Monday, March 2, 2015

တစ်နေ့လျှင် တီဗီနှစ်နာရီကြည့်သော ကလေးငယ်များ သွေးတိုးအန္တရာယ် မြင့်မား


ရုပ်မြင်သံကြား၊ ကွန်ပျူတာ (သို့မဟုတ်) ဗီဒီယိုများ တစ်နေ့လျှင် နှစ်နာရီကျော်ကြည့်သော ကလေးငယ်များသည် သွေးတိုးရောဂါဖြစ် နိုင်သည့် အန္တရာယ် ၃၀ ရာခိုင်နှုန်း ပိုမြင့်မားသဖြင့် မိဘများအနေဖြင့် ၎င်းတို့၏သားသမီးများကို သတိထားစောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း (သို့မဟုတ်) ကိုယ်လက် လှုပ်ရှားမှု တစ်နေ့လျှင် တစ်နာရီလျော့နည်းသော ကလေးငယ်များ သည် သွေးတိုးရောဂါဖြစ်နိုင်သည့်
အန္တရာယ် ၅၀ ရာခိုင်နှုန်း ပိုမြင့် မားသည်ဟု ဘရာဇီးနိုင်ငံရှိ ဆော်ပေါ်လို တက္ကသိုလ်မှ
 သုတေသီ များက ပြောသည်။
ယင်းလေ့လာမှုက သွေးတိုးရောဂါဖြစ်ပွားမှု အရေအတွက် ကိုယ်လက်လှုပ်ရှားမှုနှင့်
ကိုယ်လက်လှုပ်ရှားမှု နည်းပါးသော အပြု အမူများနှင့် ဥရောပကလေးငယ်များ
 သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်များကြား ဆက်နွှယ်မှုကို ဖော်ပြထားခြင်း ဖြစ်သည်ဟု ဆော်ပေါ်လိုတက္ကသိုလ်မှ သုတေသီခေါင်းဆောင်အော်ဂတ်စတိုဆီ ဇာဒီမိုရေးစ်က ပြောသည်။
သုတေသီများက စပိန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ ဆိုက်ပရပ်စ်၊ အက်စတိုးနီးယား၊
 ဆွီဒင်နှင့် ဘယ်လ်ဂျီယမ်စသော ဥရောပ ရှစ်နိုင်ငံမှ အသက် (၂)နှစ်နှင့် (၁၀) နှစ်ကြား
ကလေးငယ် ၅,၂၂၁ ဦးကို ၂ နှစ်ကျော် လေ့လာခဲ့ခြင်း ဖြစ်သည်။
ယင်းကလေးငယ်များကို လေ့လာခဲ့သည့် ၂ နှစ်တာ ကာလ အတွင်း သွေးတိုးခြင်းမှာ
 လူ ၁,၀၀၀ လျှင် ၁၁၀ ဦးဖြစ်ပွားကြောင်း လေ့လာမှုက ဖော်ပြသည်။ ယင်းအရေအတွက်မှာ စိုးရိမ်စရာ ကောင်းပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးသော အပြုအမူများမှာ ကလေးဘ၀တွင်
 တွေ့ရများပြီး ကလေးဘ၀ နှောင်းပိုင်းတွင်လည်း တွေ့ရကြောင်း သုတေသီများက ပြောသည်။
တစ်နေ့လျှင် ကိုယ်လက်လှုပ်ရှားမှုတစ်နာရီ မလုပ်သော ကလေးငယ်များသည်
 သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ် ၅၀ ရာခိုင်နှုန်းပိုများကြောင်း သုတေသီများ
 လေ့လာတွေ့ရှိခဲ့သည်။
ကိုယ်လက်လှုပ်ရှားမှု လုပ်လျှင်သွေးကြောများကို ကျယ်ပြန့် စေသည်ဆိုသော သိပ္ပံပညာဆိုင်ရာ အထောက်အထားများရှိ ကြောင်း၊ သွေးကြောများ ကျယ်ပြန့်လာပါက နှလုံး၏အောက်ဆီဂျင် ထုတ်လုပ်မှုအားကောင်းလာပြီး နှလုံးသွေးကြောများ ဖိအားလျော့ ကျသွားသည်ဟု သုတေသီများက ကောက်ချက်ချထားသည်။
ယခုလေ့လာမှုကို နိုင်ငံတကာ နှလုံးလေ့လာရေး ဂျာနယ်တွင် ဖော်ပြထားသည်။      

No comments:

Post a Comment