for them. (လွယ်လွယ် နဲ့အလျှော့မပေးဘူး)
    • I've decided not to take it. (မယူတော့ဘူး)

    မသေချာတဲ့ ရည်ရွယ်ချက်များ

    တစ်ခါတစ်လေ ကိုယ်က လုပ်ဖို့ရည်ရွယ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ လုပ်ဖြစ် မလုပ်ဖြစ် မသေချာဘူးဆိုရင် 'I'm thinking of…" ဆိုတဲ့ phrase နဲ့ တွဲပြီးပြောရတယ်။
    • I'm thinking of going to the theatre next week. (သွားမလားလို့)
    • I'm thinking of giving it up altogether. (လက်လျှော့လိုက်မလားလို့)
    • I'm thinking of writing a play. (ရေးမလားလို့)

    ဒါမှမဟုတ်ရင် "I might…" သို့မဟုတ် " I may…" တို့ နဲ့လည်းပြောကြတယ်။
    • I might do that or I might go to Ireland.
    • I might stay there a day or two.
    • I may come back to Britain, I'm not sure.

    နောက်တစ်ခုကတော့ နည်းနည်းပညာသား ပါပါတယ်။ သင်ပြောမယ့် ကိစ္စကို ကြားတဲ့ သူက အံ့အားသင့်သွားမယ် ဒါမှမဟုတ် အဲ့ဒီကိစ္စကို သဘောတူမှာ မဟုတ်လောက်ဖူးဆိုရင် " I thought I might…" (လုပ်ရင်ကောင်းမလားလို့……….) နဲ့တွဲပြီးပြောရတယ်။ တိုးသာဆုတ်သာရှိအောင်ပြောတာ ဖြစ်ပါတယ်။
    • I thought I might buy a house next year.
    • I thought I might get him over to the dinner one evening.

    ကိစ္စတစ်ခုကို လုပ်ဖို့မရှိဘူး၊ မလုပ်ဖြစ်တာကလည်း သိပ်တော့ မသေချာသေးဘူးတဲ့ vague negative ကို " I might not…" ဆိုတဲ့ phrase နဲ့ တွဲပြောရပါတယ်။
    • I might not go. (မသွားဖြစ်ဖို့များတယ်)

    လုံးဝခိုင်မာတဲ့ ရည်ရွယ်ချက်များ

    လုံးဝလုပ်ဖို့ သေချာပါတယ်၊ လုပ်ဖို့ စီစဉ်ပြီးသားလည်း ဖြစ်တယ်၊ တစ်စုံတစ်ယောက်ကို လုပ်လိမ့်မယ်ဆိုတာ အာမခံတဲ့အခါ "I'll…" (I will…) နဲ့ ပြောရပါတယ်။
    • I'll buy one as soon as I can.
    • I'll do it this afternoon and ring you back.
    • I'll explain its function in a minute.

    လုံးဝမလုပ်မှာ သေခြာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုဖေါ်ပြရင် "I won't…" နဲ့ ပြောရုံပါဘဲ။
    • I won't go.
    • I won't give you any trouble.
    • I won't let my family suffer.

    ယဉ်ကျေးတဲ့ formal ပုံစံနဲ့ ရည်ရွယ်ချက်ကိုဖေါ်ပြပုံ


    မိမိရဲ့ ရည်ရွယ်ချက်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ခန့်ညားတဲ့ ပုံစံနဲ့ ဖော်ပြညွှန်းဆိုတဲ့အခါ " I intend to …" ဆိုတဲ့ phrase ကိုသုံးပါတယ်။
    • I intend to carry on with it. (ဆက်လုပ်မယ်)
    • I intend to go into this in rather more detail this term. (အသေးစိပ် ဆက်လုပ်မယ်)
    • I intend to be conciliatory. (ပြေငြိမ်းလိုသည်)

    I intend ...” ဆိုတဲ့ phrase ကို “Verb -ing” နဲ့ လိုက်ရတဲ့ ပုံစံနဲ့လည်း မကြာခဏ သုံးလေ့ရှိပါတယ်။
    • I intend retiring to France. (ပြင်သစ်မှာဘဲ အခြေချတော့မယ်)

    ပိုမိုခိုင်မြဲတဲ့ ရည်ရွယ်ချက်ကို အထူးပြုပြီး ပြောချင်တဲ့အခါမှာ " I have every intention of …" ဆိုတဲ့ phrase ကိုသုံးပြီးပြောကြပါတယ်။
    • I have every intention of buying it. (ဝယ်ကိုဝယ်မှာ)

    ပိုပြီး တည်တံ့ခန့်ညား formal ပုံစံကျတဲ့ အသုံးအနှုန်းတွေကတော့ " My intention is to …" ၊ "It's my intention to…" စတာတွေနဲ့ ပြောရတာတွေဘဲ ဖြစ်ပါတယ်။
    • My intention is to provide a reconstruction of this largely discredited ideology.
    • It is still my intention to resign if they willfully fail to print the story.

    ယဉ်ယဉ်ကျေးကျေးနဲ့ formal ပုံစံနဲ့ ကိုယ်မလုပ်ချင်တဲ့ ဆန္ဒကို ပြောချင်ရင် " I don't intend to…" ဆိုတဲ့ phrase နဲ့ ပြောရပါတယ်။
    • I don't intend to investigate that at this time. (လုပ်ဖို့စိတ်ကူးမရှိဘူး)
    • I don't intend to stay too long. (အကြာကြီးနေဖို့စိတ်ကူးမရှိဘူး)

    မလုပ်ချင်တဲ့ ဆန္ဒကိုပိုပြီးအထူးပြု ပြောချင်ရင် " I have no intention of…" နဲ့ ပြောရပါတယ်။
    လုံးဝလုပ်ဖို့ ဆန္ဒမရှိတော့ဘူးပေါ့။
    • I have no intention of making a run for it.
    • I have no intention of retiring.
    • I've no intention of marrying again.

    မရည်ရွယ်တဲ့ ရည်ရွယ်ချက်တွေ

    တစ်ခါတစ်လေ မရည်ရွယ်ထားတာတွေ ဖြစ်တတ်၊ လုပ်မိတတ်တာတွေ ရှိပါတယ်။ ဥပမာ ပိုက်ဆံရေတွက်နေတုန်း တစ်ယောက်ယောက်က ဘေးကနေ စကားလာလာ ဖြတ်ပြောနေလို့ အာရုံပျက်ပြီး ပိုက်ဆံမှားရေမိတာမျိုးပေါ့။ အဲ့ဒီလို မရည်ရွယ်ထားတဲ့ ရည်ရွယ်ချက် involuntary intentions တွေကို ပြောတဲ့အခါမှာတော့  be going to…might ၊  may နှင့် will စတာတွေနဲ့ ပြောရပါတယ်။
    • If you keep chattering I'm going to make a mistake. (မှားတော့မှာဘဲ)
    • I might not be able to find it. (ရှာမတွေ့နိုင်လောက်ဖူး)
    • I may have to stay there awhile. (ခဏလောက်တော့ နေရလောက်တယ်)
    • If I don't have lunch, I'll faint. (မစားရရင် မေ့လဲတော့မယ်)

    ကဲ …..ဒီလောက်ဆို တော်တော် စုံသွားပြီထင်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ဖေါ်ထုတ်ရင် ဘယ်အခြေအနေမျိုးမှာ ဘယ်လိုပြောရမလဲဆိုတာ သဘောပေါက်မှာ ပေါ့နော်။

    Collins COBUILD English Usage 1999 စာအုပ်မှ ကိုးကာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

    စကားစုအတိုများကိုဆက်ခြင်း



    ကြိယာမဲ့ စကားစုတိုလေးများ (short phrases) ကို ထိရောက်စွာ ဆက်နိုင်ခြင်းသည် သင်ဟာ စာအရေးအသား ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတာကို ဖော်ပြနေပါတယ်။ အချက်အလက်တွေကို သက်သေ အထောက်အထား ဖြင့်ပို၍ ထင်ရှားမှန်ကန်ကြောင်းပြရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီလို ကျွမ်းကျင်မှုမျိုးသည် အထူးပင် အရေးကြီးပါတယ်။ ၀ါကျများကို ဆက်တဲ့အခါမှာ မှန်ကန်တဲ့ စကားဆက် (correct conjunction) ကို အသုံးပြု၍ ဆက်လေ့ဆက်ထ ရှိပါတယ်။ ဥပမာ - Clause (ကြိယာရှိစကားစု) ၂-ခုကို ဆက်ရာတွင် Why? (ဘာ့ကြောင့်လဲ?) ဆိုတဲ့ မေးခွန်းကို ဖြေဖို့ because, as နဲ့ since တို့ကို သုံးပါသည်။ ဒါပေမဲ့ ၄င်းတို့ရဲ့ အသုံးပြုပုံသည် တစ်ခါတစ်ရံမှာ ရှုပ်ထွေးတတ်ပါတယ်။ ဥပမာအနေဖြင့် အောက်ပါဝါကျကို လေ့လာကြည့်ပါ။

    • The company went bankrupt because of a huge drop in sales.
      ရောင်းအားတရားလွန် ကျသွားသောကြောင့် ကုမ္ပဏီမွဲပြာကျသွားသည။်

    အကြောင်းအရာ တစ်ခုခု ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက် (reason) ဟာ အဓိကကျတဲ့အခါ because ဖြင့်စသော ကြိယာရှိစကားစု (“because” clause) သည် အဓိကကြိယာရှိ စကားစု (main clause) ရဲ့ နောက်က လိုက်ရတယ်။ အကြောင်းပြချက်ဟာ သိပြီးသားဖြစ်နေမယ် (သို့) သိပ်အရေးမကြီးဘူးဆိုရင်တော့ as နဲ့ since ကို အသုံးပြုပါတယ်။ as  (သို့) since နဲ့ စသော clause သည် ၀ါကျရဲ့ အစမှာ လာလေ့ရှိပြီး ၄င်းကို main clause မှ ကော်မာ (comma) ဖြင့် ခွဲခြားပြထားပါတယ်။ ဥပမာ-

    • As my secretary had finished the report when I arrived at work, I was able to give a confident presentation to the board that afternoon. (I am telling you about the presentation. It’s not so important why I gave a successful presentation.)
      ကျွန်တော် ရုံးကို ရောက်သွားတဲ့အခါ ကျွန်တော့်ရဲ့ အတွင်းရေးမှူးက အစီရင်ခံစာကို ပြီးအောင် ရိုက်ထားပြီးဖြစ်သောကြောင့် အဲဒီနေ့ နေ့လည်မှာပဲ ဘုတ်အဖွဲ့ကို ယုံကြည်စိတ်ချရတဲ့ တင်ဆက်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ (ဒီနေရာမှာ ကျွန်တော့်ရဲ့ တင်ဆက်မှုအကြောင်းကို ပြောပြနေခြင်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ တင်ဆက်မှုကို ဘာ့ကြောင့်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းက အဓိကမဟုတ်ပါ)။

    • Since the Nikkei is closed today, we’ll have the meeting this morning. (I know, and you know, that the Nikkei is closed today.)
      Nikkei ဟာဒီနေ့ ပိတ်တဲ့အတွက် အစည်းအဝေးကို ဒီမနက်ပဲ လုပ်လိုက်ပါမယ်။ (ဒီနေရာမှာ ကျွန်တော်ရော၊ သင်ပါ ဒီနေ့ Nikkei ပိတ်ကြောင်းကို သိပြီးသားဖြစ်နေပါတယ်။)

    မှတ်ချက်! အပြန်အလှန်စကားပြော (conversation) မှာတော့ as နှင့် since အစား so ကိုအသုံးပြုပါတယ်။ အဲဒီအခါမျိုးမှာ so-clause သည် main clause နောက်ကလိုက်ရပါတယ်။

    • My secretary had finished the report when I arrive at work, so I was able to give a confident presentation to the board.
      ရုံးရောက်သွားတဲ့အခါမှာ ကျွန်တော့်အတွင်းရေးမှူးက အစီရင်ခံစာကို အပြီးရိုက်ပြီးဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဘုတ်အဖွဲ့ကို ယုံကြည်စိတ်ချရတဲ့ တင်ဆင်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။

    Saturday, March 21, 2015

    Xperia T2 Ultra D5322 version 4.3 Root




    Sony Xperia T2 Ultra ကို Root လုပ်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

    မသိသေးသူများအတွက်ပါ။ ထွက်တာတော့ တော်တော်ကြာပါပြီ။

    ကျတော်လဲ ခုမှ ပို့စ်ပြန်တင်ဖြစ်လို့ပါ။

    သူ့ကို Root လုပ်ဖို့ကတော့ အားလုံးသိပြီးတဲ့အတိုင်း Bootloader unlock အရင်လုပ်ရမှာပါ။

    Bootloader unlock လုပ်ပြီးပြီဆိုရင်တော့ Fastboot ကနေ boot file ကို Flash ပေးပြီး

    SuperSU update.zip လေးကို CWM ကနေ ၀င် Flash ပေးလိုက်ရင် 

    သင့်ဖုန်းမှာ Root Access အပြည့်နဲ့ SuperSU လေးကို တွေ့မြင်ရပါပြီ။

    လိုအပ်တဲ့ တာလေးတွေကိုတော့.......










    ကျတော်ပြန်လည်မျှဝေပေးလိုက်တဲ့ အရာတစ်ခုပာာ တစ်ဦးတစ်ယောက်အတွက်

    အထောက်အကူဖြစ်မယ်ဆို ကျေနပ်ပါတယ်။


    Friday, March 20, 2015

    Type Of Sentences ( စာကြောင်းတစ်ကြောင်းရဲ့ပုံစံ ) အပိုင်း ( 1 )


     
     
    1. ရိုးရိုးအပြောဝါကျ
    *******************
    ရိုးရိုးအပြောဝါကျ ဆိုတာ ကျွန်တော် တို့ နေ့ စဉ်သုံးနေတဲ့ အင်္ဂလိပ်စကားသံတွေထဲက တစ်ခုပါ .။ Statement လို့ ခေါ်ပါတယ် .။
    (ဥပမာ - စာကြောင်းတစ်ကြောင်းပေါ့ ရိုးရိုးစာကြောင်းတစ်ကြောင်းပဲဖြစ်ရမယ် ) question စာကြောင်းဖြစ်လို့ မရဘူး .။ ဆုတောင်းတဲ့စာကြောင်းဖြစ်လို့ မရဘူး .။ အာမေဋိတ်စာကြောင်းဖြစ်လို့ မရဘူး .။ အဲ့တာကို ဆိုလိုတာပါ .။ နမူနာ ရေးပြရမယ်ဆိုရင်

    I have been working as a study person of english over the 10 years , since 2005 ။
    ကျွန်တော်ဟာ အင်္ဂလိပ်စာကိုလေ့လာသူအဖြစ်နေလာခဲ့တာ 10 နှစ်ကျော်ပါပီ .။ 2005 ခုနှစ်ထဲက စခဲ့တာပါ .။
    ဒါမျိုးကို ရိုးရိုး statement စာကြောင်းလို့ ခေါ်ပါတယ် .။
    ( for example ) He is a good president.
    I'm arrived.
    Everything is ok.
    I am single.
    Spending Today complaining about yesterday Won't make tomorrow any Better.
    I can but just a little. My English is an elementary by now.
    ဒီစာကြောင်းလေးတွေဟာ ကျွန်တော် တို့  နေစဉ် ပြောဆိုနေတဲ့  ရိုးရိုး statement စာကြောင်းလေးတွေဖြစ်ပါတယ် .။
    sentences ကို သေချာလေ့လာ ကြမယ်ဆိုရင် များများစားစားတွေ့ ရမှာ မဟုတ်ပါဘူး .။ 5မျိုးပဲ ရှိပါတယ် .။ ဒါကြောင့် ဟို တစ်နေ့ က ကျွန်တော့် ကို အစ်ကို တစ်ယောက် မေးပါတယ် အင်္ဂလိပ်စကားပြောတတ်ဖို့  ကို အရေးကြီးဆုံး ဆောင်ရွက် နိုင် ဖို့ က ဘာလဲ ဆိုပီးမေးပါတယ် .။ နံပါတ် 1 ( ဝေါဟာရ ) ကို နေ့ စဉ်လေ့လာနေရပါမယ် .။ ဝေါဟာရ ကြွယ်ဖို့ က အလွန်အရေးကြီးပါတယ် .။ နံပါတ် 2 အခု ကျွန်တော် ချပေးတဲ့ type of sentences က ဒုတိယ အရေးကြီးပါတယ် .။ ဝေါဟာရ ကြွယ် ပီးးး ဘယ်လိုစကားကို ဘယ်လိုပြောဆိုရမယ် ဆိုတာ ကို ဒီ ပုံစံ 5 မျိုးက ပြောပြပေးပါလိမ့်မယ် .။ အခု တစ်ခေါက်တော့ statement ဆိုတဲ့ ရိုးရိုးစာကြောင်းတစ်ခု အကြောင်းကို ရှင်းပြထားပေးပါတယ် .။ 5 မျိုးရှိတဲ့ထဲမှာ 4 မျိုးကျန်သေးပါတယ် .။
    1. ရိုးရိုးအဆိုဝါကျ
    2. အမေးဝါကျ
    3. အခိုင်းဝါကျ
    4. ဆန္နပြု ဆုတောင်းဝါကျ
    5. အာမေဋိတ်ဝါကျ

    မိတ်ဆွေများကိုယ်တိုင် ဆန်းစစ်ကြည့်ကြည့်ပါ .။ မိတ်ဆွေတို့ နေစဉ်သုံးနေတဲ့ အင်္ဂလိပ်စကားတိုင်းဟာ ဒီ 5 မျိုးထဲက ပြေးမလွတ်ပါဘူး .။ ဒါကြောင့် အင်္ဂလိပ် စကားပြောတတ်ဖို့ အတွက် ဒီ 5 ခုဟာ အင်မတန် အရေးပါလှပါတယ် .။
    ဆက်လက်ဖော်ပြပါမယ် .။

    Wednesday, March 18, 2015

    Email အရေးအသားကောင်းဖို့ အကြံပေးချက် ၇ ချက်


     


    ယနေ့ခေတ်မှာ ဆက်သွယ်ရေးကဏ္ဍတွေက တိုးတက်လာပြီဆိုတော့ ဆက်သွယ်ရေးမီဒီယံလို့ခေါ်တဲ့ ကြားခံဆက်သွယ်ရေး လမ်းကြောင်းတွေကလည်း အမြောက်အများပါဘဲ။ မိုဘိုင်းဖုန်းကနေ text တွေ voice mail တွေ ပို့တာမျိုး၊ Viber လိုမျိုး application တွေသုံးပြီး message တွေ video file တွေ ပို့တာမျိုး၊ Facebook နဲ့ ဆက်သွယ်ကြတာမျိုးတွေ အထိ ဆက်သွယ်ရေးလမ်းကြောင်းတွေ တစ်ပုံတစ်ပင် ရှိတယ်။

    အဲ့ဒါတွေထဲကစီးပွားရေးလုပ်ငန်းသုံး၊ ရုံးသုံးစတာတွေ အတွက် တရားဝင်သုံးတာကတော့ email ပါဘဲ။ Email က လုပ်ငန်းသုံး ဖြစ်တာနဲ့အညီ Business English မှာ သီးခြားဘာသာတစ်ခု အနေနဲ့တောင် လေ့လာကြရပါတယ်။ အလုပ်လုပ်သူမှန်သမျှ email ရေးနည်းကို သိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Business English လေ့လာသူ ကျောင်းသားများပါ email ရေးနည်းကို လေ့ကျင့်မှုများများလုပ်သင့်ပါတယ်နော်။

    ပုံမှန် အားဖြင့် ကျွန်တော်တို့တွေဟာမိမိနဲ့ သိပြီးသူတွေနဲ့ အပြန်အလှန် email ရေးကြတာမို့ informal ရင်းနှီးတဲ့ ပုံစံနဲ့ ရေးတာအသားကျနေပါပြီ။ ပြီးတော့လည်း စာလုံးပေါင်းနဲ့သဒ္ဒါ အမှားတွေ ပါရင်လည်းသိပ်ကိစ္စ မရှိဘူးမဟုတ်လား။ ဒါပေမဲ့ မိမိရဲ့ လုပ်ဖေါ်ကိုင်ဘက်တွေ၊ အရာရှိတွေ၊ အခြားအဖွဲ့အစည်းတွေ၊ ဖောက်သည်တွေဆီရေးတဲ့အခါ ဒီအမှားတွေ အလွဲတွေ ကအကြီးအကျယ် ပြဿနာရှိပါတယ်။ သူတို့နဲ့ ဆက်သွယ်တဲ့အခါ good impression ဆိုတဲ့ မိမိအပေါ် အထင်အမြင် ကောင်းကောင်းရဖို့ လိုတယ်လေ။ ဒါကြောင့် ကျွန်တော်တို့က သူတို့နဲ့ email အဆက်အသွယ်လုပ်တဲ့အခါ ပိုပြီး သတိထားရပြီး ပိုပြီးတော့လည်း လိမ္မာပါးနပ် ရပါတယ်။
    သင်ရေးတဲ့ email က သတ်မှတ်ထားတဲ့ စံ standard တွေနဲ့ ကိုက်ညီမှု ရှိသလား ဆန်းစစ်ဖို့အတွက် အကြံပြုချက် ၇ ချက်ကိုတင်ပြလိုက်ပါတယ်။

    ၁။ Subject Line (အကြောင်းအရာ/ ခေါင်းစဉ်)

    မိမိရေးရမည့် အကြောင်းအရာကိုအတိုချုံးပြီး summary လုပ်ကာ subject line မှာထည့်ပါ။
    Re: Summary of Our Meeting with ABC Suppliers
    Subject line မပါတဲ့ email ဟာ မျက်နှာမပါတဲ့ ကိုယ်ခန္ဒာလိုဘဲမို့ အကြည့်ရ ဆိုးပါတယ်။ အလုပ်သဘောလည်း မဆန်ပါဘူး။

    ၂။ လွယ်ကူတိုတောင်းသောစာကြောင်းများ
    ဖတ်ရလွယ်ကူပြီး တိုတောင်းသော စာကြောင်းများကိုသာသုံးပါ။ ရှည်လျားတဲ့ စာကြောင်းတွေဟာ တစ်ခါတစ်ရံ ဖတ်ရခက်ပြီး နားလည်ဖို့လည်း မလွယ်ကူပါဘူး။ ကိုယ့်ဘာသာစကားနဲ့ တွေးပြီး အင်္ဂလိပ်လို ပြန်ရေးချရတာ ဖြစ်လို့ ကိုယ်ရေးတဲ့ စာကြောင်းရှည်လွန်းရင် ဆိုလိုရင်း အဓိပ္ပါယ်ပျောက်ပြီး စာဖတ်သူကို မျက်စေ့လည်စေပါတယ်။ Email ရေးတော့မယ်ဆိုရင် KISS ကိုသတိရပါ။

    KISS = Keep It Short and Simple. လိုရင်းတိုရှင်းပေါ့။

    ၃။ သင့် email ကိုဖတ်မည့်သူဘယ်သူဆိုတာစဉ်းစားပါ။
    အခုရေးမှာက သင့်လုပ်ဖေါ်ကိုင်ဖက်ဆီကိုလား၊ စီးပွားဘက်ဆီလား၊ ဖောက်သည်ဆီလား၊ မိမိရဲ့ အရာရှိဆ်ီလား။ ပြီးတော့ ရေးရမဲ့ style က informal ခင်မင်တဲ့ ပုံစံလား၊ formal တည်တည်တံ့တံ့လား။ အခုခေတ် business email တော်တော်များများက သိပ်လည်း ပေါ့ပေါ့ပါးပါးမျိုး မဟုတ်၊ သိပ်ကြီးလည်း တည်တည်တံ့တံ့ကြီး မဟုတ်ဘဲ အလယ်အလတ် neutral tone နဲ့ ရေးကြပါတယ်။ ကဲ..ဒါဆိုရင် informal နဲ့  formal တို့ရဲ့ ကွာခြားချက်တွေကိုလေ့လာကြည့်ရအောင်။
    • Informal - Thanks for the email of 15 February
      Formal – Thank you for your email received 15 February
    • Informal - Sorry, I can’t make it.
      Formal – I am afraid I will not be able to attend
    • Informal – Could you…?
      Formal – I was wondering if you could….?

    Formal တွေက ပိုပြီးယဉ်ကျေးပြီး ပါးနပ်မှု ရှိတာတွေ့ရတယ် မဟုတ်လား။

    တစ်ချို့ လုပ်ဖေါ်ကိုင်ဖက်တွေဆီကရေးတဲ့ email တွေကခင်မင်တဲ့ ပုံစံ formal ဖြစ်နိုင်ပါတယ်။ အကယ်လို့ သူတို့ဟာ သင့်မိတ်ဆွေတွေမို့လို့ ဆိုရင်ပေါ့။ အဲ့ဒီအခါမှာလည်း သိတဲ့သူတွေ အချင်းချင်းမို့လို့ သိပ်ပြီးလည်း ယဉ်ကျေးဖော်ရွေ နေစရာမလိုဘဲ စကားပြောထဲက စကားအချို့ကိုတောင် သုံးချင် သုံးနိုင်ပါတယ်။

    ဥပမာ- ‘Don’t forget’, ‘Catch you later’, ‘Cheers’

    Grammar တွေ ဘာတွေမှားနေလည်း စာဖတ်သူက သိပ်ဂရုမစိုက်လောက်ပါဘူး။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုကိုယ့် email ကို ဖတ်တဲ့သူဟာ ကိုယ့်ဖောက်သည် ၊ အလုပ်ရှင် သို့မဟုတ် အထက်အရာရှိဆိုရင် သဒ္ဒါ အမှားအယွင်းတွေ၊ ရင်းနှီးလွန်းတဲ့ ရေးဟန်တွေက လက်ခံလို့ မရဘူးနော်။

    ၄။ စာလုံးပေါင်း၊ စာလုံးအကြီးအသေး၊ အဖြတ်အတောက် သဒ္ဒါအမှား တွေသတိပြု

    မိတ်ဆွေတွေဆီရေးတဲ့ email တွေမှာ အထက်ကဟာတွေက ခွင့်လွတ်လို့ ရပေမဲ့ business email မှာတော့ သင့်ရဲ့ ပုံရိပ်တွေအတွက် အင်မတန်မှ အရေးကြီးပါတယ်။ စာလုံးပေါင်း၊ စာလုံးအကြီးအသေး၊ အဖြတ်အတောက် သဒ္ဒါအမှားတွေ မပါအောင် အထပ်ထပ် အခါခါ ပြန်လှန်စစ်ဆေးရပါမယ်။ ရေးပြီးပြီးရော email ကို မလွှတ်လိုက်ပါနှင့်။ ယနေ့ခေတ်မှာ ကီးဘုတ်ကောက်ရိုက်ပြီး မောက်စ်တစ်ချက် ‘ကလစ်’လုပ်လိုက်ရုံနဲ့ စာထွက်တာမို့ အမှားပါခဲ့ရင် ပြန်ရုတ်သိမ်းဖို့ ဆိုတာသိပ်မလွယ်ဘူးလေ။ ဒီတော့ ပြန်စစ်ဆေးဖို့ ဝိရိယစိုက်ထုတ်ပါလေ။

    ၅။ ခပ်ပြတ်ပြတ် ဒဲ့ပြောမလား၊ သွယ်ဝိုက်ပြီးပြောမလား။

    တစ်ချို့ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်မှာက email ဆက်သွယ်ရေးမှာ တည့်တည့်ပြော၊ ဘွင်းဘွင်းရေးတာက common ဖြစ်တာရှိတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့ ယဉ်ကျေးမှု မတူတဲ့ နိုင်ငံ၊ ကိုယ့်ဘာသာစကား မသိတဲ့သူတွေဆီကို email ပို့တဲ့အခါ ပြဿနာ ဖြစ်တတ်ပါတယ်။သင်ရဲ့ ပြတ်သားမှုကို ရိုင်းတယ်၊ စော်ကားတယ်လို့ သူတို့က မြင်ကြမှာ ဖြစ်ပါတယ်။ အောက်ပါတို့ကိုဖတ်ကြည့်ပါ။
    • ဘွင်းဘွင်းပြော – ‘I need this in half an hour’.
      သွယ်ဝိုက်ပြီးပြော – ‘Could I have this in half an hour?’
    • ဘွင်းဘွင်းပြော – ‘There will be a delay’.
      သွယ်ဝိုက်ပြီးပြော – ‘I’m afraid there will be a slight delay’.
    • ဘွင်းဘွင်းပြော – ‘It’s a bad idea’
      သွယ်ဝိုက်ပြီးပြော – ‘To be honest, I’m not sure it would be a good idea’.

    ဒါရိုက် ဘွင်းဘွင်းပြော တာကရိုင်းမနေဘူးလား။ သွယ်ဝိုက်ပြောတဲ့ tone တွေက ယဉ်ကျေး သိမ်မွေ့ပြီး ပါးနပ်မှု ရှိတယ်နော်။ သင့်ရဲ့ လေသံကို လိုအပ်သလို ပျော့ပြောင်းနူးညံ့ပေးပါက သင့် စာဖတ်သူတွေဆီကလည်း အကောင်းမြင်တဲ့ တုန့်ပြန်မှုတွေ ပြန်ရတတ်ပါတယ်။

    ၆။ အကောင်းမြင်ပါ။
    အောက်ပါ စကားလုံးတွေကို ကြည့်ပါ။
    • Helpful - အကျိုးရှိတယ်
    • good question- မေးခွန်းကောင်းဘဲ 
    • agreed - သဘောတူတယ်,
    • together - အတူတူ
    • useful - အသုံးဝင်တယ်
    • I’d be delighted - ဝမ်းမြောက်ပါတယ် 
    • mutual - နှစ်ဦးနှစ်ဖက်
    • opportunity - အခွင့်အလမ်း

    ပြီးတော့ ဒီ အဆိုးမြင်စကားလုံးတွေကို ကြည့်ပါ။
    • Busy - အလုပ်ရှုပ်နေတယ်
    • Crisis - ပြဿနာဘဲ
    • Failure - ကျရှုံးပြီ
    • forget it - တော်ပါပြီ 
    • I can’t - မရဘူး
    • it’s impossible - မဖြစ်နိုင်ဘူး
    • waste - အလကားဘဲ
    • hard - ခက်တယ်

    စကားလုံးတွေက စိတ်နေသဘောထား attitude ကိုဖော်ပြတယ်။ ဒါကြောင့် အမြော်အမြင် ရှိရှိနဲ့ စကားလုံးတွေကိုရွေးချယ်ပါလေ။

    ၇။ ထင်မြင်ချက်တောင်းပါ။

    တစ်ကယ်လက်တွေ့ နယ်ပယ်မှာ email ရေးတဲ့အခါ လိုအပ်ရင် မိမိ email ကို အခြားသူတစ်ဦးဦး အား ဖတ်ခိုင်းပြီးသူရဲ့ ထင်မြင်ချက်ကိုတောင်းပါ။ အဲ့ဒီသူက မိမိရဲ့ အင်္ဂလိပ်စာဆရာ၊ မိမိထက် အင်္ဂလိပ်စာ ပိုကောင်းတဲ့ လုပ်ဖေါ်ကိုင်ဖက် စသည်တို့ ဖြစ်နိုင်ပါတယ်။ သင့်ဆီကိုလာတဲ့ အခြားသူတွေရဲ့ email တွေထဲက ကောင်းနိုးရာရာ မှတ်သားစရာများကိုလည်း လေ့လာပြီး ကိုယ်ပိုင် phrase book မှတ်စုတစ်ခု ပြုစုထားပါ။ email ရေးနည်း နည်းလမ်းကောင်းတွေကို ရှာဖွေလေ့လာပြီးလေ့ကျင့်ပါ။ ဒါဆိုရင် သင်အောင်မြင်ပါပြီ။

    Englishwithatwist.com မှ Shanthi ရဲ့ 7 tips on how to improve your email writing skills ကို ကိုးကားဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

    မူရင်းဆောင်းပါးကို ဤနေရာ (http://englishwithatwist.com/2013/10/28/7-tips-on-how-to-improve-yo...) တွင် ဖတ်ရှုနိုင်ပါတယ်။

    တယ်လီဖုန်း အင်္ဂလိပ်စာ


     


    နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရတဲ့ ကုမ္ပဏီ၊ ရုံးဌာန၊ အရောင်းဆိုင်မှာ အလုပ်လုပ်သောကြောင့်ဖြစ်စေ၊ ကိုယ်တိုင်က နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေသူ ဖြစ်သောကြောင့်ဖြစ်စေ၊ ဘယ်အကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် နိုင်ငံခြားသားတစ်ယောက်ကို ဖုန်းနဲ့ ဆက်သွယ်ဖို့ လိုအပ်တဲ့အခါ ဖုန်းပေါ်မှာ အင်္ဂလိပ်လိုပြောရမှာ တွန့်ဆုတ်ဖူးပါသလား။

    တစ်ခါတစ်ရံမှာ ကိုယ့် ဘာသာစကားမဟုတ်တဲ့ စကားတစ်ခုခု အထူးသဖြင့် အင်္ဂလိပ်စကားပြောတဲ့အခါ ဘာပြောရမှန်းမသိတော့ဘဲ စကားလုံးတွေ ထွက်မလာတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် ပေးလိုတဲ့ အကြံတစ်ခုကတော့ အင်္ဂလိပ်လို တယ်လီဖုနုး ပြောတာကို များများလေ့ကျင့်ဖို့ပါဘဲ။ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် Telephone English ခေါ်တဲ့ လေ့လာစရာ သင်ခန်းစာ ဆောင်းပါးတွေ အခုအခါ အများကြီးရှိတာမို့ သေသေချာချာ လေ့လာပြီး လေ့ကျင့်ရင် ဒီလိုမျိုး ဖုန်းပြောရင် ဖြစ်တတ်တဲ့ ကြောက်စိတ်တွေ ပျောက်ကွယ်သွားမှာအမှန်ပါဘဲ။

    တယ်လီဖုန်းပေါ်မှာ အင်္ဂလိပ်လိုပြောရတာ ခက်ခဲတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့က တစ်ဖက်က ဖုန်းပြောသူရဲ့ ပါးစပ်၊ မျက်လုံး၊ ခန္ဓာကိုယ်လှုပ်ရှားပုံ စတာတွေကို မမြင်ရတာလည်း ပါပါတယ်။ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ သူပြောတာကို သူ့ရဲ့ ကိုယ်လက်လှုပ်ရှားပုံ (body language) အပါအဝင် မျက်မှောင်ကြုတ်ခြင်း၊ ပြုံးခြင်း စသည်ကို ကြည့်ပြီး အဓိပ္ပါယ်ကောက်ယူလို့ ရသလို သူ့ကိုလည်း ကိုယ့်ရဲ့ အမူအယာတွေနဲ့ စကားပြောလို့ ရပါတယ်။ ဖုန်းနဲ့ ပြောရတာရဲ့ ခြားနားချက်ကတော့ သင်က မဖြစ်မနေ စကားနဲ့ပဲ ပြန်ပြောရတာပဲ ဖြစ်ပါတယ်။

    ဒီတော့ တယ်လီဖုန်းပြောတဲ့အခါ ရဲရဲဝံ့ဝံ့နဲ့ ယုံကြည်မှုရှိရှိပြောနိုင်ဖို့ အောက်ပါ အကြံပြုချက်တွေကို ပြောပြချင်ပါတယ်။

    ၁။ ဖြေးဖြေးနဲ့ ရှင်းရှင်းပြောပါ။
    ဖုန်းနဲ့ စကားပြောတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲကတော့ တစ်ဖက်လူကို မမြင်ရတာပဲ။ ပိုပြီးဆိုးတာက ကိုယ်ပြောချင်တာကို တစ်ဖက်က လူနားလည်အောင် ပြောရတာပါဘဲ။ ကိုယ့်ရဲ့ အသံထွက်တွေက မမှန်ရင်လည်း ဖုန်းပြောရတာအခက်အခဲ ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းပြောတဲ့အခါ သင့်ရဲ့ အားနည်းချက်ကို ဂရုစိုက်ပြီး ပြုပြင်ပါ (ဥပမာ- /l/ အသံ၊ /r/ အသံ၊ /s/ အသံ၊ /z/ အသံ၊ /b/ အသံနဲ့ /v/ အသံတွေ)။

    ဖုန်းမှာ အင်္ဂလိပ်လို စကားပြောရတဲ့အခါ ကြောက်လာပြီဆိုရင် မြန်မြန် ပြောတတ်ကြပါတယ်။ မြန်မြန်ပြောတဲ့အခါ အသံတွေ လုံးပြီး တစ်ဖက်လူက ဘာမှ နားလည်တော့မှာ မဟုတ်ပါဘူး၊ ဒါကြောင့် ဖြေးဖြေးပြောသင့်ပါတယ်။ သင်ပြောချင်တဲ့ စကားတွေကို ဖုန်းမပြောခင် အကြိမ်ကြိမ် လေ့ကျင့်ပြောကြည့်ပါ။ ဒါမှမဟုတ် ချရေးထားပြီး ဖတ်ရင်းပြောပါ။ ဖုန်းမခေါ်ခင်၊ ပြန်မထူးခင် အသက်ကို ဝဝရှုပါ။

    ၂။ တစ်ဖက်လူပြောတာကို နားလည်အောင် အရင်လုပ်ပါ။
    ဖုန်းမှာ တစ်ဖက်လူပြောသမျှ အားလုံးကို နားလည်သလို ဟန်မဆောင်ပါနှင့်။ အင်္ဂလိပ်ဘာသာကို မိခင်စကားအနေနဲ့ ပြောသောသူ (native speaker) တိုင်း သူတို့အချင်းချင်း စကားပြောတဲ့အခါ နားမလည်တာတွေရှိရင် ပြန်ပြောခိုင်းတာ၊ မေးခွန်းတွေ ပြန်မေးတာတွေ လုပ်ပါတယ်။ ကိုယ်က တစ်စုံတစ်ယောက်ရဲ့ အမှာစကား ထားခဲ့တာကို လိုက်မှတ်ရတဲ့အခါမှာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်နားမလည်၊ ကောင်းကောင်းမကြားလိုက်တဲ့အခါ ဘယ်လို ပြန်မေးရသလဲဆိုတဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေကို ကျက်မှတ် လေ့ကျင့်ထားပါ။ နောက်ပြီး တစ်ဖက်က စကားပြောသူကို ဖြေးဖြေးပြောခိုင်းဖို့လည်း မကြောက်ပါနှင့်။ အခြားဆူညံသံတွေနဲ့ ဝေးရာမှာနေပြီး ဖုန်းပြောပါ။ ဒါမှ တစ်ဖက်က စကားကို အနှောက်အယှက်မရှိ နားထောင်နိုင်မှာ ဖြစ်ပါတယ်။

    ၃။ သူငယ်ချင်းနှင့် လေ့ကျင့်ပါ။
    ဝါသနာတူ သူငယ်ချင်းတစ်ဦးဦးနှင့် ဖုန်းပြောဆိုပုံကို အတူတွဲပြီး လေ့ကျင့်ကြည့်ပါ။ ပထမ မျက်နှာချင်းဆိုင် လေ့ကျင့်ပါ။ နောက်ပြီးတော့ ကျောပေးထိုင်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် မမြင်စေဘဲ ပြောကြည့်ပါ။ နောက်တစ်ဆင့်အနေနဲ့ အကာအကွယ် တစ်ခုခုခြားပြီး အသံကျယ်ကျယ်နဲ့ အော်ပြောပြီး လေ့ကျင့်ပါ။ နောက်ဆုံးမှာတော့ တစ်ကယ့် ဖုန်းနဲ့ ပြောကြည့်ပါ။ ဒီလိုဖုန်းနဲ့ လေ့ကျင့်ရာမှာ တစ်ဖက်ကို ဘယ်နှစ်ကြိမ်၊ ဘယ်နေ့တွေမှာ စသည်ဖြင့် အချိန်သတ်မှတ်ပြီး တစ်ယောက်တစ်လှည့် ဖုန်းဆက်ပါ။ တစ်ခါ စကားပြောရင် အနည်းဆုံး ၁၅ မိနစ်ခန့် ပြောပါ။ ပြောစရာ အကြောင်းအရာတွေကိုလည်း ရွေးချယ်သတ်မှတ်ပြီး social talk ၊ business talk စသည်ဖြင့် role play ပုံစံ သရုပ်ဆောင်ပြီး ပြောပါ။ ဖုန်းနဲ့ လေ့ကျင့်ဖို့ မလွယ်ရင် ကျောပေးထိုင် လေ့ကျင့်တဲ့ ပုံစံကို သုံးပါ။ အရေးကြီးဆုံးကတော့ တစ်ယောက်ရဲ့ မျက်နှာ အမူအရာ နှုတ်ခမ်းလှုပ်ရှားမှုတွေကို တစ်ယောက်က မမြင်မိစေဖို့ အရေးကြီးပါတယ်။

    ၄။ တယ်လီဖုန်း စည်းကမ်းနှင့် ယဉ်ကျေးမှုကို လိုက်နာပါ။
    သင့်မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စကားပြောဆိုပုံနှင့် သင့် စီးပွားဖက်၊ သင့် အရာရှိ၊ သင့် customer များ၊ လုပ်ဖေါ်ကိုင်ဖက်များနှင့် စကားပြောဆိုပုံက ကွာခြားပါတယ်။ ယဉ်ကျေးမှု မတူတဲ့ သူတွေနဲ့ ဆက်ဆံရတာဖြစ်တဲ့အတွက် ကိုယ့်ယဉ်ကျေးမှုက တစ်ချို့ သာမန် အပြုအမူ (ဒီမှာတော့ အပြောအဆို) တွေက တစ်ဖက်လူကို စိတ်ကသိကအောက်ဖြစ် (သို့မဟုတ်) စိတ်ပျက်စေနိုင်ပါတယ်။ ဥပမာ သင်က ပွင့်ပွင့်လင်းလင်း တဲ့တိုး စကားပြောတာကို ပညာသားပါပါနဲ့ formal language ကို မသုံးခဲ့ရင် တစ်ဖက်က လူက 'ရိုင်းစိုင်းလှချည်လား' လို့ ထင်သွားနိုင်ပါတယ်။

    တစ်ခါတစ်လေ ယဉ်ကျေးမှုကို ပြသတဲ့အနေနဲ့ “could” တို့ “may” တို့ စတဲ့ modal တွေကို စကားမှာထည့်ပြောရပါတယ်။ မျက်နှာချင်းဆိုင် စကားပြောရင်လည်းဒီ modal တွေကိုဘဲ သုံးရတာ မဟုတ်ပါလား။ ဖုန်းထူးတဲ့အခါ စကားကို ဖြေးဖြေးနဲ့ မှန်မှန်ဖြေသလိုဘဲ အဆုံးသတ်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ goodbye ထည့်ပြောဖို့ မဖြစ်မနေ အချိန်ပေးပြီး လေ့ကျင့်ပါ။ နောက်ပြီးတော့ casual manner နဲ့ စကား ဘယ်လိုစပြောရမလဲ၊ စကားဘယ်လို အဆုံးသတ်ရမလဲ ဆိုတာတွေကို ကျက်မှတ် လေ့ကျင့်ပါနော်။

    ၅။ ရက်စွဲတွေ၊ နံပါတ်တွေကိုလေ့ကျင့်ပါ။
    English phonetic spelling တွေကို လေ့ကျင့်ရတာ လွယ်ကူပါတယ်။ ဒီစာလုံးပေါင်းတွေက တစ်ခုခု စာလုံးပေါင်းမရှင်းရင် ပြန်လည်မေးမြန်းတဲ့အခါ အထူးအသုံးဝင်ပါတယ်။ ဒီ phonetic spelling တွေကို အောက်မှာ သက်သက် ဖေါ်ပြထားပါတယ်။ ဒီစာလုံးပေါင်းတွေက နိုင်ငံတစ်ကာက လက်ခံ နားလည်ထားတာတွေဖြစ်လို့ အရမ်းအသုံးဝင်ပါတယ်။ နောက်ပြီး ရက်စွဲတွေ၊ နံပါတ်တွေကို အသံကျယ်ကျယ်နဲ့ ပြောပြီးလေ့ကျင့်ပါ။ လေ့ကျင့်ဖို့ကတော့ သင်နဲ့ သင့်သူငယ်ချင်းတို့က ရက်စွဲတွေ၊ နံပါတ်တွေကို list ချရေးပြီး တစ်ယောက်ကို တစ်ယောက် ဖုန်းမှတဆင့် ပြောပါ။ ကိုယ်ကြားခဲ့တာတွေကို ချရေးပြီး မှတ်ထားပါ။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ကြားခဲ့တဲ့ ရက်စွဲတွေ၊ နံပါတ်တွေ မှန်သလား ဆိုတာ ချရေးထားတဲ့ list တွေနဲ့ ပြန်တိုက်ကြည့်လို့ ရပါတယ်။

    အောက်မှာတော့ ဖုန်းပြောရင် အသုံးဝင်မယ့် အသုံးအနှုန်းတွေကို လေ့ကျင့်ဖို့ စုစည်းဖေါ်ပြပေးလိုက်ပါတယ်။ အသံထွက် လေ့ကျင့်ကြည့်ပါနော်။

    Answering the phone (ဖုန်းထူးခြင်း)
    • Hello? (informal)
    • Thank you for calling. Sai speaking. How can I help you?
    • Doctor's office.

    Introducing yourself (မိမိကိုယ်ကိုမိတ်ဆက်ခြင်း)
    • Hey George. It's Lisa calling. (informal)
    • Hello, this is Julie Madison calling.
    • Hi, it's Gerry from the exams office here.
    • This is she.* (ဟုတ်ကဲ့ ပြောနေပါတယ်)
    • Speaking.* (ဟုတ်ကဲ့ ပြောနေပါတယ်)
    *တစ်ဖက်က ဖုန်းပြောသူ က မိမိအသံကို မမှတ်မိတဲ့ အခါ ပြောရတာ ဖြစ်ပါတယ်။

    Asking to speak with someone (တစ်စုံတစ်ယောက်ကိုဖုန်းပြောဖို့တောင်းဆိုခြင်း)
    • Is Fred in? (informal) (ဖရက် ရှိလား)
    • Is Jackson there, please? (informal)( ဂျက်ဆင် ရှိလား)
    • Can I talk to your sister? (informal) (စကားပြောခွင့်ရမလား)
    • May I speak with Mr. Green, please? (စကားပြောခွင့်ရမလား)
    • Would the doctor be in/available? (စကားပြောခွင့်ရမလား)

    Connecting someone (ဖုန်းလွှဲပေးခြင်း)
    • Just a sec. I'll get him. (informal) (ခဏလေးနော်။ ဖုန်းလွှဲပေးမယ်။)
    • Hang on one second. (informal) (ခဏလေးနော်။)
    • Please hold and I'll put you through to his office. (ခဏလေးနော်။ သူ့ရုံးခန်းကို ဖုန်းလွှဲပေးမယ်။)
    • One moment please. (ခဏလေးနော်။)
    • All of our operators are busy at this time. Please hold for the next available person. (အော်ပရေတာတွေ မအားသေးလို့နောက်တစ်ယောက်ထူးမဲ့အလှည့် ကိုခဏစောင့်ပေးပါနော်)

    Making special requests (တောင်းဆိုမှုပြု ခြင်း)
    • Could you please repeat that? (ပြန်ပြောလို့ရမလား)
    • Would you mind spelling that for me? (စာလုံးပေါင်းပေးလို့ရမလား)
    • Could you speak up a little please? (နည်းနည်း ကျယ်ကျယ် ပြောပေးလို့ရမလား)
    • Can you speak a little slower please? My English isn't very strong. (နည်းနည်း ဖြေးဖြေး ပြောပေးလို့ရမလား။ ကျွန်တော့အင်္ဂလိပ် သိပ်မကောင်းဘူး။)
    • Can you call me back? I think we have a bad connection. (ပြန်ခေါ်ပေးပါလား။ လိုင်းမကောင်းလို့ပါ။)
    • Can you please hold for a minute? I have another call. (ခဏကိုင်ထားပါ။ နောက်ဖုန်းတစ်ခုဝင်လာလို့။)

    Taking a message for someone (တစ်ယောက်ယောက် ကိုယ်စား ဖုန်းလက်ခံပေးခြင်း)
    • Sammy's not in. Who's this? (informal) (ဆမ်မီ မရှိပါဘူး။ ဘယ်သူ ဆက်တာပါလဲ။)
    • I'm sorry, Lisa's not here at the moment. Can I ask who's calling? (ဘယ်သူ ဆက်တာပါလဲ။)
    • I'm afraid he's stepped out. Would you like to leave a message? (သူမရှိပါဘူး ခင်ဗျား၊ ဘာမှာခဲ့ချင်ပါသလဲ။)
    • He's on lunch right now. Who's calling please? (သူ ထမင်းစားသွားပါတယ်။ ဘယ်သူ ဆက်တာပါလဲ။)
    • He's busy right now. Can you call again later? (သူအလုပ်များနေပါတယ်။ ခဏနေရင် ပြန်ခေါ်ပေးပါ။)
    • I'll let him know you called. (ခင်ဗျား ဖုန်းဆက်တယ်လို့ ပြောလိုက်ပါမယ်။)
    • I'll make sure she gets the message. (စိတ်ချပါ၊ ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ်။)

    Leaving a message with someone (တစ်ယောက်ယောက် အတွက် အမှာထားခဲ့ခြင်း)
    • Yes, can you tell him his wife called, please. (သူ့ဇနီးဆက်တယ်လို့ ပြောပေးပါ။)
    • No, that's okay, I'll call back later. (ကိစ္စမရှိဘူး၊ နောက်မှ ပြန်ခေါ်မယ်။)
    • Yes, it's James from British Council here. When do you expect her back in the office? (သူ ဘယ်တော့ ရုံးကို ပြန်ရောက်မှာလဲ။) 
    • Thanks, could you ask him to call Brian when he gets in? (သူပြန်လာရင် ပြန်ဆက်ခိုင်းပေးပါ။)
    • Do you have a pen handy. I don't think he has my number. (ရေးစရာ အနားမှာရှိလား။ ကျွန်တော့်နံပါတ်ကို ခေါ်ပေးမယ်။)
    • Thanks. My number is 222-3456, extension 12.

    Confirming information (သေချာအောင် ပြန်ပြောခြင်း)
    • Okay, I've got it all down. (ရပြီ၊ ကျွန်တော် ချရေးလိုက်ပြီ။)
    • Let me repeat that just to make sure. (သေခြာအောင် ကျွန်တော် ပြန်ပြောမယ်နော်။)
    • Did you say 555 Charles St.? (ဒီလိပ်စာနော်။)
    • You said your name was John, right? (ခင်ဗျား က ဂျွန်နော်။)
    • I'll make sure he gets the message. (စိတ်ချပါ၊ ကျွန်တော် သူ့ကို ပြောလိုက်ပါ့မယ်။)

    Finishing a conversation (စကားအဆုံးသတ်ခြင်း)
    • Well, I guess I better get going. Talk to you soon. (ကျွန်တော် သွားရတော့မယ်၊ နောက်မှ ပြောကြတာပေါ့။)
    • Thanks for calling. Bye for now. (ဖုန်းဆက်တဲ့ အတွက်ကျေးဇူးတင်ပါတယ်။)
    • I have to let you go now. (ခင်ဗျားကိုလည်း အကြာကြီး ဆွဲမထားတော့ပါဘူး။)
    • I have another call coming through. I better run. (နောက်ဖုန်း တစ်ခု ဝင်လာပြီ၊ ဒါဘဲနော်။)
    • I'm afraid that's my other line. (အဲ့ဒါက ကျွန်တော်ရဲ့ နောက်ဖုန်းလိုင်း တစ်လိုင်း)
    • I'll talk to you again soon. Bye. (နောက်မှ ထပ်ဆက်လိုက်မယ်၊ ဒါဘဲနော်။)

    English phonetic spelling alphabet တွေနဲ့စာလုံးပေါင်းပြခြင်း
    တစ်ခါတစ်လေ ဆူညံတဲ့ပတ်ဝန်းကျင်မှာ ပြောတဲ့အခါ မကြားလိုက်ရတဲ့ စကားလုံးတွေကို English phonetic spelling alphabet တွေသုံးပြီး စာလုံးပေါင်းပြရပါတယ်။ English phonetic spelling alphabet တွေကိုအောက်မှာဖော်ပြလိုက်ပါတယ်။

    ဥပမာ Club ကိုစာလုံးပေါင်းပြချင်ရင် ဒီလိုပြောရပါတယ်။ "C for Charlie, L for Lima, U for Uniform, B for Bravo." သဘောပေါက်မယ်ထင်ပါတယ်။

    A - Alpha
    B - Bravo
    C - Charlie
    D - Delta
    E - Echo
    F - Foxtrot
    G - Golf
    H - Hotel
    I - India
    J - Juliet
    K - Kilo
    L - Lima
    M - Mike
    N - November
    O - Oscar
    P - Papa
    Q - Quebec
    R - Romeo
    S - Sierra
    T - Tango
    U - Uniform
    V - Victor
    W - Whisky
    X - X-ray
    Y - Yankee
    Z - Zulu

    Englishclub.com မှ Telephone English ဆောင်းပါးမှ ကိုးကာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

    မူရင်းဆောင်းပါးကို ဒီနေရာ (https://www.englishclub.com/speaking/telephone.htm) တွင် ဖတ်ရှုနိုင်ပါတယ်။

    ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုပြောမလဲ


     


    အလုပ်ခွင်မှာ၊ ကျောင်းမှာ၊ ဈေးထဲမှာ၊ ပါတီမှာ၊ ဟိုမှာဒီမှာစတဲ့ လူမှု အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သင်ဟာ တစ်ခါတစ်လေဘဲ ဖြစ်စေ၊ မကြာခဏဘဲဖြစ်စေ ကိုယ့်ကိုယ်ကို မိတ်ဆက်ရင်း ကိုယ့်အကြောင်းကို ပြောရတာမျိုး ကြုံဖူးမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတွေ ဖြစ်တဲ့အလျောက် အလုပ်သဘောဖြစ်စေ၊ ခရီးသွားဟန်လွဲဖြစ်စေ အခြားသူတွေနဲ့ မိတ်ဖွဲ့ပြီးကိုယ့်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို ကျယ်ပြန့်အောင် လုပ်ကြရပါတယ်။ အခြေအနေအပေါ် မူတည်ပြီးတော့လည်း ကိုယ့်အကြောင်းကို ပြောတဲ့အခါ သာသာထိုးထိုးလေးပြောရတာမျိုး (ဥပမာအလုပ်အင်တာဗျူးမှာ) ရှိသလို သိုသိုဝှက်ဝှက်လေး (ဥပမာ အခွန်ဦးစီးအရာရှိနဲ့ စကားပြောတဲ့ အခါမျိုး) ပြောရတာလည်း ရှိပါတယ်။ ဒါတွေကတော့ ကိုယ့်မြန်မာစကားနဲ့ ပြောရဆိုရတာ ဖြစ်တာမို့ သိပ်မခက်လောက်ပါဘူးနော်။

    ဒါပေမဲ့ ကိုယ့်အကြောင်းကို အင်္ဂလိပ်လို ပြောရရင်ကော ဘယ့်နဲ့ရှိမလဲ။ ဟုက်ကဲ့၊ ကိုယ့်မြန်မာစကားနဲ့ ပြောရတာ လွယ်တဲ့အကြောင်းအရာကို အင်္ဂလိပ်လို ပြောရတဲ့အခါ အခက်အခဲတွေ ဖြစ်တတ်ပါတယ်။ တစ်ကယ်တော့ အင်္ဂလိပ်စာသင်တဲ့အခါ စာသင်ခန်းတွေမှာ အထူးသဖြင့် ပထမဆုံး စတက်တဲ့နေ့တွေမှာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မိတ်ဆက်တဲ့အနေနဲ့ လုပ်ရတဲ့ activity တွေမှာ ကြုံဖူးပြီးသား ဖြစ်ပါတယ်။ လက်တွေ့လောကမှာ ဒါမျိုးကြုံလာရင် အဲ့ဒီအခြေခံကို ပြန်ပြီး apply လုပ် အသုံးချလိုက်ရင် အဆင်ပြေပါတယ်။

    ဒါဆိုရင် ကိုယ့်အကြောင်းကိုပြောဖို့ ဘယ်လိုလေ့ကျင့်ရမလဲဆိုတာလေးပြောပြချင်ပါတယ်။ ကိုယ့်အကြောင်း ကိုယ်ပြောတဲ့အခါ အဓိကပါဝင်ရမယ့် အချက်တွေကို မေးခွန်းတိုလေးတွေလုပ်ပြီး ပြန်ဖြေကြည့်ပါ။ ပထမ မေးလိုက်ဖြေလိုက် လုပ်ပြီးကျင့်ပါ။ နောက်ပိုင်းမှာတော့ မေးခွန်းတွေကို ဖြုတ်ပြီး အဖြေတွေကိုပဲ ကျိုးကြောင်းဆက်စပ်ပြီး logical အစီအစဉ်နဲ့ ပြောကြည့်ပါ။ အထပ်ထပ်ပြောကျင့်ပါ။ အဆင်ပြေပါလိမ့်မည်။ ကိုယ့်အကြောင်းကိုယ်ပြောရာမှာ အဓိက မပါမဖြစ်တာတွေကတော့ နာမည်၊ အသက်၊ နေရပ်၊ အလုပ်အကိုင်နဲ့ ဝါသနာတွေ စသည်တို့ ဖြစ်ပါတယ်။

    အဲ့ဒီတော့ အဲ့ဒီအချက်အလက်တွေကို မေးခွန်းလေးတွေ လုပ်ပြီးဖြေကြည့်ပါ။ အောက်မှာ မေးခွန်းလေးတွေ လုပ်ပေးထားပါတယ်။ အသံကျယ်ကျယ်လေးနဲ့ သင့်အဖြေတွေကို ပြောကြည့်ပါလေ။
    • What’s your name?
      (ဖြေ) My name is _________
    • How old are you?
      (ဖြေ) I’m _________ years old.
    • What do you do? (ဒီမေးခွန်းကတော့ သင့်လောလောဆယ် ဘာလုပ်နေသလဲလို့ မေးတာပါ။ သင်ကကျောင်းသားဆိုရင် ကျောင်းသား၊ အလုပ်လုပ်နေတယ် ဆိုရင် အလုပ်လုပ်နေတယ်ပေါ့။ အဲ့ဒီလိုဖြေဖို့အတွက်ပါ။)
      (ဖြေ) I’m a/an ____________.
    • Where do you live? Do you like living there?
      (ဖြေ) I live in __________. I like/don’t like living there because _______________.
    • What are your hobbies? (ဒါကတော့ သင့်အားလပ်ချိန်မှာသင်နှစ်ခြိုက်စွာလုပ်လေ့ရှိတဲ့ ဝါသနာတစ်ခုခုကိုဖြေရပါမည်။ ဥပမာအားကစား၊ စာရေးစာဖတ်၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာစသည်ဖြင့်)
      (ဖြေ) I like to __________ in my spare time.
    ပါတီလိုမျိုးတွေ့ဆုံပွဲတွေမှာ တစ်ခါတစ်လေ ပါတီဖိတ်သူ သို့မဟုတ် ဧည့်သည်ထဲက အခြားတစ်ဦးဦးနှင့် သင်ဘယ်မှာ ဘယ်လိုသိခဲ့ (ခင်မင်ခဲ့) သလဲလို့ တစ်ယောက်ယောက်က သင့်ကို မေးတာမျိုးရှိတတ်ပါတယ်။
    ဒါဆိုရင် သင်ကလည်းဒီလိုမျိုးပြောနိုင်ပါတယ်။
    • We met at _________ (နေရာကိုထည့်ပြောပါ။) 
    • I know him/her from __________ (အရင်အတူတူလုပ်ဖူး၊ စာသင်ခဲ့ဖူးတဲ့ အကြောင်းအရာကို ထည့်ပြောပါ။)

    သတိပြုစေလိုတာက အခုပြောခဲ့တာက general set of questions ခေါ်တဲ့ လိုရမယ်ရ မေးခွန်းတွေဖြစ်တယ်။ ဒီမေးခွန်းတွေ အားလုံးကို မဖြစ်မနေထည့်မေးရမယ်လို့ မဆိုလိုဘူးနော်။ အခြေအနေအလိုက် ကြည့်သုံးနိုင်ပါတယ်။
    အလုပ်အကိုင် အင်တာဗျူးတွေမှာတော့ သင့်ရဲ့ ပညာရေးနောက်ခံအကြောင်းတွေ၊ အလုပ်အကိုင်အတွေ့အကြုံတွေ ပြီးတော့ သင်ဘာတွေကို လုပ်ရတာနှစ်သင်ပါသလဲ။ ဘာကြောင့် ဒီအလုပ်ကိုလျှောက်ပါသလဲဆိုတာတွေကိုပြောပြရပါတယ်။

    ပါတီလိုမျိုး social gathering တွေမှာတော့ သင့်ပညာအရည်အချင်းတွေထက် သင့်အလုပ်အကိုင်၊ သင့်အသက်၊ သင့်မိတ်ဆွေတွေအကြောင်း၊ သင့်ဝါသနာတွေ အကြောင်းစတာတွေကိုပြောရတာ ဖြစ်ပါတယ်။ လေ့လာရတာအဆင်ပြေအောင် ဥပမာလေးတွေ ဖေါ်ပြပေးလိုက်ပါတယ်။

    Interview example
    I’m 21 years old and have just finished my degree in Business Administrations. I am looking to develop other skills to work in politics. I really enjoyed being the president of the debating society, which helped me to construct arguments from different points of view. I also met many interesting people in that position. I want to learn on the job, which is why I’d like to work for __________(အဖွဲ့အစည်း အမည်) .

    Party example
    I’ve just finished my degree in Business Administration – it was a really tough three years but it was worth it! I met Sally last year at the debating society party and we got on really well. It must’ve been our love of techno music! How about you?

    ကဲ… အခု ဘယ်လို လေ့ကျင့်ရမလဲဆိုတာ သဘောပေါက်ရင် သင်ပြောချင်တဲ့ သင့်အကြောင်း အချက်လေးတွေကို မေးခွန်းပုံစံနဲ့ သင့်ကိုယ်သင် မေးရင်း အဖြေလေးတွေကို ပြန်ပြောပါ။ ဖြစ်နိုင်ရင် သူငယ်ချင်းတစ်ယောက်နဲ့ အမေးအဖြေပုံစံလေ့ကျင့်ပါ။ နောက် မေးခွန်းတို ဖြေတာအသားကျလာပြီဆိုရင် မေးခွန်းတွေမပါဘဲ အဖြေတွေချည်းကို အပေါ်က ဥပမာတွေအတိုင်း စီကာပတ်ကုံး ဖွဲ့နွဲ့ပြီးပြောကျင့်ပါ။ မကြာမီ ထူးခြားမှုကို တွေ့လာလိမ့်မယ်နော်။

    Kaplan English Website blog မှ Susan ရဲ့ How to talk about yourself in english ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။

    တော်စမ်းပါကွာ Give me a break!


     


    တစ်စုံတစ်ယောက်က စိတ်အနှောက်အယှက် ဖြစ်အောင်လုပ်တယ်။ သို့မဟုတ် တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အင်္ဂလိပ်လို give me a break လို့ ပြောကြပါတယ်။ Give me a break က အသုံးများတဲ့ အီဒီယံတစ်ခု ဖြစ်ပါတယ်။ အင်္ဂလိပ်သီချင်းတွေ၊ ရုပ်ရှင်တွေမှာ မကြာခဏ ကြားဖူးကြမှာပေါ့။ ဒီအီဒီယံရဲ့ key word ဖြစ်တဲ့ break ဆိုတဲ့ စကားလုံးမှာကိုက စိတ်ဝင်စားဖွယ်အနက် အဓိပ္ပါယ်တွေ ရှိပါတယ်။ Break မှာ အဖြစ်သဘောကိုဆောင်တဲ့ 'ကျိုးသည်' ဆိုတဲ့ အဓိပ္ပါယ်လည်း ရှိသလို အပျက်သဘောကိုဆောင်တဲ့ 'ချိုးသည်' ဆိုတဲ့ အဓိပ္ပါယ်ပါ ရှိပါတယ်။ သံသရာစက်ဝန်းတစ်ခုကို ပျက်သွားစေသလို၊ စဉ်ဆက်မပြတ် ဖြစ်ပျက်နေတာတစ်ခုကို (ကောင်းတာရော ဆိုးတာပါ) ရပ်တန့်စေတယ်လို့ အဓိပ္ပါယ် ရှိပါတယ်။ အဲ့ဒီတွေထဲမှာ ကောင်းတဲ့အဓိပ္ပါယ်နဲ့ ရှိသလို မကောင်းတဲ့ အဓိပ္ပါယ်နဲ့လည်း ရှိပါတယ်။ Break စကားလုံးအကြောင်းကို နောင်အလျင်းသင့်ရင် သီးခြား ပြောပြပါဦးမယ်။ အခုတော့ give me a break ဆိုတဲ့ အီဒီယံအကြောင်းကို ပြန်ဆက်ရအောင်။

    ဒီအီဒီယံမှာ အဓိကအားဖြင့် အဓိပ္ပါယ် ၃ မျိုှးရှိပြီး အသုံးလည်း ၃ မျိုးရှိပါတယ်။ စကားပြောမှာ အသံထွက်ရင် gimme a break လို့ ထွက်ကြပါတယ်။

    Give me a break
      ရဲ့ ပထမအဓိပ္ပါယ်ကတော့ "သွားစမ်းပါ၊ မယုံပါဘူး" "မဖြစ်နိုင်တာဘဲ" စသည့် အဓိပ္ပါယ်တွေ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က ပြောတဲ့ ကိစ္စတစ်ခုခုက မယုံနိုင်စရာဖြစ်တယ်၊ မဖြစ်နိုင်ဘူးဆိုရင် give me a beak လို့ ပြောပါတယ်။
    ဥပမာ-
    • Bob: I heard that someone jumped off the Empire State Building with a parachute.
      Joe: Give me a break! The security in that building is too tight for such a stunt.
      (မဖြစ်နိုင်တာကွာ။ အဲဒီလောက်လုံခြုံရေး တင်းကြပ်တဲ့နေရာမှာ ဘယ့်နှယ် စတန့် သွားလုပ်လို့ ရမတုန်း။)
    • Ted: Joe said that he saw Johnny Depp at the diner on 6th Ave.
      Jen: Give me a break! I doubt any movie star would eat at that crappy diner.
      (အဓိပ္ပါယ်မရှိတာ။ နာမည်ကျော် မင်းသားက လမ်းဘေးဆိုင်မှာ ထမင်းဝင်စားပါ့မလား။)

    နောက်တစ်ခါ တစ်စုံတစ်ယောက်က စိတ်အနှောက်အယှက်ဖြစ်အောင် လာလုပ်နေတယ်ဆိုရင် give me a break လို့ ပြောကြတယ်။ ဒီမှာ ဆိုလိုတာကတော့ "တော်စမ်းပါ၊ လာမနှောက်ယှက်ပါနဲ့" "တော်လောက်ပြီ" "တော်တော့"  စတာတွေဖြစ်တယ်။
    ဥပမာ
    • Jack: Are you finished yet? I want to watch TV?
    • Jane: Jack! Give me a break! I told you I am studying for an important exam. Go watch TV at your friend's house.
      (သွားစမ်းပါကွာ။ ငါစာကျက်နေတယ်။ မင်းသူငယ်ချင်း အိမ်မှာ သွားကြည့်။)
    • Dan: Isn't dinner ready yet? I’m so hungry!
    • Serena: Oh, give me a break! It’s not easy to cook popovers.
      (တော်စမ်းပါ။ ဟင်းချက်တာ ခဏလေးနဲ့ပြီးတာကျနေတာဘဲ။ တကတည်းမှဘဲ။)

    နောက်ဆုံးတစ်ခုကတော့ တစ်ယောက်ယောက်က ကိုယ့်ကို ဆူပူကြိမ်းမောင်းတယ်၊ အပြစ်တင်တယ်၊ ဆိုရင် give me a break လို့ ပြောတယ်။ ဆိုလိုတာကတော့ "ဒီလောက်လဲ မရက်စက်ပါနဲ့" "နည်းနည်းတော့ သနားပါဦး" စတဲ့ အဓိပ္ပါယ်တွေနဲ့ ဖြစ်ပါတယ်။
    ဥပမာ -
    • Boss: You know you've been late twice this week.
      Worker: Can you give me a break? My daughter caught the flu and I've needed more time to care for her in the morning. (နည်းနည်းပါးပါး သနားပါဦး ဆရာရယ်။ သမီးက နေမကောင်းလို့ ပြုစုနေရလို့ပါ။)
    • Policeman: Miss, you were driving too fast on that street.
      Danielle: I’m sorry officer. Please give me a break! I am going to a job interview and if I am late, I’ll never get the job. (နည်းနည်းပါးပါး ကိုယ်ချင်းစာပါဦး ဆရာရယ်။ အလုပ်အင်တာဗျူး နောက်ကျနေလို့ပါ။)

    Give me a break ဆိုတဲ့ စကားက ဘယ်ကလာပါသလဲ

    ဒီစကားက UK နိုင်ငံမှာ ဟိုး ၁၉ ရာစုလောက်က စတင်ခဲ့ပါတယ်။ ဒီစကား စတင်ခဲ့တဲ့ နေရာကလည်း အကျဉ်းထောင် ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းကျနေရပြီးတော့ တရားရင်ဆိုင်ဖို့ ပိုက်ဆံမရှိတဲ့ အကျဉ်းသားတွေအတွက် ဒါမှမဟုတ် အကျဉ်းကျခဲ့ပြီး လွတ်ရက်စေ့လို့ အပြင်လောကမှာ ဘဝသစ် ထူထောင်နိုင်ဖို့ ရင်းနှီးလုပ်ကိုင် စားသောက်နိုင်ဖို့အတွက် ကောက်ခံ စုဆောင်းပေးတဲ့ အကူငွေကို break လို့ ခေါ်ပါတယ်။ အဲ့ဒီ break ဆိုတဲ့ (အကူငွေ) စကားလုံးကနေ တဆင့် တစ်စုံတစ်ယောက်ကို အခွင့်အရေးအသစ် ထပ်ပေးတယ်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဒုက္ခရောက်တာ (ဒုက္ခ ပေးတာ) တွေကို ရပ်စဲစေတယ်လို့ အဓိပ္ပါယ်ရတဲ့ to give someone a break ဆိုတဲ့ စကားပေါ်ပေါက်လာပါတယ်။ ဒီနေရာမှာတော့ break ဆိုတာ opportunity ခေါ် အခွင့်အရေး သို့မဟုတ် good luck ခေါ်ကံကောင်းခြင်း ဆိုတာဘဲ မဟုတ်လား။ ဒီစကားကို USA မှာ ၁၉၄၁ ခုနှစ်လောက်တုန်းက ရုပ်ရှင်မင်းသား W.C.Field ရဲ့ ရုပ်ရှင်တစ်ကားထဲက နာမည်ကျော် စကားတစ်ခွန်း ဖြစ်တဲ့ "Never give a sucker even a break." ကို လူ ကြိုက်များပြီး သုံးစွဲခဲ့ရာမှာ အမေရိကန် အင်္ဂလိပ်မှာလည်း give me a break က ယနေ့တိုင် နေရာရခဲ့ပါတယ်။

    C.Taggart ရဲ့ As Right As Rain by နှင့် myhappyenglish.com မှ 3 Ways to use 'Give me a break' တို့မှ ကိုးကာဘာသာပြန်ထားတာဖြစ်ပါတယ်။

    ကတ်တီးကတ်သတ်စကားလုံး

    ကတ်တီးကတ်သတ်စကားလုံး
    Sweet ချိုသော
    tooth သွား
    Sweet tooth အချိုအလွန်ကြိုက်သူ

    goose ဘဲငန်း
    flesh အသား
    goose flesh=
    goose flesh ကြက်သီးမွေညင်းထခြင်း

    Answer ဖြေသည်
    call ခေါ်ဆိုမှု၊ တောင်းဆိုမှု
    nature သဘာဝ
    .Answer the call of nature= အိမ်သာတက်သည်

    Rest အနားယူသည်၊ အနားယူခြင်း
    room အခန်း
    restroom အများသုံးအိမ်သာ



    Common Collocation (တွဲသုံးနေကျစကားတွဲများ Come)


    come close နီးကပ်လာသည်
    come complete with ပြီးပြတ်သည်
    come direct တည့်တည့်လာသည်
    come early စောစောလာသည်
    come first ဦးဆုံးပန်းဝင်လာသည်/ပထမရသည်
    come into view ပေါ်လာသည်/မြင်သည်
    come last နောက်ဆုံးမှ လာသည်/ဘိတ်ချည်း
    come late နောက်ကျလာသည်၊ အလာနောက်ကျသည်
    come on time အချိန်တိတိကျကျလာသည်
    come prepared ပြင်ဆင်လာသည်
    come right back ချက်ချင်းပြန်လာသည်
    come second ဒုတိယ၀င်လာသည်/ရသည်
    come to a compromise တိုင်ပင်ညှိနှိုင်းသည်
    come to a decision ဆုံးဖြတ်ချက်ချသည်
    come to an agreement သဘောတူညီမှုရလာသည်
    come to an end ပြီးဆုံးသည်၊ အဆုံးသတ်သည်
    come to a standstill ရပ်တန့်သွားသည်
    come to terms with သင့်မြတ်လာသည်
    come to a total of စုစုပေါင်း
    come under attack အတိုက်အခိုက်ခံရသည်

    10 Phrases for Agreeing သဘောတူကြောင်း ပြောနည်း (၁၀) မျိုး


    1. Exactly.
    အတိအကျပဲ
    2. Absolutely.
    လုံးဝဧကန္တပဲ
    3. That’s so true.
    သိပ်မှန်တာပေါ
    4. That’s for sure.
    ကျိန်းသေပဲ
    5. I agree 100%
    ရာနှုန်းပြည့်ပဲဟေ့
    6. I couldn’t agree with you more.
    မိုင်ကုန်သဘောတူတယ်
    7. That’s exactly what I think. / That’s exactly how I feel.
    ငါထင်တာနဲ့တထပ်တည်းပဲ
    8. (informal) Tell me about it! / You’re telling me!
    ပြောဖို့လိုသေးလားကွာ
    9. (informal) I’ll say!
    ဟုတ်ပါ့၊ မှန်ပါ့
    10. I suppose so. (use this phrase for weak agreement – you agree, but reluctantly)
    အဲ့လိုပဲ ထင်ရတာပါပဲ၊ (သဘောတူချင်မတူချင်)

    သတိပြု
    I'm agree. လို့မပြောရပါ၊
    I agree.
    I'm in agreement.လို့ပြောပါ။
    Note: Avoid the common error of saying “I’m agree” – the correct phrase is “I agree” or “I’m in agreement” – the second one is more formal.

    Conversation: School ကျောင်းဆိုင်ရာစကားပြော


    Keep your eye open မျက်စိရှင်ရှင်ထားပါ
    .....
    A: This is a huge library.
    ဒီစာကြည့်တိုက် အကြီးကြီးပဲ
    B: Yes, it has lots of rooms and lots of space.
    အင်း အခန်းလည်းများ ကျယ်လည်းကျယ်တယ်
    A: And lots of books.
    စာအုပ်ကလည်း များတယ်နော်
    B: And lots of thieves.
    သူခိုးလည်း ပေါတယ်
    A: What do you mean?
    ဘာဆိုလိုတာလဲ
    B: I mean, keep your belongings close to you.
    မင်းပစ္စည်းတွေ မင်းနဲ့နီးနီးကပ်ကပ်ထားလို့ ပြောတာပါ
    A: The only thing in my backpack is used books.
    ငါ့အိတ်ထဲ စာအုပ်အဟောင်းတွေပဲ ရှိတာ
    B: But thieves don’t know that.
    သူခိုးက အဲ့ဒါကို ဘယ်သိမလဲ
    A: They might think that I’ve got an iPod or laptop in there.
    သူတို့က အထဲမှာ IPod သို့မဟုတ် laptopရှိတယ် ထင်ချင်ထင်မှာပေါ့
    B: Now you’re thinking.
    ခု မင်းက ထင်နေတယ်မလား
    A: You’d think a library would be safe from thieves.
    မင်း စာကြည့်တိုက်မှာ သူခိုးမရှိသင့်ဘူးလို့ ထင်တာမလား
    B: Not even a church is safe from thieves.
    ဘုရားကျောင်းတောင် သူခိုးကင်းတာ မဟုတ်ဘူးကွ။

    Uninstall Tool 3.4.2 build 5405 With Crack Full Version Size(6.3MB)


    ကျွန်တော်တို့ကွန်ပျူတာထဲကို Softwares တွေကို ထည့်လိုက် ထုတ်လိုက်လုပ်ပြီး ဆော့ဝဲလ်တွေကို လိုက်စမ်းနေသူများအတွက် Uninstall Tool ကိုတင်ပေးလိုက်ပါတယ် ။ ကွန်ပျူတာမှာ ပါဝင်ရှိ Uninstall ကကိုယ့်မောင်းထည့်ထားတဲ့ Softwares ကို Uninstall တာလုပ်နိုင်ပြီး Softwares ရဲ့ Folder တွေကိုလိုက်ပြီးမဖျက်ပေးနိုင်ပါဘူးခင်ဗျာ အခု Uninstall Tool လေးနဲ့ Uninstall လုပ်တဲ့အခါ Softwares ရဲ့ မျိုးဆက်တွေကို တစ်ခုမကျန်အောင်ဖျက်ဆီးပေးနိုင်ပါတယ် ဒါမှစက်လည်းပေါ့ပါးစေမှာပါ