Sunday, March 1, 2015

မဘသ၊ ကျောင်းသားနဲ့ NNER တို့ရဲ့ ပညာရေးဥပဒေကြမ်းအမြင် ဘယ်လိုရှင်းလင်းခဲ့လဲ


 
လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူရေးဆွဲထားတဲ့ ပညာရေးဥပဒေကြမ်းအပေါ် ဘကကျောင်းတွေ ဖျက်သိမ်းပစ်ရမယ်၊ လွတ်လပ်ခွင့်သိပ်များသွားရင် မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ဘူးဆိုတဲ့ ကောလဟာလတွေနဲ့ ဝေဖန်မှုတွေထွက်လာချိန်မှာ သပိတ်မှောက်ကျောင်းသားတွေဟာ မဘသဆရာတော် ဦးပါမောက္ခနဲ့ ဖေဖော်ဝါရီ ၂၈က တွေ့ဆုံရှင်းလင်းခဲ့ကြပါတယ်။
ဝေဖန်ထင်မြင်ချက်မျိုးစုံ လူမှုကွန်ရက်မီဒီယာမှာ ပျံ့နှံ့နေတာကြောင့် အခုလို အများပြည်သူတွေ ရှင်းလင်းသွားအောင် ဆွေးနွေးပြောဆိုကြတာဖြစ်ပြီး ကျောင်းသားတွေကလည်း
 ကောလဟာလတွေဖြစ်နေသလို တောင်းဆိုတာ မဟုတ်တဲ့အကြောင်း ဦးပေါမောက္ခက ဆိုပါတယ်။ နိုင်ငံကောင်းစေချင်ရင် ကိုယ်လိုချင်တာမရလို့ ရန်သူလိုမဆက်ဆံစေချင်ဘဲ အားလုံးစုပေါင်းပြီး အဖြေရှာဖို့လိုတယ်လို့ ပြောပါတယ်။
ပညာရေးဥပဒေကြမ်းရဲ့ အပိုဒ် ၁၈၊ ပုဒ်မ ၄ ()၊ ပုဒ်မ ၃၄ စတာတွေအပါအဝင် ဥပဒေကြမ်းပါ အချက်အလက်တွေကို ရှင်းလင်းတဲ့ပွဲကို ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုနန္ဒာစစ်အောင်၊ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊ ကိုအောင်နေပိုင်တို့ ၆ယောက်နဲ့ NNER က ဒေါက်တာညိုညိုသင်း၊ ဒေါက်တာစိုးထွန်း၊ ကိုရဲဝင်း၊ ဒေါက်တာအာကာမိုးသူ၊ ဒေါက်တာသိန်းလွင်တို့ ၅ယောက်တို့ တက်ရောက်ခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေကြား နောက်ကျကျန်ခဲ့တဲ့မြန်မာပြည်ကို ဆွဲထုတ်ဖို့အတွက် ပညာရေးကအဓိကကျတာကြောင့် အခုလိုပြုပြင်ပြောင်းလဲရေးလှုပ်ရှာေးနတာဖြစ်ပြီး နိုင်ငံရှေ့ရောက်ဖို့ တက်လှမ်းရမယ့်ခြေလှမ်းပါလို့ ပြောလာသူက ကိုမင်းသွေးသစ်ပါ။ ဒီဥပဒေကြမ်းကို အတည်ပြုလိုက်ရင် အားလုံးလိုက်နာရမှာမို့ အားလုံးရဲ့အသံတွေ ပါဝင်စေချင်တာကြောင့် အခုလိုဝေဖန်အကြံပြုတာ ကောင်းတယ်လို့ ဆိုပါတယ်။
Facebook လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပြောဆိုနေတဲ့ဂယက်တွေကို အခုလိုဆွေးနွေးကြည့်တဲ့အခါ နည်းဥပဒေရေးဆွဲရေးမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေ မြင်လာရလို့ တန်ဖိုးရှိတယ်လို့ ကိုနန္ဒာစစ်အောင်က ပြောပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကနေ အောင်မြင်တဲ့ သာဓကတွေရှိလာမယ်ဆိုရင် ဒီညှိနှိုင်းမှုကိုယုံကြည်လာပြီး ဆွေးနွေးတဲ့ယဉ်ကျေးမှုကို ပညာရေးကနေစဖို့ ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။
ဘာသာရေးအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ကျောင်းများဆိုတဲ့စကားလုံးကို ညှိနှိုင်းတဲ့အခါမှာ တိုင်းရင်းသား ဘာသာရေးကျောင်းများအဖြစ် ညှိနှိုင်းနိုင်ပေမယ့်လည်း တိုင်းရင်းသားဆိုတဲ့နေရာမှာ ရခိုင်တိုင်းရင်းသားတွေကလည်း စိုးရိမ်စရာရှိနေလို့ ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ရနေတာမို့ ဒီပုဒ်မကို ပျက်သွားစေချင်တယ်လို့ အမျိုးသားရေးဝါဒီ ကိုနောင်တော်လေးက ဆိုပါတယ်။ ပညာရေးဥပဒေကြမ်းကို မကန့်ကွက်ဘဲ မလိုလားတဲ့ပြဿနာတွေပေါ်လာမှာကို တားဆီးသွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment