Wednesday, March 11, 2015

ကျောင်းသားသပိတ်အကြမ်းဖက်မှုနှင့် ဖမ်းဆီးထိန်းသိမ်းမှု ABSDF ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်


 ကျောင်းသားသပိတ် အား အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ်သည် ဒီမိုကရေစီဖော် ဆောင်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကို ယုံ ကြည်မှုကင်းမဲ့စေပြီး ပြည်တွင်း မငြိမ်သက်မှုများဖြစ်ပေါ်လာစေ ရန် လက်ရှိအစိုးရက ဖန်တီးနေ သကဲ့သို့ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ထုတ်ပြန်သည်။
ကျောင်းသားများ၏ ပင်မ သပိတ်စစ်ကြောင်းကို မတ်လ ၁၀ ရက်က ရဲအင်အားအလုံးအရင်း ဖြင့် အကြမ်းဖက်နှိမ်နင်းဖြိုခွင်း ပြီး ကျောင်းသား၊ ဒေသခံပြည်သူ နှင့် မီဒီယာသမားများကို ဖမ်းဆီး ခဲ့ခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ABSDF ကဆို သည်။မြန်မာအာဏာပိုင်များ၏ ကျင့်ထုံးကဲ့သို့ဖြစ်နေသော အ ကြမ်းဖက် ဖြေရှင်းနေမှုများ  ကြောင့် နိုင်ငံရေးအခြေအနေမှာ အဆိုးရွားဆုံးအခြေအနေသို့ ကျ ရောက်သွားနိုင်ပြီး မလိုလားအပ် သည့် နောက်ဆက်တွဲဆိုးကျိုးများ ကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ အကြမ်းဖက်ဖြိုခွင်းသည့် လုပ်ရပ် ကြောင့် ဒီမိုကရေစီဖော်ဆောင် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လက်ရှိအစိုးရက အကောင်အထည်ဖော်ဆောင် ရွက်နေသည်ဟု ပြောဆိုမှုများကို ယုံကြည်မှုကင်းမဲ့စေပြီး ပြည် တွင်းမငြိမ်သက်မှုများဖြစ်လာစေ ရန် လက်ရှိအစိုးရက ဖန်တီးနေသ ကဲ့သို့ ဖြစ်နေကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
သို့ဖြစ်၍ ဖမ်းဆီးထိန်းသိမ်း ထားသော ကျောင်းသားလူငယ် များ၊ အလုပ်သမား၊ ရဟန်းသံဃာများ၊ မီဒီယာများအားလုံးကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် လိုအပ်သည်ဟု ABSDF က မတ် လ ၁၀ ရက်၌  သဘောထား ထုတ်ပြန်ခဲ့သည်။
အလားတူ ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒထုတ်ဖော်မှု များတွင် ဖမ်းဆီးခံရသူများ အ မြန်ဆုံးပြန်လွှတ်ပေးရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မတ်လ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ထုတ် ပြန်ချက်တွင် အလေးအနက်ထား တောင်းဆိုထားသည်။
မတ်လ ၁၀ ရက်က ဖြစ်ပွားခဲ့သော လက်ပံတန်းအပါအ၀င် ကျောင်းသားသပိတ်များကို ကိုင် တွယ်ဖြေရှင်းရာ၌ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံ ထားရသူများအား ထပ်မံအကြမ်း ဖက်ရိုက်နှက်ကန်ကျောက်ခြင်း၊ လူနာတင်ယာဉ်အပါအ၀င် မော် တော်ယာဉ်များကို အငြိုးထား ဖျက်ဆီးခြင်းစသည့် တရားလက် လွတ်ဖြိုခွဲမှုများကို တွေ့ရကြောင်းယင်းကြေညာချက်တွင် ပါရှိ သည်။

No comments:

Post a Comment