Sunday, March 22, 2015

စကားစုအတိုများကိုဆက်ခြင်း



ကြိယာမဲ့ စကားစုတိုလေးများ (short phrases) ကို ထိရောက်စွာ ဆက်နိုင်ခြင်းသည် သင်ဟာ စာအရေးအသား ဘယ်လောက် ကျွမ်းကျင်တယ် ဆိုတာကို ဖော်ပြနေပါတယ်။ အချက်အလက်တွေကို သက်သေ အထောက်အထား ဖြင့်ပို၍ ထင်ရှားမှန်ကန်ကြောင်းပြရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဒီလို ကျွမ်းကျင်မှုမျိုးသည် အထူးပင် အရေးကြီးပါတယ်။ ၀ါကျများကို ဆက်တဲ့အခါမှာ မှန်ကန်တဲ့ စကားဆက် (correct conjunction) ကို အသုံးပြု၍ ဆက်လေ့ဆက်ထ ရှိပါတယ်။ ဥပမာ - Clause (ကြိယာရှိစကားစု) ၂-ခုကို ဆက်ရာတွင် Why? (ဘာ့ကြောင့်လဲ?) ဆိုတဲ့ မေးခွန်းကို ဖြေဖို့ because, as နဲ့ since တို့ကို သုံးပါသည်။ ဒါပေမဲ့ ၄င်းတို့ရဲ့ အသုံးပြုပုံသည် တစ်ခါတစ်ရံမှာ ရှုပ်ထွေးတတ်ပါတယ်။ ဥပမာအနေဖြင့် အောက်ပါဝါကျကို လေ့လာကြည့်ပါ။

  • The company went bankrupt because of a huge drop in sales.
    ရောင်းအားတရားလွန် ကျသွားသောကြောင့် ကုမ္ပဏီမွဲပြာကျသွားသည။်

အကြောင်းအရာ တစ်ခုခု ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းပြချက် (reason) ဟာ အဓိကကျတဲ့အခါ because ဖြင့်စသော ကြိယာရှိစကားစု (“because” clause) သည် အဓိကကြိယာရှိ စကားစု (main clause) ရဲ့ နောက်က လိုက်ရတယ်။ အကြောင်းပြချက်ဟာ သိပြီးသားဖြစ်နေမယ် (သို့) သိပ်အရေးမကြီးဘူးဆိုရင်တော့ as နဲ့ since ကို အသုံးပြုပါတယ်။ as  (သို့) since နဲ့ စသော clause သည် ၀ါကျရဲ့ အစမှာ လာလေ့ရှိပြီး ၄င်းကို main clause မှ ကော်မာ (comma) ဖြင့် ခွဲခြားပြထားပါတယ်။ ဥပမာ-

  • As my secretary had finished the report when I arrived at work, I was able to give a confident presentation to the board that afternoon. (I am telling you about the presentation. It’s not so important why I gave a successful presentation.)
    ကျွန်တော် ရုံးကို ရောက်သွားတဲ့အခါ ကျွန်တော့်ရဲ့ အတွင်းရေးမှူးက အစီရင်ခံစာကို ပြီးအောင် ရိုက်ထားပြီးဖြစ်သောကြောင့် အဲဒီနေ့ နေ့လည်မှာပဲ ဘုတ်အဖွဲ့ကို ယုံကြည်စိတ်ချရတဲ့ တင်ဆက်မှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ (ဒီနေရာမှာ ကျွန်တော့်ရဲ့ တင်ဆက်မှုအကြောင်းကို ပြောပြနေခြင်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ တင်ဆက်မှုကို ဘာ့ကြောင့်ပေးနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းရင်းက အဓိကမဟုတ်ပါ)။

  • Since the Nikkei is closed today, we’ll have the meeting this morning. (I know, and you know, that the Nikkei is closed today.)
    Nikkei ဟာဒီနေ့ ပိတ်တဲ့အတွက် အစည်းအဝေးကို ဒီမနက်ပဲ လုပ်လိုက်ပါမယ်။ (ဒီနေရာမှာ ကျွန်တော်ရော၊ သင်ပါ ဒီနေ့ Nikkei ပိတ်ကြောင်းကို သိပြီးသားဖြစ်နေပါတယ်။)

မှတ်ချက်! အပြန်အလှန်စကားပြော (conversation) မှာတော့ as နှင့် since အစား so ကိုအသုံးပြုပါတယ်။ အဲဒီအခါမျိုးမှာ so-clause သည် main clause နောက်ကလိုက်ရပါတယ်။

  • My secretary had finished the report when I arrive at work, so I was able to give a confident presentation to the board.
    ရုံးရောက်သွားတဲ့အခါမှာ ကျွန်တော့်အတွင်းရေးမှူးက အစီရင်ခံစာကို အပြီးရိုက်ပြီးဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ ဘုတ်အဖွဲ့ကို ယုံကြည်စိတ်ချရတဲ့ တင်ဆင်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။

No comments:

Post a Comment