Friday, March 20, 2015

Type Of Sentences ( စာကြောင်းတစ်ကြောင်းရဲ့ပုံစံ ) အပိုင်း ( 1 )


 
 
1. ရိုးရိုးအပြောဝါကျ
*******************
ရိုးရိုးအပြောဝါကျ ဆိုတာ ကျွန်တော် တို့ နေ့ စဉ်သုံးနေတဲ့ အင်္ဂလိပ်စကားသံတွေထဲက တစ်ခုပါ .။ Statement လို့ ခေါ်ပါတယ် .။
(ဥပမာ - စာကြောင်းတစ်ကြောင်းပေါ့ ရိုးရိုးစာကြောင်းတစ်ကြောင်းပဲဖြစ်ရမယ် ) question စာကြောင်းဖြစ်လို့ မရဘူး .။ ဆုတောင်းတဲ့စာကြောင်းဖြစ်လို့ မရဘူး .။ အာမေဋိတ်စာကြောင်းဖြစ်လို့ မရဘူး .။ အဲ့တာကို ဆိုလိုတာပါ .။ နမူနာ ရေးပြရမယ်ဆိုရင်

I have been working as a study person of english over the 10 years , since 2005 ။
ကျွန်တော်ဟာ အင်္ဂလိပ်စာကိုလေ့လာသူအဖြစ်နေလာခဲ့တာ 10 နှစ်ကျော်ပါပီ .။ 2005 ခုနှစ်ထဲက စခဲ့တာပါ .။
ဒါမျိုးကို ရိုးရိုး statement စာကြောင်းလို့ ခေါ်ပါတယ် .။
( for example ) He is a good president.
I'm arrived.
Everything is ok.
I am single.
Spending Today complaining about yesterday Won't make tomorrow any Better.
I can but just a little. My English is an elementary by now.
ဒီစာကြောင်းလေးတွေဟာ ကျွန်တော် တို့  နေစဉ် ပြောဆိုနေတဲ့  ရိုးရိုး statement စာကြောင်းလေးတွေဖြစ်ပါတယ် .။
sentences ကို သေချာလေ့လာ ကြမယ်ဆိုရင် များများစားစားတွေ့ ရမှာ မဟုတ်ပါဘူး .။ 5မျိုးပဲ ရှိပါတယ် .။ ဒါကြောင့် ဟို တစ်နေ့ က ကျွန်တော့် ကို အစ်ကို တစ်ယောက် မေးပါတယ် အင်္ဂလိပ်စကားပြောတတ်ဖို့  ကို အရေးကြီးဆုံး ဆောင်ရွက် နိုင် ဖို့ က ဘာလဲ ဆိုပီးမေးပါတယ် .။ နံပါတ် 1 ( ဝေါဟာရ ) ကို နေ့ စဉ်လေ့လာနေရပါမယ် .။ ဝေါဟာရ ကြွယ်ဖို့ က အလွန်အရေးကြီးပါတယ် .။ နံပါတ် 2 အခု ကျွန်တော် ချပေးတဲ့ type of sentences က ဒုတိယ အရေးကြီးပါတယ် .။ ဝေါဟာရ ကြွယ် ပီးးး ဘယ်လိုစကားကို ဘယ်လိုပြောဆိုရမယ် ဆိုတာ ကို ဒီ ပုံစံ 5 မျိုးက ပြောပြပေးပါလိမ့်မယ် .။ အခု တစ်ခေါက်တော့ statement ဆိုတဲ့ ရိုးရိုးစာကြောင်းတစ်ခု အကြောင်းကို ရှင်းပြထားပေးပါတယ် .။ 5 မျိုးရှိတဲ့ထဲမှာ 4 မျိုးကျန်သေးပါတယ် .။
1. ရိုးရိုးအဆိုဝါကျ
2. အမေးဝါကျ
3. အခိုင်းဝါကျ
4. ဆန္နပြု ဆုတောင်းဝါကျ
5. အာမေဋိတ်ဝါကျ

မိတ်ဆွေများကိုယ်တိုင် ဆန်းစစ်ကြည့်ကြည့်ပါ .။ မိတ်ဆွေတို့ နေစဉ်သုံးနေတဲ့ အင်္ဂလိပ်စကားတိုင်းဟာ ဒီ 5 မျိုးထဲက ပြေးမလွတ်ပါဘူး .။ ဒါကြောင့် အင်္ဂလိပ် စကားပြောတတ်ဖို့ အတွက် ဒီ 5 ခုဟာ အင်မတန် အရေးပါလှပါတယ် .။
ဆက်လက်ဖော်ပြပါမယ် .။

No comments:

Post a Comment