Wednesday, March 11, 2015

တရုတ်သံရုံးရှေ့ ဆန္ဒပြလို့ အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်လိုက်ပြီ


 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဆန္ဒပြရင်း သေနတ်နဲ့ပစ်ခံခဲ့ရလို့ သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းအတွက် တရားမျှတရေးရဖို့ ရန်ကုန်က တရုတ်သံရုံးရှေ့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကိုနေမျိုးဇင်၊ နော်အုန်းလှအပါအဝင် လှုပ်ရှားတက်ကြွသူ ၆ယောက်ကို မတ်လ ၁ဝရက်နေ့က ပုဒ်မ ၅ဝ၅()၊ ၁၄၇၊ ၃၄၃တို့နဲ့ ဒဂုံတရားရုံးက စွဲချက်တင်လိုက်ပါတယ်။
ခါးဆစ်ဒဏ်ရာရနေတဲ့အကြောင်း ဆေးစစ်ချက်ထွက်လာပေမယ့် အာဏာပိုင်တွေက ဆေးရုံတက်ကုသခွင့်ပိတ်ပင်ထားတယ်လို့ တရားခွင်ကိုရောက်လာတဲ့ ကိုနေမျိုးဇင်က ပြောပါတယ်။ စွဲချက်တင်လို့မရတဲ့ကိစ္စတွေကို စွဲချက်တင်ပြီး ထောင်ချဖို့တမင်သက်သက် ကြိုးစားနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။ လက်ရှိအုပ်ချုပ်နေသူတွေကိုသာ မဲပေးရင်တော့ တိုင်းပြည်ဟာ စစ်ကျွန်သက်ရှည်နေမယ်လို့ သူကဆိုပါတယ်။
စွဲချက်တင်ထားတဲ့ ပုဒ်မ ၃ခုအတွက် လိုပြသက်သေတွေကို ထပ်မံစစ်ဆေးဖို့ လာမယ့် မတ်လ ၁၈ရက်နေ့ကို ရုံးချိန်းပေးခဲ့ပါတယ်။ ရွေးကောက်ပွဲနီးလာချိန် လှုပ်ရှားတက်ကြွသူတွေကို အကြောင်းမဲ့ဖမ်းဆီးထောင်ချနေတာဟာ တရားမျှတတဲ့ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတဲ့ အစိုးရပြောဆိုချက်ကို ပြက်ရယ်ပြုနေတယ်လို့ သူကပြောပါတယ်။ တရားဥပဒေစိုးမိုးရေး တကယ်လုပ်ချင်တယ်ဆိုရင် နှစ်လကျော်ကြာ အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့ကိစ္စ ပြန်စဉ်းစားပေးပါလို့ ဆိုပါတယ်။
အင်းစိန်ထောင်က အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ သူတို့အပေါ် ရိုင်းစိုင်းဆဲဆိုပြီး ဆက်ဆံသလို နှိပ်ကွပ်မှုတွေလုပ်တာက လွန်လွန်ကဲကဲပါလို့ ပြောလာသူက မစန်းစန်းဝင်းပါ။ သူတို့တွေကို လူသတ်တရားခံလို သဘောထားပြီး အကျဉ်းတိုက်ကို ၃နာရီမှာပိတ်တာကိုလည်း လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

No comments:

Post a Comment