Wednesday, March 11, 2015

အကြိတ်အနယ်ကစားရမယ့် ယနေ့ည ချန်ပီယံလိဂ်ပွဲများ


၁၂ မတ်၊ ကြာသပတေး
နံနက် ၂း၁၅ နာရီ
ယနေ့ ညဥ့်နက်ပိုင်း (ကြာသပတေးနံနက်အစောပိုင်း)မှာ တစ်ပြိုင်တည်းကစားမယ့် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်နှစ်ခုကတော့ ပထမအကျော့မှာ သရေပွဲတွေ ဖြစ်ခဲ့တာကြောင့် ရင်ခုန်စွာစောင့်ရမယ့် ပွဲတွေ ဖြစ်ပါ တယ်။
ချယ်လ်ဆီး-ပီအက်စ်ဂျီ (ပကျော့ရလဒ် ၁-၁)
ချယ်လ်ဆီး အိမ်ကွင်းမာကျောတဲ့အသင်းဖြစ်ပြီး နည်းပြ မော်ရင်ဟိုအနေနဲ့ ခံစစ်ကို အားပြုနိုင်တယ်။ ဒါပေမဲ့ပီအက်စ်ဂျီ ဒီဒုတိယအကျော့မှာ ပါးနပ်စွာ ကစားပြီး အဝေးဂိုးရယူသွားရင်တော့ အဆင်ပြေမှာပါ။ ခြေရည်တူဖြစ်ဖို့များပြီး အချိန်ပိုထိ ဆက်နိုင်ပါတယ်။ ပီအက်စ်ဂျီ အနည်းငယ်သာ ပါတယ်။
ဘိုင်ယန်မြူးနစ်-ရှက်တာဒိုးနက်စ်  (ပကျော့ရလဒ် ၀-၀)
ဘိုင်ယန်တို့ အိမ်ကွင်းခြေ စွမ်းမာကျောမှုအရှိဆုံးအသင်း ဖြစ်နေပါတယ်။ အိမ်ကွင်းနောက်ဆုံး (၁၇) ပွဲကစားမှုမှာ (၁၆) ပွဲနိုင် ထားတဲ့အသင်းဖြစ်တယ်။ တိုက်စစ်အ ကောင်းဆုံး ချန်ပီယံလိဂ်အသင်းအနေနဲ့ ဘိုင်ယန် နှစ်ဂိုး လောက်ရသွားနိုင်ပါတယ်။ သရေဖြစ်ဖို့ မရှိပါ။

No comments:

Post a Comment