အရင်က ဒီပိုစ့်ကို ကျွန်တော့် ဘလော့တစ်ခု ဖြစ်တဲ့ www.naytar.blogspot.com
ဝင်ရေးခဲ့တဲ့ ဆိုဒ်တစ်ခုဖြစ်တဲ့ www.sayarchan.blogspot.com တို့ မှာ တင်ခဲ့ဖူးပါတယ် .။
အခု Facebook က အစ်ကို တစ်ယောက်က တောင်းဆိုထားလို့  ပြန်ရေးတာပါ .။
ကဲညီအစ်ကိုများ မန်ဘာဝင်လို့အားပေးကြပါနော် ..။
အောက်မှာ ကြည့်မယ် .။
ဒီ Tool က Vesion 4 . 0 ကနေ 4.4 အထက် ဖုန်းများထိ အသုံးပြုနိုင်ပါတယ် .။
သူက sony xpeia ဖုန်းတော်တော်များများကို root လုပ် နိုင် စွမ်းရှိပါတယ် .။
ကျွန်တာ် စမ်းထားတာကတော့
Xperia Z1 c 6903 v 4.4.4 Xperia Z Ultra C6683 V 4.4.2
Xperia Z2 C 6503 V 4.2.2 သုံးလုံး အောင်မြင်ခဲ့ပါတယ် .။
bootloader unlock လုပ်စရာ မလိုပဲနဲ့ ကို အဆင် ပြေပါတယ် .။
ဒါကို ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ ကွန်ပျူတာ တစ်လုံးလိုပါတယ်.။
ဖုန်းနဲ့ ကိုယ်တိုင် လဲလုပ်လို့ ရတယ်ဆိုပေမယ့်  ဖုန်းဆိုတာ အင်တာနက် အသုံးပြုမှု့လောက်ကိုပဲ
စွမ်းဆောင်နိုင်တာပါ .။ ဒါကြောင့် error တွေရှိလာနိုင်ပါတယ် .။
ဒီလင်ခ့်မှာ download
download ပီးရင် ရလာတဲ့ ဖိုင်ကို ZIP ဖြည်လိုက်ပါ .။ Desktop ပေါ်မှာ ဖြည်ပီး ရင် မိမိသုံးတဲ့ကွန်ပျူတာမှာ အင်တာနက် ရှိနေဖို့ လို အပ်ပါတယ် .။ Bat File ကို Install လုပ်ပီး ခဏစောင့် ပေးပါ .။လိုအပ်တဲ့ root apk ကို
download လုပ်ပါလိမ့်မယ် .။
ဒီအဆင့်ပီးရင် ဖုန်းကို ကွန်ပျူတာ နဲ့  ချိတ်ဆက်ပေးရပါမယ် .။
Unknown source USB Dibugging ကို လည်းဖွင့်ထားနော် .။
computer ကနေ ဖိုင်သွင်းပေးပါလိမ့်မယ် ခဏစောင့်ပါ .။။
Cleaning up ဆိုတဲ့ စာကြောင်းလေးပေါ်လာရင် ချိတ်ဆက်ထားတဲ့ကြိုးကို ပြန်ဖြုတ်လိုက် ပါ .။ root ရပါပီ.။
Super User တော့မဖြစ်ပါဘူး .။ လိုချင်ရင်တော့ version up တစ်ခုခု လိုပါတယ် .။
Xperia ဖုန်းများအတွက် ပိုမိုလွယ်ကူပါတယ် .။ကျေးဇူးတင်ပါတယ် .။

No comments:
Post a Comment