Wednesday, March 11, 2015

အလွန်အကျွံအင်အားသုံးတဲ့သူမှန်သမျှ အရေးယူဖို့ AI ပြောပြီ


မြန်မာအာဏာပိုင်တွေအနေနဲ့ မလိုအပ်ဘဲ အလွန်အကျွံအင်အားသုံးတဲ့ ရဲတပ်ဖွဲ့ကို ထိန်းသိမ်းဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ကျုးလွန်သူ ဘယ်အရာရှိကိုမဆို အရေးယူဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က တောင်းဆိုလိုက်ပါတယ်။
ဆန္ဒပြသူတွေဘက်ကလည်း ခဲတွေနဲ့ပြန်ပစ်ခဲ့တာရှိပေမယ့်လည်း မြန်မာရဲတွေရဲ့ လုပ်ရပ်နဲ့အပြုအမူဟာ လက်ခံနိုင်စရာလုံးဝမရှိတဲ့အကြောင်း၊ ကျောင်းသားတွေကို အကြမ်းဖက်အင်အားသုံးတာ၊ အလွန်အကျွံအကြမ်းဖက်တာ၊ မြေကြီးပေါ်လဲကျနေသူကို လူမဆန်စွာရိုက်နှက်ကန်ကြောက်တာတွေဟာ နိုင်ငံတကာဥပဒေအောက်က ချိုးဖောက်မှုဖြစ်တဲ့ ရက်စက်မှု၊ လူမဆန်မှုဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ပစိဖိတ်ဆိုင်ရာ အရာရှိ Rupert Abbott က ပြောပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူ ဘယ်သူ့ကိုမဆို ရာဇဝတ်သားလို တိုက်ခိုက်ဖမ်းဆီးတာ၊ ချုပ်နှောင်တာတွေဟာ မဖြစ်သင့်တာမို့ မြန်မာအာဏာပိုင်တွေရဲ့ အတိတ်က အကြမ်းဖက်ဖြိုခွင်းမှုတွေကို အခုထပ်မံလုပ်ခွင့်ပေးတာမျိုး မဖြစ်သင့်တော့ဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment