Sunday, March 22, 2015

ကျေးဇူးတင်ကြောင်းပြောကြားနည်းများ


  •  

  • Thanks နှင့် Thank you တို့ဟာ တစ်စုံတစ်ယောက်က သင့်အတွက် တစ်ခုခုပြောပေးခဲ့လို့ (သို့) တစ်ခုခု ပြုလုပ်ပေးခဲ့လို့ ထိုသူကို ကျေးဇူးတင်ကြောင်း ပြောရာတွင် အများသုံးတဲ့ ပုံမှန်အသုံးအနှုန်းဖြစ်ပါတယ်။

    သင့်ရဲ့ ကျေးဇူးတင်ရှိမှုကို လေးနက်စေလိုလျှင် (သို့) ပိုပြီး ယဉ်ယဉ်ကျေးကျေးရှိစေလိုလျှင် Thanks a lot, Thanks very much, Thank you very much (သို့) Thank you so much လို့ပြောနိုင်ပါတယ်။
    • Thank you for your kind words. (ကြင်နာတဲ့စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်)
    • You're looking well. (ခင်ဗျားကြည့်ကောင်းနေတယ်။) Thanks (ကျေးဇူးပဲ)
    • Thanks for dinner – it was great. (ညစာအတွက် ကျေးဇူးတင်ပါတယ်၊ အရမ်းကောင်းပါတယ်။)
    • Thanks a lot for all your help. (ခင်ဗျား အကူအညီအားလုံးအတွက် အရမ်းကျေးဇူးတင်ပါတယ်။)
    • Thanks very much for looking after the kids. (ကလေးတွေကို ကြည့်ပေးထားလို့ ကျေးဇူးအများကြီးတင်ပါတယ်။)
    Thanks a bunch သည် တစ်စုံတစ်ဦးအား သူ လုပ်ဆောင်ပေးတဲ့ အရာဟာ အကူအညီမဖြစ်ခဲ့ ကြောင်း (သို့) ညှာတာမှုမရှိတဲ့အကြောင်းကို သိစေလိုတဲ့အတွက် ငေါ့၍ပြောသော ကျေးဇူးတင်စကား ဖြစ်ပါသည်။ အရပ်သုံး (သို့) ရင်းနှီးသော အသုံးအနှုန်းဖြစ်ပါသည်။ Thanks a lot နှင့် Thanks very much တို့ကိုလည်း ဒီလိုငေါ့တော့တော့ပုံစံဖြင့် အသုံးပြုနိုင်ပါတယ်။
    • You told Tony what said? Thanks a bunch! (မင်း တိုနီ့ကို ငါပြောတာကို ပြောလိုက်တယ်၊ အရမ်းကို ကျေးဇူးတင်တာပဲကွာ။)
    • Thank a lot for spoiling my evening. (ငါ့ရဲ့ ညနေခင်းကို ဖျက်စီးပေးတဲ့အတွက် သိပ်ကို ကျေးဇူးတင်တယ်ကွာ။)

    Much obliged တစ်စုံတစ်ယောက်ကို သင့်အတွက် တစ်စုံတစ်ရာပြုလုပ်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်ကြောင်းကို အခန့်နည်း (formal way)နဲ့ ပြောတာ ဖြစ်ပါတယ်။
    • I am much obliged to you for your patience during the recent difficulties. (ပြီးခဲ့တဲ့ အခက်အခဲအတွင်းက စိတ်ရှည်ပေးခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။)

    You've saved my life နှင့် I owe you one တို့ကတော့ သင့်ကို ခက်ခဲတဲ့ အခြေအနေမှာ အကူအညီပေးခဲ့တဲ့ သူတစ်ဦးတစ်ယောက်ကို ရင်းနှီးတဲ့ သဘော (သို့) အရပ်သုံးနည်းနဲ့ ကျေးဇူး တင်တဲ့ အကြောင်းပြောတဲ့အခါ အသုံးပြုပါတယ်။ Cheers ကိုလည်း ဒီသဘောနဲ့ သုံးနိုင်ပါတယ်။ ၄င်းကတော့ ဗြိတိသျှ အသုံးအနှုန်းဖြစ်ပါတယ်။
    • Thanks for the lift. You've saved my life. (ကားကြုံခေါ်လာပေးတဲ့အတွက် ကျေးဇူးပဲ။ ကျွန်တော့် အခက်အခဲကို ခင်ဗျား ဖြေရှင်းလိုက်တာပဲ။)
    • Thanks a million. I owe you one (ကျေးဇူးကမ္ဘာပါ။ ခင်ဗျားအပေါ် ကျေးဇူးအကြွေးတင်သွား ပြီ။)
    • Here' the book you wanted to borrow. (ရောဒီမှာ ခင်ဗျား ငှားချင်တဲ့စာအုပ်။) Oh, Cheers (အော်၊ ကျေးဇူးပဲ။)

    You shouldn't (have) ကိုတော့ တစ်စုံတစ်ယောက်က သင့်ကို လက်ဆောင်ပေးလာတဲ့အခါမှာ သုံးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
    • Oh, Martin, what lovely flowers. You shouldn't have! (အို မာတင်ရယ်၊ လှလိုက်တဲ့ ပန်းတွေ။ အလကား ဒုက္ခရှာလို့ ယူလာတယ်ကွယ်။)

    You're too kind ကတော့ ကျေးဇူးတင်ကြောင်းကို ယဉ်ယဉ်ကျေးကျေး ပြောတာဖြစ်ပေမဲ့လည်း ဟန်ဆောင်တဲ့ပုံ၊ စိတ်ထဲကမပါဘဲ ပြောတဲ့ ပုံပေါက်နေတတ်ပါတယ်။
    • Thank you for saying that. You're too kind. (အဲဒီလိုပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က သဘောကောင်းလွန်းတယ်။)

    I'd like to thank
    ကိုတော့ မိန့်ခွန်းပြောတဲ့အခါမှာ ပရိသတ်ကို ကျေးဇူးတင်ကြောင်းကို ပြောတဲ့အခါမှာ အသုံးပြုပါတယ်။
    • I'd like to thank everyone for coming along and supporting us today. (ဒီနေ့အားလုံး ကြွ ရောက်လာပြီး ကျွန်တော်တို့ကို အားပေးထောက်ခံတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။)

    Many thanks ကိုတော့ စာတွေနဲ့ အီးမေး(လ်)တွေမှာ အသုံးပြုပါတယ်။ အခန့်သုံးနည်းဖြစ်ပါတယ်။
    • Many thanks for the lovely present. (လက်ဆောင်လှလှလေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်။)

    macmillandictionaryblog.com မှ Liz Potter ၏ Ways of saying thank you မှ ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။


    No comments:

    Post a Comment