Wednesday, March 11, 2015

ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်ခြင်းသည် သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိတွေအားလုံးနှင့် ဆန့်ကျင်နေကြောင်း

ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်ခြင်းသည် သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားသည့် ကတိတွေအားလုံးနှင့် ဆန့်ကျင်နေကြောင်း ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot ပြောကြား
အမေရိကန် ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley နှင့် Steve Chabot က လက်ပံတန်းမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများနှင့် သံဃာတော်များအပြင် ဂျာနယ်လစ်များကိုပါ အကြမ်းဖက် ဖြိုခွဲမှုများ ချက်ချင်းရပ်တန့်ရန် မတ်လ ၁၀ရက်နေ့က တောင်းဆိုခဲ့သည်။
"မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်နေတဲ့ပုံတွေ တွေ့ရတာ အလွန် ထိတ်လန့်မိပါတယ်။ ဒီလိုမျိုး အာဏာပိုင်တွေနဲ့ သူတို့ငှားရမ်းထားတယ်လို့ ယူဆရတဲ့ လူဆိုးသူခိုးတွေကို အသုံးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဖြိုခွဲတာ လုံးဝ လက်မခံနိုင်ပါဘူး။ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ရဟန်းသံဃာတော်တွေအပြင် သတင်းထောက်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့ ဆန္ဒပြသူအားလုံးကိုလဲ ချက်ချင်းလွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။"
"ဒီလိုမျိုး ဆန္ဒပြတဲ့ လူငယ်တွေကို အကြမ်းဖက်တာဟာ သမ္မတ အိုဘားမားအပေါ် သမ္မတ ဦးသိန်းစိန် ပေးထားတဲ့ ကတိတွေအားလုံးနဲ့ ဆန့်ကျင်နေပါတယ်။ သမ္မတ ဦးသိန်းစိန်က အမြင်မတူညီမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ဖို့ ကတိပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုတွေ အမြန်ဆုံး ရပ်တန့်ဖို့ တောင်းဆိုကြမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ မူဝါဒပြောင်းလဲဖို့ တောင်းဆိုနေယုံသာဖြစ်ပါတယ်။ သူတို့ကို ရန်သူအနေနဲ့ သတ်မှတ်ပြီး မဆက်ဆံသင့်ပါဘူး " ဟု ကွန်ဂရက် လွှတ်တော်အမတ် Joe Crowley ၏ Blog တွင် ရေးသားထားသည်။

No comments:

Post a Comment