Sunday, March 22, 2015

တစ်စုံတစ်ခုကို အကြံပြုသည့်အခါ ပြောဆိုနိုင်သော အသုံးအနှုန်းများ



How about ………….? / What about ………… (……………...ရင် ဘယ်လိုလဲ?)

တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး အကြံပြုတဲ့အခါ အသုံးပြုပါတယ်။ ရင်းနှီးတဲ့ပုံစံ (သို့) အရပ်သုံးပုံစံဖြစ်ပါတယ်။
ဥပမာ -
  • How about / What about going out to dinner tonight? (ဒီည ညစာကို အပြင်ထွက်စားရင် ဘယ်လိုလဲ?)

What if I …………….? (ကျွန်မအနေနဲ့ ………………… ရင် ဘယ်လိုလဲ?)
သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို အကူအညီပေးဖို့ တစ်ခုခု လုပ်ပေးနိုင်တယ်ဆိုတာကို အကြံပြုတဲ့အခါ သုံးပါတယ်။ ဒါဟာလည်း ရင်းနှီးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
ဥပမာ -
  • What if I baby sat for you tonight? Then you could both go to the party. (ရှင်တို့အတွက် ဒီည ကျွန်မ ကလေးထိန်းပေးရင် ဘယ်လိုလဲ? ဒါဆိုရင် နှစ်ယောက်စလုံး ပါတီကို သွားနိုင်တာပေါ့။)

Let’s …………….. . (…………..ကြရအောင်)
မိမိနှင့်အတူ ရှိနေတဲ့သူတွေကို အတူတူလုပ်နိုင်တဲ့အရာတစ်ခုခုနဲ့ပတ်သက်လို့ အကြံပြုတဲ့အခါ အသုံးပြုပါတယ်။ ရင်းနှီးတဲ့အသုံးအနှုန်းဖြစ်ပါတယ်။
ဥပမာ -
  • I know, let’s go swimming. (သိပြီ။ ရေသွားကူးကြရအောင်။)
Why don’t I/you/we/they …………..? (ဘာကြောင့် …………………မလုပ်ကြည့်တာလဲ?)
အခြားသူတွေ မစဉ်းစားမိတဲ့ စိတ်ကူးအသစ်ကို တင်ပြချင်တဲ့အခါ အသုံးပြုတဲ့ အကြံပေးနည်းဖြစ်ပါတယ်။
ဥပမာ -
  • Why don’t you try phoning their office number instead? (အဲဒီအစား ခင်ဗျား ဘာကြောင့် သူတို့ရဲ့ ရုံးဖုန်းကို ဆက်မကြည့်တာလဲ?)

What would you say to …………..?/ What do you say I/we ……(……… ဆိုရင် ဘာပြောမလဲ?)
တစ်စုံတစ်ယောက်က သင်ပေးတဲ့အကြံပြုချက်ကို လက်ခံ/မခံ သိလိုတဲ့အခါ မေးတဲ့မေးခွန်းဖြစ်ပါတယ်။
ဥပမာ -
  • What would you say to a weekend by the seaside? (စနေ၊ တနင်္ဂနွေ ပင်လယ်ကမ်းခြေ သွားကြမယ်ဆိုရင် ခင်ဗျားဘာပြောမလဲ?)
  • What do you say we have dinner at that restaurant by the beach? (ပင်လယ်ကမ်းခြေနံဘေးမှာရှိတဲ့ စားသောက်ဆိုင်မှာ ညစာ သွားစားကြမယ်ဆိုရင် ခင်ဗျားဘာပြောမလဲ?)

Perhaps we/you/they could ………? (…………….ရင် ဖြစ်မယ်လားလို့?)

သင်ပေးတဲ့အကြံပြုချက်ဟာ ကောင်းမကောင်း မသေချာတဲ့အခါမှာ အသုံးပြုတဲ့နည်းဖြစ်ပါတယ်။
ဥပမာ -
  • Perhaps we could ask Jerry’s father if he has a tent he could lend us? (Jerry ရဲ့ အဖေကို သူ့မှာ ကျွန်တော်တို့ကို ငှားနိုင်မယ့် ရွက်ဖျင်တဲရှိသလားလို့ မေးရင် ဖြစ်မလားလို့?)

We/You could always …………...........(အချိန်မရွေး…………နိုင်ကြတာပဲ)
အခြားဖြစ်နိုင်ချေအများစုကို စဉ်းစားပြီးတဲ့အခါ တစ်ခုခုကို အကြံပြုလိုတဲ့အခါ အသုံးပြုတဲ့နည်းဖြစ်ပါတယ်။
ဥပမာ -
  • I suppose we could always go to the cinema instead. (အဲဒီအစား အချိန်မရွေး ရုပ်ရှင်ရုံကို သွားနိုင်ကြတာပဲ။)
May/Can I suggest ………… (……………အကြံပြုပါရစေလား?)
တစ်စုံတစ်ခုကို အကြံပြုရာ၌ ယဉ်ကျေးသောအခန့် (formal) သုံးနည်းဖြစ်ပါတယ်။
ဥပမာ -
  • May I suggest that we postpone discussing this until the next meeting? (ဒီဆွေးနွေးမှုကို နောက်အစည်းအဝေးထိ ရွှေ့ဆိုင်းဖို့ အကြံပြုပါရစေလား?)

May/Can/Could I make a suggestion? (ကျွန်တော် တစ်ခုလောက် အကြံပေးလို့ ရနိုင်ပါသလား?)
အခြားသောသူတွေက ဘာလုပ်ရမလဲဆိုတာကို ဆွေးနွေးနေတုန်း ကြားဖြတ်ပြီး အကြံပြုတဲ့အခါ အသုံးပြုပါ တယ်။
ဥပမာ -
  • Could I make a suggestion? Why don’t we put all the guests on the first floor and then everybody will be happy? (ကျွန်တော် တစ်ခုလောက် အကြံပေးလို့ ရနိုင်ပါသလား? ဧည့်သည်အားလုံးကို ပထမထပ်မှာ ထားလိုက်ပါလား။ ဒါဆိုရင် လူတိုင်းစိတ်ချမ်းသာပါလိမ့်မယ်။)

I suggest ………………….. (………….. ဖို့ အကြံပေးလိုက်မယ်)
စိတ်တိုတဲ့ပုံစံနှင့် အကြံပေးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် သင်အကြံပေးတဲ့သူက မိုက်မဲတဲ့အရာ (သို့) အမှား တစ်ခုခုကို လုပ်ထားတယ်လို့ ထင်တဲ့အခါမျိုးမှာ အသုံးပြုတာ ဖြစ်ပါတယ်။
ဥပမာ -
  • In future, I suggest you ask your father’s permission before you borrow his car. (နောက်ဆိုရင် မင်းအဖေရဲ့ကားကို မငှားခင် သူ့ရဲ့ခွင့်ပြုချက်ကို တောင်းဖို့ အကြံပေးလိုက်မယ်။)

Macmillandictionaryblog.com မှ Ways of suggesting something ကို ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။

No comments:

Post a Comment