Sunday, March 22, 2015

ဆန္ဒထုတ်ဖေါ်ပြောဆိုရေးသားခြင်း




ကျွန်တော်တို့ လုပ်ရပ်တိုင်းရဲ့ နောက်ကွယ်မှာ လုပ်ရခြင်းရဲ့ ရည်ရွယ်ချက် ဆိုတာတွေ ရှိပါတယ်။ အဲ့ဒီရည်ရွယ်ချက်တွေက ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်။ စကားပြောရာမှာ ကျွန်တော်တို့ ဆန္ဒတွေကို အမြဲတမ်းထည့်ထည့် ပြောလေ့ရှိပါတယ်။ “ကျောင်းသွားမလို့”၊ “စာမေးပွဲဖြေမလို့”၊ “တက္ကစီ စီးသွားရအောင်”၊ “ နောက်လကျရင် ပြန်လာမယ်”  စသည် စသည်တွေဟာ မိမိရဲ့ရည်ရွယ်ချက်၊ ဆန္ဒကို ပြောတာမဟုတ်ပါလား။

အင်္ဂလိပ်စကားနဲ့ ဒီလိုဆန္ဒတွေကို intentions လို့ ခေါ်ကြပါစို့။ အဲ့ဒီ intentions တွေမှာလည်း ပြောဆိုတဲ့ကိစ္စ၊ အခြေအနေ၊ အချိန်နဲ့ ပြောသူရဲ့ စိတ်သဘောထားပေါ်မှီပြီး အမျိုးမျိုးရှိပါတယ်။ ဒီတော့ ဘယ်လို အခြေအနေမှာ ဘယ်လိုမျိုး set phrases တွေကိုသုံးပြီးမိမိရဲ့ ဆန္ဒ intentions တွေကို ထုတ်ဖေါ်ရပါသလဲ ဆိုတာ ခေါင်းစဉ်ခွဲပြီး တင်ပြသွားပါတယ်။

ရည်ရွယ်ချက်တွေကိုဖေါ်ပြရာဝယ်


ကိုယ်က တစ်ခုခုကို အခုချက်ခြင်း လုပ်တော့မယ်ဆိုရင် “I'm going to...”  ဆို တဲ့ phrase နဲ့တွဲပြီးပြောရတယ်။
  • I'm going to call my father. 
  • I'm going to have a bath.
  • I'm going to kill you, Max.

ချက်ခြင်းလုပ်လိုက်ဦးမယ်ကို “I think I'll…” နဲ့ တွဲပြီး သုံးလို့လည်းရပါတယ်။
  • I think I'll do some more typing. (စာရိုက်လိုက်ဦးမယ်)
  • I think I'll go to sleep now. (အိပ်လိုက်ဦးမယ်)

နောက်တစ်ခါ သင်က တစ်ခုခုလုပ်မလို့ စီစဉ်ထားပြီးပြီ၊ သင့်ရဲ့လုပ်ချင်တဲ့ ဆန္ဒက fixed plan ဖြစ်ထားပြီးပြီ ဆိုရင် verb –ing နဲ့ တိုက်ရိုက်ပြောရတယ်။
  • I'm taking it back to the library soon.
  • I'm going away.

တစ်ခါတစ်လေလည်း future continuous tense နဲ့ လည်းပြောရတယ်။
  • I'll be waiting.

ကိုယ်လုပ်ဖို့ ဆုံးဖြတ်ထားတာကို ပြောချင်တဲ့အခါ ဒီလိုမျိုး "I've decided to…" ကိုသုံးပြီးပြောရတယ်။
  • I've decided to clear this place out.
  • I've decided to go there.

တစ်ခုခုကိုလုပ်ချင်တဲ့ ဆန္ဒမရှိဘူး၊ မလုပ်ဖူးဆိုရင်တော့ "I've decided not to…" သို့မဟုတ် "I'm not going to…" စတာတွေနဲ့ တွဲပြီးပြောရပါတယ်။
  • I'm not going to make it easy for them. (လွယ်လွယ် နဲ့အလျှော့မပေးဘူး)
  • I've decided not to take it. (မယူတော့ဘူး)

မသေချာတဲ့ ရည်ရွယ်ချက်များ

တစ်ခါတစ်လေ ကိုယ်က လုပ်ဖို့ရည်ရွယ်တာတော့ ရှိပါတယ်။ ဒါပေမဲ့ လုပ်ဖြစ် မလုပ်ဖြစ် မသေချာဘူးဆိုရင် 'I'm thinking of…" ဆိုတဲ့ phrase နဲ့ တွဲပြီးပြောရတယ်။
  • I'm thinking of going to the theatre next week. (သွားမလားလို့)
  • I'm thinking of giving it up altogether. (လက်လျှော့လိုက်မလားလို့)
  • I'm thinking of writing a play. (ရေးမလားလို့)

ဒါမှမဟုတ်ရင် "I might…" သို့မဟုတ် " I may…" တို့ နဲ့လည်းပြောကြတယ်။
  • I might do that or I might go to Ireland.
  • I might stay there a day or two.
  • I may come back to Britain, I'm not sure.

နောက်တစ်ခုကတော့ နည်းနည်းပညာသား ပါပါတယ်။ သင်ပြောမယ့် ကိစ္စကို ကြားတဲ့ သူက အံ့အားသင့်သွားမယ် ဒါမှမဟုတ် အဲ့ဒီကိစ္စကို သဘောတူမှာ မဟုတ်လောက်ဖူးဆိုရင် " I thought I might…" (လုပ်ရင်ကောင်းမလားလို့……….) နဲ့တွဲပြီးပြောရတယ်။ တိုးသာဆုတ်သာရှိအောင်ပြောတာ ဖြစ်ပါတယ်။
  • I thought I might buy a house next year.
  • I thought I might get him over to the dinner one evening.

ကိစ္စတစ်ခုကို လုပ်ဖို့မရှိဘူး၊ မလုပ်ဖြစ်တာကလည်း သိပ်တော့ မသေချာသေးဘူးတဲ့ vague negative ကို " I might not…" ဆိုတဲ့ phrase နဲ့ တွဲပြောရပါတယ်။
  • I might not go. (မသွားဖြစ်ဖို့များတယ်)

လုံးဝခိုင်မာတဲ့ ရည်ရွယ်ချက်များ

လုံးဝလုပ်ဖို့ သေချာပါတယ်၊ လုပ်ဖို့ စီစဉ်ပြီးသားလည်း ဖြစ်တယ်၊ တစ်စုံတစ်ယောက်ကို လုပ်လိမ့်မယ်ဆိုတာ အာမခံတဲ့အခါ "I'll…" (I will…) နဲ့ ပြောရပါတယ်။
  • I'll buy one as soon as I can.
  • I'll do it this afternoon and ring you back.
  • I'll explain its function in a minute.

လုံးဝမလုပ်မှာ သေခြာတယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုဖေါ်ပြရင် "I won't…" နဲ့ ပြောရုံပါဘဲ။
  • I won't go.
  • I won't give you any trouble.
  • I won't let my family suffer.

ယဉ်ကျေးတဲ့ formal ပုံစံနဲ့ ရည်ရွယ်ချက်ကိုဖေါ်ပြပုံ


မိမိရဲ့ ရည်ရွယ်ချက်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ခန့်ညားတဲ့ ပုံစံနဲ့ ဖော်ပြညွှန်းဆိုတဲ့အခါ " I intend to …" ဆိုတဲ့ phrase ကိုသုံးပါတယ်။
  • I intend to carry on with it. (ဆက်လုပ်မယ်)
  • I intend to go into this in rather more detail this term. (အသေးစိပ် ဆက်လုပ်မယ်)
  • I intend to be conciliatory. (ပြေငြိမ်းလိုသည်)

I intend ...” ဆိုတဲ့ phrase ကို “Verb -ing” နဲ့ လိုက်ရတဲ့ ပုံစံနဲ့လည်း မကြာခဏ သုံးလေ့ရှိပါတယ်။
  • I intend retiring to France. (ပြင်သစ်မှာဘဲ အခြေချတော့မယ်)

ပိုမိုခိုင်မြဲတဲ့ ရည်ရွယ်ချက်ကို အထူးပြုပြီး ပြောချင်တဲ့အခါမှာ " I have every intention of …" ဆိုတဲ့ phrase ကိုသုံးပြီးပြောကြပါတယ်။
  • I have every intention of buying it. (ဝယ်ကိုဝယ်မှာ)

ပိုပြီး တည်တံ့ခန့်ညား formal ပုံစံကျတဲ့ အသုံးအနှုန်းတွေကတော့ " My intention is to …" ၊ "It's my intention to…" စတာတွေနဲ့ ပြောရတာတွေဘဲ ဖြစ်ပါတယ်။
  • My intention is to provide a reconstruction of this largely discredited ideology.
  • It is still my intention to resign if they willfully fail to print the story.

ယဉ်ယဉ်ကျေးကျေးနဲ့ formal ပုံစံနဲ့ ကိုယ်မလုပ်ချင်တဲ့ ဆန္ဒကို ပြောချင်ရင် " I don't intend to…" ဆိုတဲ့ phrase နဲ့ ပြောရပါတယ်။
  • I don't intend to investigate that at this time. (လုပ်ဖို့စိတ်ကူးမရှိဘူး)
  • I don't intend to stay too long. (အကြာကြီးနေဖို့စိတ်ကူးမရှိဘူး)

မလုပ်ချင်တဲ့ ဆန္ဒကိုပိုပြီးအထူးပြု ပြောချင်ရင် " I have no intention of…" နဲ့ ပြောရပါတယ်။
လုံးဝလုပ်ဖို့ ဆန္ဒမရှိတော့ဘူးပေါ့။
  • I have no intention of making a run for it.
  • I have no intention of retiring.
  • I've no intention of marrying again.

မရည်ရွယ်တဲ့ ရည်ရွယ်ချက်တွေ

တစ်ခါတစ်လေ မရည်ရွယ်ထားတာတွေ ဖြစ်တတ်၊ လုပ်မိတတ်တာတွေ ရှိပါတယ်။ ဥပမာ ပိုက်ဆံရေတွက်နေတုန်း တစ်ယောက်ယောက်က ဘေးကနေ စကားလာလာ ဖြတ်ပြောနေလို့ အာရုံပျက်ပြီး ပိုက်ဆံမှားရေမိတာမျိုးပေါ့။ အဲ့ဒီလို မရည်ရွယ်ထားတဲ့ ရည်ရွယ်ချက် involuntary intentions တွေကို ပြောတဲ့အခါမှာတော့  be going to…might ၊  may နှင့် will စတာတွေနဲ့ ပြောရပါတယ်။
  • If you keep chattering I'm going to make a mistake. (မှားတော့မှာဘဲ)
  • I might not be able to find it. (ရှာမတွေ့နိုင်လောက်ဖူး)
  • I may have to stay there awhile. (ခဏလောက်တော့ နေရလောက်တယ်)
  • If I don't have lunch, I'll faint. (မစားရရင် မေ့လဲတော့မယ်)

ကဲ …..ဒီလောက်ဆို တော်တော် စုံသွားပြီထင်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ့်ရဲ့ ရည်ရွယ်ချက်တွေကို ဖေါ်ထုတ်ရင် ဘယ်အခြေအနေမျိုးမှာ ဘယ်လိုပြောရမလဲဆိုတာ သဘောပေါက်မှာ ပေါ့နော်။

Collins COBUILD English Usage 1999 စာအုပ်မှ ကိုးကာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

No comments:

Post a Comment