Sunday, March 22, 2015

ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် အီဒီယမ် (၁၀) ခု


  •  

  • ကျောင်းသား၊ ကျောင်းသူများနှင့်သက်ဆိုင်သည့် လူသုံးများတဲ့ အီဒီယမ်တွေနဲ့ သူတို့ကို သုံးနှုန်းပုံ ဥပမာများကို လေ့လာကြပါစို့။

    1. A for effort (ကြိုးစားအားထုတ်မှုအတွက် အဆင့် ' A ' ပေးခြင်း)

    တစ်စုံတစ်ယောက်ဟာ အောင်မြင်မှုမရှိခဲ့ပေမဲ့လည်း တစ်စုံတစ်ရာကို ဖြစ်မြောက်ဖို့ အပတ်တကုတ်ကြိုးစားခဲ့တာကို အသိအမှတ်ပြုလိုတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - The cake didn't turn out like she had planned, but I give her 'A' for effort. (ကိတ်မုန့်ဟာ သူစီစဉ်ထားသလို ဖြစ်မလာပေမဲ့ သူ့ကြိုးစား အားထုတ်မှုကို ကျွန်တော် အသိအမှတ်ပြုပါတယ်။)

    2. Copycat (စာခိုးချသူ / ရုပ်၊ ဟန်၊ အသံလိုက်တုသူ)

    သူတစ်ပါးရဲ့စာကို ကူးချသူ (သို့) တခြားသူရဲ့ ရုပ်၊ ဟန်၊ အသံကို လိုက်တုသူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Janie is a copycat – she was looking at my answers while we were taking the test. (ဂျေနီက စာခိုးချသူဖြစ်ပါတယ်။ စာမေးပွဲဖြေနေတုန်းမှာ သူငါ့အဖြေတွေကို ခိုးကြည့်တယ်။)

    3. Learn (something) by heart (အလွတ်ကျက်မှတ်ခြင်း)

    အကြောင်းအရာတစ်ခုခုကို ပြည့်ပြည့်စုံစုံ အလွတ်ရအောင် ကျက်မှတ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။

    ဥပမာ - I have played that song for so long that I have learnt it by heart and don't even have to look at the music. (ဒီသီချင်းကို တီးလာတာကြာပြီမို့လို့ အလွတ်တောင်ရနေပြီ ဖြစ်တဲ့အတွက် ဂီတ သင်္ကေတတွေကိုတောင် ကြည့်ဖို့မလိုတော့ဘူး။)

    4. Pass with flying colours (အဆင့်မြင့်မြင့်အောင်ခြင်း)
    စာမေးပွဲတစ်ခုကို လွယ်ကူစွာနဲ့အောင်ပြီး အမှတ်ကောင်းကောင်းရတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - Tod must have studied a long time because he passed the test with flying colours. (တော့(ဒ်)ဟာ စာမေးပွဲကို အလွယ်တကူ အဆင့်မြင့်မြင့်နဲ့ အောင်လာတဲ့အတွက် သူဟာ အချိန်အကြာကြီး ကြိုးစား စာကျက်ခဲ့တာဖြစ်ရမယ်။)

    5. Play hooky (ကျောင်းပြေးခြင်း)
    ကျောင်းသားတစ်ယောက်ယောက်က ကျောင်းမတက်ပဲ ကျောင်းပြေးတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - My friends are playing hooky today so they can be the first in line for the concert tickets this afternoon. (ဒီနေ့လည်မှာ ဂီတဖျော်ဖြေပွဲအတွက် လက်မှတ်တန်းစီတဲ့နေရာမှာ ရှေ့ဆုံးက နေရာရဖို့ ဒီနေ့ ကျွန်တော့်သူငယ်ချင်းတွေ ကျောင်းပြေးကြတယ်။)

    6. Drop out of school (ကျောင်းဆက်မတက်ခြင်း)
    တစ်စုံတစ်ယောက်က ကျောင်းကို ပြီးဆုံးသည်အထိ ဆက်မတက်ပဲ နေခြင်းကို ဆိုလိုပါတယ်။

    ဥပမာ - Maurice had to drop out of school when his mother became ill so that he could help take care of her. (သူ့အမေ နာမကျန်းဖြစ်တဲ့အခါ သူ့အမေကို ပြုစုစောင့်ရှောက်ဖို့အတွက် မောရစ်(စ်)ဟာ ကျောင်းဆက် မတက်ပဲ နေလိုက်ရပါတယ်။)

    7. Put your thinking cap on. (လေးလေးနက်နက် စဉ်းစားခြင်း)
    တစ်စုံတစ်ယောက်ကို အလေးအနက်ဆင်ခြင်စေလိုတဲ့အခါမှာ အသုံးပြုပါသည်။

    ဥပမာ - We're all going to put our thinking caps on to tackle this big problem. (ဒီပုစ္ဆာကြီးကို ဖြေရှင်းနိုင်ဖို့အတွက် ငါတို့အားလုံး လေးလေးနက်နက် စဉ်းစားကြမယ်။)

    8. Show of hands (ဆန္ဒပြုရန် လက်ထောင်ခြင်း)
    တစ်စုံတစ်ရာနဲ့ပတ်သက်ပြီး မဲဆန္ဒပေးရန်အတွက် လက်တွေ ထောင်ကြတဲ့အခါမှာ အသုံးပြုပါတယ်။

    ဥပမာ - By a show of hands, how many of you prefer to have the test on Friday? (သောကြာနေ့ ကျမှ စာမေးပွဲကို စစ်ဖို့လိုလားတဲ့သူ ဘယ်နှစ်ယောက်လဲဆိုတာကို လက်ထောင်ပြီး မဲပေးကြမယ်။)

    9. Teacher's pet (ဆရာ့အချစ်တော်)
    ဆရာက အရေးပေးသော ဆရာ့အသည်းစွဲ ကျောင်းသား/သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - Jonathan is the teacher's pet. She always calls on him first. (ဂျွန်နသန်ကတော့ ဆရာမရဲ့ အချစ်တော်ပဲ။ ဆရာမက သူ့ကိုပဲ အမြဲအရင်ဆုံး ခေါ်တယ်။)

    10. Bookworm (စာဂျပိုး)
    စာအလွန်တရာဖတ်သော သူကို ခေါ်ခြင်းဖြစ်ပါတယ်။

    ဥပမာ - She is such a bookworm! She seems to have a new book every day! (သူဟာ တကယ့်ကို စာဂျပိုး ပဲ။ သူ့မှာ နေ့တိုင်း စာအုပ်အသစ်တစ်အုပ်ရှိပုံရတယ်။)

    Voxy.com မှ Jessica Weeg ၏ 10 Popular School Idioms ကို ကောက်နှုတ် ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

    No comments:

    Post a Comment