Sunday, March 1, 2015

မလေးရှား ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ပြစ်ဒဏ်ကုန်သော်လည်း ခရီးစရိတ်မရှိ၍ ပြန်မလာနိုင်သူ ၁၀၀ကျော်ရှိ


မလေးရှားနိုင်ငံ ဘူဂစ်​ဂျာလီထိန်းသိမ်းစခန်းတွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာအပါအ၀င်
 ပြည်ပနိုင်ငံသားများကို တွေ့ရစဉ်/ဓာတ်ပုံ − မျိုးညွန့်
မ​လေးရှားနိုင်​ငံသို့ တရားမဝင်​ သွား​ရောက်​မူ​ကြောင့်​ ပြစ်​ဒဏ်​ကျခံရပြီးနောက် မြန်​မာနိုင်ငံသို့ ပြန်​လာရန်​ ခရီးစရိတ်​မရှိ၍ မပြန်နိုင်ဖြစ်နေသော  မြန်​မာလုပ်​သား ၁၀၀​ကျော်​သည်​ မ​လေးရှားနိုင်​ငံ ဘူဂစ်​ဂျာလီ ထိန်းသိမ်း​ရေးစခန်းတွင်​ ​သောင်​တင်​​နေ​ကြောင်း သတင်းရရှိသည်​။
 မ​လေးရှားနိုင်​ငံ၌ ပြစ်​ဒဏ်​ကျခံပြီး ပြန်စရာလမ်းစရိတ်မရှိ၍ ဘူဂစ်​ဂျာလီကမ့်​တွင်​ ​သောင်​တင်​​နေ​သော မြန်​မာလုပ်​သားတစ်​ဦးသည်​ ပြန်​ရန်​အတွက်​ လမ်းစရိတ်​ကူညီ​ပေးရန်​ ဖေဖော်ဝါရီ ၂၂ ရက်က ဖုန်းဆက်​အ​ကြောင်းကြားလာ​ကြောင်း မ​လေးရှားနိုင်​ငံ ကွာလာလမ်​ပူမြို့တွင်​​နေထိုင်​​သော ကိုမျိုးညွန့်က​ပြောသည်​။
ဘူဂစ်​ဂျာလီကမ့်​တွင်​ ထိန်းသိမ်းခံရ​သော မြန်​မာလုပ်​သားများ ၆၀၀​ကျော်​ရှိပြီး ၁၀၀​ကျော်​သည်​ ပြစ်​ဒဏ်​မှ လွတ်​​မြောက်​ပြီး​သော်​လည်း ပြန်​ရန်​လမ်းစရိတ်​မရှိ​သော​ကြောင့်​ ​သောင်​တင်​​နေ​ကြောင်း အကူအညီ​တောင်းခံသူက​ ပြောကြားသည်​ဟု ကိုမျိုးညွန့်​က ​ပြောသည်​။
‘‘သူက ကမ့်​ထဲမှာ​ရောက်​​နေတာ ၈လရှိပြီလို့​ပြောတယ်​။ သူ့မိသားစု​တွေလည်း ဆက်​သွယ်​ဖို့ မမှတ်​မိ​တော့လို့ ပြန်​ရဖို့မလွယ်​ဘူး​ပြောတယ်​။ ပြန်​ရင်​လည်း မလေး​ငွေ ၆၅၀ (ရင်းဂစ်) သွင်းရတယ်။ ၁၀၀​ လောက်​က ပြန်​ဖို့ရာရှိနေတယ်။ ​နောက်​ပြီး အဲဒီ ၆၀၀ထဲမှာလည်း ရူး​နေတဲ့မြန်​မာ​တွေလည်း ရှိတယ်​​ပြောတယ်​။ ကျွန်​​တော်​ကလည်း အဲ​ဒီလောက်​ကြီးကျတော့ မတတ်​နိုင်​ဘူးဖြစ်​​နေတယ်​’’ ဟုမ​လေးရှားရောက်​မြန်​မာများအား ကူညီ​ပေး​နေ​သော ကိုမျိုးညွန့်​က​ပြောသည်​။
ပြန်​ရန်​အခက်​ခဲဖြစ်​​နေ​သော မြန်​မာလုပ်​သား ၁၀၀​ကျော်​အား ဝိုင်းဝန်းကူညီ​ပေး​စေလို​ကြောင်း ကိုမျိုးညွန့်​ကပြောသည်​။
‘‘ကျွန်​​တော်​​ပြောတာ မယုံဘူးဆိုရင်​ အလှူရှင်​​တွေအ​နေနဲ့ လာပြီးစုံစမ်း​စေချင်​ပါတယ်’’ဟု  ကိုမျိုးညွန့်​က ဆိုသည်​။ မ​လေးရှားနိုင်​ငံတွင် အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ပြစ်​ဒဏ်​ကျခံပြီး မြန်​မာနိုင်ငံ​သို့ ပြန်​လိုပါက နိုင်​ငံသားဖြစ်​​ကြောင်းလက်မှတ်​(CI)ထုတ်​ယူရန်​နှင့်​ ​လေယာဉ်​လက်​မှတ်​အတွက်​ ရင်းဂစ်​ ၆၅၀ ​ပေးသွင်းရ​ကြောင်း သတင်းရရှိသည်​။ မ​လေးရှားနိုင်​ငံတွင်​ ​​ထောင်​ကျခံရပြီး နိုင်​ငံခြားများအား ထိန်းသိမ်းထား​သော ကမ့်​ ၁၁ခု ရှိ​ကြောင်း သတင်းရရှိသည်

No comments:

Post a Comment