Sunday, March 22, 2015

By the way နှင့် As a matter of fact အားမှန်ကန်စွာသုံးစွဲနည်း


 


စကားပြောနေတုန်း စကားလမ်းကြောင်းပြောင်းချင်တဲ့အခါ 'by the way' သို့မဟုတ် 'as a matter of fact' ကို စိတ်ကြိုက်လှည့်သုံးလို့ ရတယ်လို့ အများသိနေကြတာနဲနဲလွဲနေပါတယ်။ ၎င်းတို့ရဲ့ အသုံးပြုပုံကို ရှင်းလင်းချက်ကိုဤ သင်ခန်းစာမှာ လေ့လာကြည့်နိုင်ပါတယ်။

By the way

သူ့ရဲ့ အစောဆုံး အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ သူနဲ့ ထပ်တူကျတဲ့ 'along the way' ဆိုတဲ့ စကားဥပမာအတိုင်း ခရီးစဉ်တစ်ခုမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဥပမာ "I lost my money by the way." (လမ်းမှာ ငွေကျပျောက်သည်။)

ဒါပေမဲ့ စကားပြောမှာ 'by the way' ကို သုံးတဲ့အခါ ဥပမာ အလင်္ကာမြောက်တယ်။ လူတစ်ယောက်က တစ်စုံတစ်ခု ပြောနေတုန်း အခြားတစ်ခုကို ခေါင်းထဲမှာ စဉ်းစားနေတယ်ပေါ့။

We went to Nay Pyi Daw theatre over the weekend to see Titanic. By the way, while we were there, we bumped into John and his new girlfriend.


ဒီစာကြောင်းကို လေ့လာကြည့်ရင် 'by the way' က အကြောင်းအရာ အသစ်တစ်ခုကို ထပ်တိုးမိတ်ဆက်ပေးတယ်။ ဒါပေမဲ့ စကားလမ်းကြောင်းပြောင်းဖို့ တမင် ရည်ရွယ်တာ မဟုတ်ဘဲ ပြောလက်စ စကားပေါ်မှာဘဲ နောက်ထပ်ပြောစရာ အကြောင်းထပ်တိုးတာဘဲ ဖြစ်တယ်။

As a matter of fact

ဒီအဆိုရဲ့ အနက်ကတော့ 'actually, really, in fact' စသည်တို့ရဲ့ 'တစ်ကယ်တော့' ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဆင်တူပါတယ်။ သူ့ရဲ့ အသုံးကတော့ နားလည်မှုလွဲမှားတာ၊ အထင်လွဲတာတွေကို ချေပပြောဆိုဖို့ အားထုတ်တဲ့ အခါတွေမှာ တွေ့ရပါတယ်။

ဥပမာ။
Most people believe that the actress Judy Holliday who acted the part of a dumb blonde in Born Yesterday, was really of low intelligence. As a matter of fact, she had an IQ of 172.

As a matter of fact ရဲ့ ဒီထက်ပိုပြီးတော့ ပျော့ပြောင်းတဲ့ အသုံးကတော့ 'in fact' တို့ 'actually' တို့လို ရိုးရိုးအဓိပ္ပါယ်ကို ဖော်ဆောင်ပြီး အထင်လွဲခြင်း၊ နားလည်မှုလွဲခြင်းကို ဖြေရှင်းရန် သုံးခြင်းမဟုတ်ပါ။ တစ်စုံတစ်ခုကို လေးနက်စေဖို့ ထောက်ခံပြောတဲ့အခါ သုံးရုံသက်သက်ပါဘဲ။ အောက်မှာ ဥပမာလေးတွေ တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။
  • I asked my sister if she drank diet soda. She told me that she did. As a matter of fact, she was getting ready to crack one open that moment.
  • At 12 years old, I wasn’t a fat kid. As a matter of fact, I was pretty skinny.
  • The weight isn’t going to instantly fly off in the first week. As a matter of fact, I gained weight before I started losing.
  • I am doing so well in my health. As a matter of fact I have dodged several colds that my husband has come down with.
  • Yes, you have to deal with co-workers. As a matter of fact, you have to interact with them daily.

စကားပြောနေတုန်း ပြောလက်စ အကြောင်းအရာကို စကားလမ်းကြောင်းပြောင်းခြင်းလို့ တစ်ခါတစ်လေ 'by the way' တို့ 'As a matter of fact' တို့ကို သင်သုံးကောင်း သုံးမိပေမဲ့ သူတို့ရဲ့ အဓိက အသုံးကတော့ အဲဒါအတွက် မဟုတ်ဘူးဆိုတာ နိဂုံးအနေနဲ့ ပြောပါရစေ။
Dailywritingtips.com မှ Maeve Maddox ၏ By the way Vs. As a matter of fact ကို ကိုးကား ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။ 

No comments:

Post a Comment